တချို့ဆက်ဆံရေးတွေကရေရှည် ထိန်းသိမ်းထားရမယ်။
Relationship တစ်ခုကဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်စေနိုင်တယ်။ ပိုဆိုးတာဖြစ်နိုင်သလိုပိုကောင်းတာလဲ ဖြစ်နိုင်တယ်။ လူသားအချင်းချင်း ဆက်ဆံရေးရှိသလို၊သမီးရည်းစား လင်မယားဆက်ဆံရေး၊သားသမီး၊ မိဘလဲရှိတယ်။တချို့အတွက် ဘုရားနဲ့၊တချို့အတွက်က တရားနဲ့လဲရှိမယ်။ တချို့ ဆက်ဆံရေးတွေကအဆက်အသွယ်ဖြတ်ပြီးတဲ့အချိန်ဘဝက ပိုကောင်းလာတတ်တယ်။တချို့ရဲ့ ဆက်ဆံရေးတွေကစတင်တွေ့ရှိ ထိတွေ့ပြီးမှပိုကောင်းလာတတ်တယ်။ လူဆိုတာ တစ်ယောက်တည်းနေတဲ့သတ္တဝါမဟုတ်ဘူး။ကိုယ့်ဘေးက လူနဲ့ ဆက်ဆံရေးအရေးကြီးတယ်။တွေ့ကရာလူတွေနဲ့ မပေါင်းနဲ့။တွေ့ကရာလူ ဘဝထဲပေးမဝင်နဲ့။ တွေ့ကရာ ဘဝထဲပေးဝင်ရင်တွေ့ကရာ ဘဝဖြစ်လာမယ်။ တချို့ ဆက်ဆံရေးတွေကရပ်ရမယ်။တချို့ ဆက်ဆံရေးတွေကကန့်သတ်ရမယ်။တချို့ဆက်ဆံရေးတွေကစတင်ရမယ်။တချို့ဆက်ဆံရေးတွေကရေရှည် ထိန်းသိမ်းထားရမယ်။ Phyo Paing @Derek
