အရေးအကြီးဆုံးက အချစ်ရေးမှာ
value တန်ဖိုးထားမှုတူဖို့ထက်
တန််ဖိုးထားမှု compatible ဖြစ်ဖို့
ကိုက်ညီဖို့လိုတယ်။
အမျိုးသားတွေက ကိုယ့်စိတ်ကူးထဲမှာရှိတဲ့ အမေပုံစံအမျိုးသမီးတွေကိုချစ်တတ်ကြပြီး၊ အမျိုးသမီးတွေက စိတ်ကူးထဲမှာရှိတဲ့ အဖေပုံစံကို ချစ်တတ်ကြတယ်တဲ့။ နောက် ငယ်ငယ်က ကိုယ့်အချစ်ဆုံးမိဘအဖေသို့ အမေရဲ့အချစ်ကိုရဖို့ပြုမူနေထိုင်ခဲ့ရတဲ့ love strategy ရှိတယ်။ တချို့က သားလိမ္မာ၊ သမီးလိမ္မာပုံစံစကားနားထောင်တာ။ တချို့က ကလန်ကဆန်လုပ်တယ်။လိုအပ်တဲ့အချိန်ကူညီပေးတယ်။ တချို့က ဂရုစိုက်မှုကိုရဖို့ မသိချင်ယောင်ဆောင်တယ်။ တချို့က ထိုင်ငြီးတာမျိုး။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာပရိုဂရမ်တွေက အသက်ကြီးတဲ့ထိပါလာတတ်ကြတယ်။ တချို့က coaching တို့၊ therapy တို့၊ တရားထိုင်ခြင်းတို့နဲ့ ပိုကောင်းအောင်အားထုတ်ကြတယ်။ တချို့ကျတော့ မှန်ကန်တဲ့သူကိုမှန်ကန်တဲ့အချိန်right person, right time မှာတွေ့လို့love strategy ပြန်တည့်အဆင်ပြေသွားတယ်။ အရေးအကြီးဆုံးက အချစ်ရေးမှာvalue တန်ဖိုးထားမှုတူဖို့ထက်တန််ဖိုးထားမှု compatible ဖြစ်ဖို့ ကိုက်ညီဖို့လိုတယ်။ပါတနာတစ်ယောက်က ထိန်းချုပ်ချင်တဲ့သူဆို ကိုယ်က diplomatic ဖြစ်ရင်ကျန်တာအဆင်ပြေသွားရော။ လူတွေရဲ့ စိတ်ခံစားမှုတွေကရှုပ်ထွေးသလိုနဲ့ အင်မတန်ရိုးရှင်းတယ်။ […]
