People

လူတွေက meaning လိုတယ်။
ဘဝအတွက် စိတ်လှုံခြုံမှုလိုတယ်။

ဥာဏ်နဲ့ဖြေရှင်းလို့မရတာကို ဘာသာတရားနဲ့ဖြေရှင်းတယ်။ တိရစ္ဆာန်တွေလဲ နာကျင်မှုခံစားရတယ်။လူတွေလဲ နာကျင်မှုခံစားရတယ်။ ဒါပေမယ့် လူတွေက နာကျင်မှုနောက်ကွယ်မှာပုံပြင်လေးနဲ့။ ဘာကြောင့် ငါ့ကျမှဖြစ်ရတာလဲ။ သူတို့ကျ ဘာကြောင့် ဒီလိုလဲ။ဘဝဆိုတာ ဘာလဲ။ ငါသေပြီး ဘာဆက်ဖြစ်မှာလဲ။ ဒီမေးခွန်းတွေအတွက် အဖြေကို သိပ္ပံက မပေးနိုင်ဘူး။ ဘာသာတရားတွေက အဖြေတွေပေးကြတယ်။ ဗုဒ္ဓဘာသာ ကဘာကြောင့် ဒုက္ခရောက်တာလဲကိုရှင်းပြတယ်။အဓိကပြဿနာကလောကကြီးမကောင်းလို့ မဟုတ်ဘူး။ လောကကြီးကိုကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်စေချင်တဲ့တပ်မက်မှု၊ တွယ်တာမှုနဲ့ အမှန်ကို မမြင်နိုင်မှု ကြောင့်ဒုက္ခဖြစ်တယ်လို့ မြင်တယ်။ လိုချင်တာ မရရင် ဒုက္ခ။ရပြီးရင် ပျောက်သွားမှာကြောက်လို့ ဒုက္ခ။မကြိုက်တာတွေ့ရင် ဒုက္ခ။ချစ်တဲ့အရာနဲ့ ခွဲရရင် ဒုက္ခ။ ဒါကြောင့် ဗုဒ္ဓဘာသာ ရဲ့ အဖြေကလောကကြီးကို ကိုယ်လိုချင်တဲ့အတိုင်းအမြဲပြောင်းလဲဖို့ မဟုတ်ဘူး။လောကကြီးအပေါ် တွယ်တာနေတဲ့ ကိုယ့်စိတ်ကို နားလည်ဖို့။ Christianity ဒုက္ခထဲမှာတောင် ငါတစ်ယောက်တည်း မဟုတ်ဘူး။Christianity မှာ […]

လူတွေက meaning လိုတယ်။
ဘဝအတွက် စိတ်လှုံခြုံမှုလိုတယ်။
Read More »

လူတိုင်းထားတဲ့ စံနှုန်းမတူကြဘူး။

လူတိုင်းထားတဲ့ စံနှုန်းမတူကြဘူး။ ကိုယ့်ရဲ့ ကျန်းမာကြံ့ခိုင်ရေးစံနှုန်း၊အလုပ်အကိုင်စံနှုန်း၊ငွေရေးကြေးရေးစံနှုန်း၊အချစ်ရေးစံနှုန်း၊မိသားစုစံနှုန်း၊အသိုင်းအဝိုင်းစံနှုန်း၊ တိုးတက်မှုစံနှုန်း၊ဘဝအရေအသွေးစံနှုန်း။ ဒီစံနှုန်းမတူဘဝနေထိုင်းမှု စည်းကမ်းတွေမတူ၊ရလဒ်တွေမတူကြဘူး။ ကိုယ့်ရဲ့ စံနှုန်းတွေမြင့်ရင်စည်းကမ်းလဲ မြင့်ဖို့လိုတယ်။ Phyo Paing @ Derek

လူတိုင်းထားတဲ့ စံနှုန်းမတူကြဘူး။ Read More »

မကျေနပ်ချက်တွေနဲ့ကြီးလာတဲ့လူတွေက
လူတောမတိုးဘူး။

မကျေနပ်ချက်တွေနဲ့ကြီးလာတဲ့လူတွေကလူတောမတိုးဘူး။ ဥပမာ ငယ်ငယ်က ကိုယ်တိုင်ပဲဖြစ်ခဲ့တယ်။ အိမ်မှာ ညှင်းဆဲမှုတွေကြားမကျေနပ်ချက်တွေများတဲ့အခါကျောင်းမှာလဲ ဒါကလာသက်ရောက်မှုရှိတယ်။  လူတွေနဲ့ အဆင်မပြေဘူး။ antisocial လိုဖြစ်လာတယ်။ ကျောင်းပြေး၊ ရန်ဖြစ်၊ လူတွေနဲ့ အဆင်မပြေ။ ခင်တဲ့သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်ပဲရှိ။ လောကကြီးလည်ပတ်နေတာကြီးကဟုတ်မနေဘူးလို့စဥ်းစား။ အဲ့လိုလူတွေက အသက်ကြီးလာတဲ့အခါInstitution အဖွဲ့အစည်းတွေကို မယုံတာ၊ စနစ်နဲ့ အစဥ်အလာတွေကိုလိုက်နာရမှာမလုပ်ချင်ဘူး။ သမရိုးမကျမဟုတ်တဲ့ဘဝ၊ အလုပ်ဖြတ်သန်းချင်တယ်။ အတွေးအခေါ်ကလဲ အများနဲ့မတူတဲ့အခါနည်းနည်းအံဝင်ဖို့ ခက်တတ်တယ်။ လူအများစုလုပ်နေတာကို အပိုလို့ထင်နေတတ်သလိုလူတွေကလဲ ကိုယ်ဘာလုပ်နေလဲမသိဘူး။ Hacker လိုမျိုး စနစ်ယိုပေါက်ကိုကြည့်ဒါကို အသုံးချ အဲ့လိုလူတွေဖြစ်လာတတ်တယ်။ လူတွေရဲ့လောကအမြင်က မိဘဘိုးဘေးရဲ့ မျိုးရိုးဗီဇ၊ဘဝဖြတ်သန်းလာမှု၊ သင်ယူလေ့လာမှု၊ အပေါင်းအသင်းအသိုင်းအဝိုင်းဒီပေါ်မူတည်ပြီးဖြစ်လာတယ်။ ဒီ program ပရိုဂရမ်ကိုပြောင်းလို့ရတယ်။ ဖက်တွယ်ပြီး အကောင်းဆုံးသုံးလို့ရတယ်။ တခါတလေ အရာရာပိုကောင်းဖို့ဖြစ်လာတာလို့ကြည့်ရင်ဘဝရဲ့ပေးထားချက်တွေကို တွေ့လာမယ်။ Phyo Paing @ Derek

မကျေနပ်ချက်တွေနဲ့ကြီးလာတဲ့လူတွေက
လူတောမတိုးဘူး။
Read More »

Nietzsche ရဲ့ “Become Who You Are” အတွေးအခေါ်အရလူတွေကို ဒီလိုမြင်နိုင်တယ်

ဘဝကို ပေးထားတဲ့အတိုင်းလက်ခံတဲ့သူနဲ့၊​ဘဝကို ပေးထားတာကိုစိတ်တိုင်းမကျရင်ပြုပြင်ပြောင်းလဲတဲ့သူကွာတယ်။ ပြုပြင်ပြောင်းလဲတဲ့သူတွေထဲမှာမှပြင်လို့မရလို့ လက်မှိုင်ချတဲ့သူ။​ပြင်လိုက်၊ ရလိုက်၊ ပြန်ကြိုးစားရလိုက်နဲ့အလုပ်ဖြစ်လိုက်၊ မဖြစ်လိုက်အဆင့်မှာရောက်နေတဲ့သူ။ပြင်ရင်းလမ်းပေါ်ရောက်နေတဲ့သူ။ပြင်ပြီးလို့ နောက်တစ်ဆင့်ထပ်သွားနေတဲ့သူ။ Nietzsche ရဲ့ “Become Who You Are” အတွေးအခေါ်အရလူတွေကို ဒီလိုမြင်နိုင်တယ် ဘဝကို ပေးထားတဲ့အတိုင်း လက်ခံပြီးနေတဲ့သူတွေမကျေနပ်ပေမယ့် နာကျည်းပြီး လက်လျှော့သွားတဲ့သူတွေကိုယ့်ကိုယ်ကို ကျော်ဖြတ်ပြီး ဆက်ပြောင်းလဲတိုးတက်နေတဲ့သူတွေ။ Phyo Paing @ Derek

Nietzsche ရဲ့ “Become Who You Are” အတွေးအခေါ်အရလူတွေကို ဒီလိုမြင်နိုင်တယ် Read More »

လူတစ်ယောက်ရဲ့ behavior နောက်မှာအမြဲတမ်း logic ရှိတတ်တယ်။

လူတွေ ဒီနေ့ခေတ်KTV မှာ ဆေးသုံးတာ၊လောင်းကစား game တွေပိုပိုစွဲလာတာကပတ်ဝန်းကျင်ကြောင့်ဆိုင်သလိုစိတ်ဒဏ်ရာတွေကြောင့်လဲပါတယ်။ ဒီနေ့ Dr. Gabor Maté ရဲ့The Myth of Normal စာအုပ်ဖတ်ရင်းပိုနားလည်လာတာAddiction စွဲလမ်းမှုဆိုတာပျော်ရွင်စရာတွေရယူဖို့ pleasure-seeking သီးသန့်ထက်နာကျင်မှုတွေ ဒဏ်ရာတွေကိုကုစားတဲ့ pain-avoidance ကြောင့်ပိုဖြစ်တယ်။ လူတွေက ဟာတာတာ ဗလာဖြစ်မှု၊​ရှက်စိတ်၊ အထူးကျန်စိတ်၊စိုးရိမ်စိတ်၊ ဝမ်းနည်းပူဆွေးမှုကိုကုစားဖို့ကိုယ့်ဘဝကိုယ်ဖျက်စီးစေတဲ့စွဲလမ်းစေတဲ့ အရာတွေကို လုပ်ဆောင်တာကိုself-medication through stimulation တဲ့။ တစ်ခါတစ်လေလူတွေက ပျော်ဖို့လုပ်နေတာမဟုတ်ဘူး။နာကျင်မှုကနေ လွတ်မြောက်ဖို့လုပ်နေတာ။ ဒါကြောင့်အရက်၊ ဆေး၊ လောင်းကစား၊porn, social media, game,အလုပ်ကိုအလွန်အကျွံလုပ်ခြင်း၊ပိုက်ဆံကိုအလွန်လိုချင်ခြင်းတွေကပါတစ်ခါတစ်လေ pleasure ထက်လွတ်မြောက်မှုနည်းလမ်းescape mechanism ဖြစ်နေတတ်တယ်။ Gabor Maté ပြောသလိုဘယ်အရာက စွဲလမ်းစေလဲ“Why the addiction?” ထက်ဘယ်နာကျင်မှုကိုရှောင်းပြေးနေလဲ“Why the pain?” ကိုမေးဖို့လိုတယ်။ လူတစ်ယောက်ရဲ့

လူတစ်ယောက်ရဲ့ behavior နောက်မှာအမြဲတမ်း logic ရှိတတ်တယ်။ Read More »

ကျွန်တော့်အတွက်ကတော့ပထမတစ်ခုကအဆင်ပြေတယ်။

တချို့သူတွေအတွက်ဘဝမှာ ပိုက်ဆံဝင်ဖို့လိုတာကမနေချင်တဲ့နေရာမနေ၊မဆက်ဆံချင်တဲ့သူမဆက်ဆံ၊မလုပ်ချင်တဲ့အလုပ်မလုပ်ရအောင်နဲ့နေချင်တဲ့နေရာနေ၊ပေါင်းသင်းချင်တဲ့အသိုင်းအဝိုင်းပေါင်း၊လုပ်ချင်တဲ့အလုပ်လုပ်နေနိုင်အောင်။ တချို့သူတွေကလဲ​ဒီလိုလုပ်ရင် မပြောတော့ဘူးပြောကောင်းပြောလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ပထမတစ်ခုကအဆင်ပြေတယ်။ Phyo Paing @ Derek

ကျွန်တော့်အတွက်ကတော့ပထမတစ်ခုကအဆင်ပြေတယ်။ Read More »

လူသားက AI ဆန်လာပြီးAI က လူသားဆန်လာတယ်လို့ဆိုကြတယ်။

စိတ်မကောင်းစရာတစ်ခုကလူသားက AI ဆန်လာပြီးAI က လူသားဆန်လာတယ်လို့ဆိုကြတယ်။ ပုံထုတ်တာ၊စာတင်တာ၊ဗီဒီယိုထုတ်တာ၊စလိုက်၊ စာအုပ်ထုတ်တာအေအိုင်တွေဖြစ်လာတယ်။ အမှန်တော့ အဲ့လိုကြီးမဟုတ်ပါဘူး။လူတွေမှာ ဦးနှောက်သုံးမျိုးရှိတယ်။ ဒါတွေကို နားလည်ပြီးလူသားဆန်အောင်လုပ်လို့ရတယ်။အေအိုင်နဲ့လူသားကိုယ့်အကန့်နဲ့ကိုယ်ထားလို့ရတယ်။ ဒါကို Marketing 7.0 ခေတ်မှာထားရမည့်အချက် သုံးချက်ဖြစ်ပြီးလေ့လာလိုတဲ့ လုပ်ငန်းရှင်တွေနဲ့မားကတ်တင်းသမားတွေကိုဗီဒီယိုလေးလုပ်ထားပေးပါတယ်။ Comment link မှာ ကြည့်ကြည့်ပါ။ Phyo Paing @ Derek

လူသားက AI ဆန်လာပြီးAI က လူသားဆန်လာတယ်လို့ဆိုကြတယ်။ Read More »

လူတွေဘာတွေလိုချင်လဲငွေ၊ အချစ်၊ တိုးတက်ရေး၊ ဂုဏ်၊ တရား။

ကြိုးစားတိုင်းမအောင်မြင်ဘူး။ကြိုးစားတာကအမြဲမပြတ် လမ်းလျှောက်တာနဲ့တူတယ်။ ဥာဏ်ကောင်းတိုင်းလဲ မအောင်မြင်ဘူး။ဥာဏ်ကောင်းရင်လမ်းမြင်မယ်။မလျှောက်ရင် မရောက်ဘူး။ ကံကောင်းတိုင်းလဲ မအောင်မြင်ဘူး။ကိုယ်ရှိတဲ့နေရာနဲ့ အခွင့်အရေးတခါတွေ့လို့အဆင်ပြေသွားကောင်း ကောင်းမယ်။အမြဲတော့ ကံကောင်းနေမှာ မဟုတ်ဘူး။ ဥာဏ်ကောင်းရင် သွားရမည့်လမ်းမြင်မယ်။ကံကောင်းရင် သွားတဲ့လမ်းမှာအခွင့်အလမ်းတွေ တွက်ချက်ထားတာထက်ပိုများမယ်။ဝိရိယကောင်းရင် အခွင့်အလမ်းနဲ့ပြင်ဆင်ကြိုးစားမှုနဲ့တွေ့မယ်။ အောင်မြင်တယ်ဆိုတာကိုယ်လိုချင်တာရတာ။မလိုချင်တာ မရတာ။ လူတွေဘာတွေလိုချင်လဲငွေ၊ အချစ်၊ တိုးတက်ရေး၊ ဂုဏ်၊ တရား။ Phyo Paing @ Derek

လူတွေဘာတွေလိုချင်လဲငွေ၊ အချစ်၊ တိုးတက်ရေး၊ ဂုဏ်၊ တရား။ Read More »

ကိုယ့်ဘဝကို ကိုယ် ရွေးနိုင်ဖို့Autonomy (ကိုယ်ကံကိုယ် ဖန်တီးနိုင်ခြင်း) ဆိုတဲ့ အရာ

ဘဝမှာ အရေးအကြီးဆုံးအရာ ဘာလဲ လို့ မေးရင်autonomy လို့ခေါ်တဲ့အရာဖြစ်နိုင်ပါတယ်။ လူတွေငွေကြေး လို့ ပြောကြတယ်။ချစ်ရတဲ့လူ လို့ ပြောကြတယ်။အကုန်လုံးမှန်ပါတယ်။ ဒါပေမယ့်ဒါတွေ အားလုံးထက်ပိုအရေးကြီးတာ တစ်ခု ရှိတယ်။ကိုယ့်ဘဝကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိသလား မရှိဘူးလား ဆိုတဲ့ မေးခွန်း။ဒါက ကျန်းမာခြင်း၊ငွေကြေး ဒါတွေရှာဖွေရတဲ့အဓိကရည်ရွယ်ချက်မဟုတ်လား။ ပိုက်ဆံရှိပြီးကိုယ့်ဘဝ ကိုယ် မပိုင်ဘူးဆိုရင်ချမ်းသာတဲ့ ဘဝ မဟုတ်ဘူးဖြည်းဖြည်းချင်း သေနေတဲ့ ဘဝပဲ။ နေကောင်းတယ် ချုပ်နှောင်ခံနေရတယ်။ချစ်ရတဲ့သူ ရှိပြီးကိုယ်လုပ်ချင်တာ မလုပ်ရဘဲ နေရတဲ့ ဘဝဒါ ဘဝ မဟုတ်ဘူးဒါ အနေကြီးတဲ့ ထောင် တစ်ခု။ ကိုယ့်ဘဝကို ကိုယ် ရွေးနိုင်ဖို့Autonomy (ကိုယ်ကံကိုယ် ဖန်တီးနိုင်ခြင်း) ဆိုတဲ့ အရာဒါပဲ အဓိကအကျဆုံးတစ်ခုဖြစ်နိုင်ပါတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝကို ကိုယ် ရွေးနိုင်ဖို့Autonomy (ကိုယ်ကံကိုယ် ဖန်တီးနိုင်ခြင်း) ဆိုတဲ့ အရာ Read More »

ပြဿနာ ကြီးလေကိုယ့် တန်ဖိုး မြင့်လေပါပဲ။

လူတစ်ယောက်ရဲ့ တန်ဖိုးကလူတစ်စုအတွက်ပြဿနာဖြေရှင်းနိုင်စွမ်းပဲ။ ဒါကတော့ အသုံးဝင်မှုအမြင်ပေါ့။ ဥပမာ ဝန်ထမ်းခန့်ထားတယ်ဗျာ။အလုပ်ဘယ်လောက်ကြိုးစားကြိုးစားboss ပြဿနာ မဖြေရှင်းပေးနိုင်ရင်ဒါ အသုံးမဝင်ပါဘူး။ ကြိုးစားတာနဲ့ အသုံးဝင်တာ မတူပါဘူး။ ကြိုးစားတာက input ပါ။အသုံးဝင်တာက output ပါ။ boss က output ကို ကြည့်ပါတယ်။customer က output ကို ကြည့်ပါတယ်။စျေးကွက်က output ကို ကြည့်ပါတယ်။ ဒါဆို ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ ကိုယ် ဘယ်သူ့ ပြဿနာကို ဖြေရှင်းပေးနေလဲ။ကိုယ် ဖြေရှင်းပေးနေတဲ့ ပြဿနာကဘယ်လောက် ကြီးလဲ။ ပြဿနာ ကြီးလေကိုယ့် တန်ဖိုး မြင့်လေပါပဲ။ Phyo Paing @ Derek

ပြဿနာ ကြီးလေကိုယ့် တန်ဖိုး မြင့်လေပါပဲ။ Read More »