လူတကာကိုမြင်တယ်ဆိုတာ နှလုံးသွင်းတတ်ဖို့လိုတယ်။
လူတွေက အဆင်မပြေလေမကောင်းပိုမြင်လေ။ သူတပါးအပြစ်ပိုပြောလေ။ အပြစ်တွေအရမ်းတင်နေရင်ဖြစ်နိုင်တာ ၁။ အကြွေးတင်နေလို့၂။ အလုပ်အကိုင်မကောင်းလို့ ၃။ သမီးရည်းစား၊ လင်မယားအဆင်မပြေလို့၄။ သူ့ဘဝသူ စိတ်တိုင်းမကျနေလို့။ ချမ်းသာလွန်းပြီး အဆင်မပြေတာရှိနိုင်လားဆိုရှိနိုင်တယ်။ ရှိထားတာလေး ဆုံးရှုံးမှာ။ဒီလိုလူက သောကရောက်တယ်။ သူ့သောကသူဖြေရှင်းဖို့ပဲလိုက်ရှာတယ်။ ပထမတစ်ယောက်လိုတော့ အားပြီးအပြစ်တင်တာသိပ်မများဘူး။ အမှန်တော့ လူတွေအပြစ်မြင်တာများတာကမွဲနေလို့နဲ့ ဘဝအဆင်မပြေလို့ဖြစ်နိုင်တယ်။ ကိုယ်အဆင်မပြေရင်အဆင်ပြေသူနည်းနည်းတွေ့ရင်နံပတ်ဖိုးရောင်းသလား၊ ကျားဖြန့်လုပ်သလား၊ဂျင်းထည့်သလားအမြဲထင်တတ်တယ်။ တခါတလေ လူတွေကငွေရေးကြေးရေးအဆင်မပြေ၊ဘဝအဆင်မပြေရင်မကောင်းမြင်တတ်တယ်။ ဒါက ကိုယ့်ကိုအဆိုးမြင်တာပဲမဟုတ်ဘဲလူတကာကိုမြင်တယ်ဆိုတာ နှလုံးသွင်းတတ်ဖို့လိုတယ်။ Phyo Paing @ Derek
