AI

AI ခေတ်မှာ
အရင်အထာနဲ့ အရာမထင်တော့ဘူး။

AI ခေတ်မှာ နောက်ကျကျန်ခဲ့တာကAI မသုံးတတ်လို့တင် မဟုတ်ဘူး။AI ကို အထင်သေးခဲ့လို့လည်း ဖြစ်နိုင်တယ်။ Jack Ma ပြောခဲ့တဲ့ အတွေးတစ်ခုရှိတယ်။ လူတွေမအောင်မြင်ရခြင်းက ဒီလေးခုကြောင့်တဲ့။သူကတော့ တရုတ်လိုစကားလုံးသုံးလုံးစီနဲ့ပြောခဲ့တာလေးသဘောကျလို့ ပြန်မျှဝေပါရစေ။ လူအများစု ကျဆုံးတာက ဒီလေးခုကြောင့်။ 看不见 — Kàn bù jiànမမြင်ဘူး။ 看不起 — Kàn bù qǐမြင်ပေမယ့် အထင်မကြီးဘူး။ 看不懂 — Kàn bù dǒngအရေးကြီးမှန်းသိလာပေမယ့် နားမလည်ဘူး။ 来不及了 — Lái bù jíနားလည်တဲ့အချိန်မှာ နောက်ကျသွားပြီ။ AI နဲ့ ဥပမာပေးကြည့်မယ်။ အစက ChatGPT ပေါ်လာတယ်။ လူတချို့က “ဒါဘာကြီးလဲ။”“ငါနဲ့မဆိုင်ပါဘူး။” ဆိုပြီး မသိ၊ မမြင်ဘူး။ ဒါ 看不见။

AI ခေတ်မှာ
အရင်အထာနဲ့ အရာမထင်တော့ဘူး။
Read More »

AI ခေတ်မှာ
အဖြေရှာနိုင်တာ အားသာချက်မဟုတ်တော့ဘူး။

ဉာဏ်ကောင်းတာနဲ့Strategic Intelligence ရှိတာ မတူဘူး။ ဉာဏ်ကောင်းတဲ့သူကပြဿနာကို မြန်မြန်ဖြေရှင်းနိုင်တယ်။ Strategic Intelligence ရှိတဲ့သူကဘယ်ပြဿနာကို ဖြေရှင်းရမလဲ ရွေးတတ်တယ်။ သာမန်လူကအခုဘာဖြစ်နေလဲ မြင်တယ်။ Strategic Intelligence ရှိတဲ့သူကနောက်ဘာဖြစ်လာနိုင်လဲ ကြိုမြင်တယ်။ သာမန်လူကအလုပ်များများလုပ်ဖို့ စဉ်းစားတယ်။ Strategic Intelligence ရှိတဲ့သူကဘယ်အလုပ်က ရလဒ်အများဆုံးပေးမလဲ စဉ်းစားတယ်။ သာမန်လူကပြိုင်ဘက်ဘာလုပ်နေလဲ လိုက်ကြည့်တယ်။ Strategic Intelligence ရှိတဲ့သူကပြိုင်ဘက်ဘာကြောင့်လုပ်နေလဲ နားလည်တယ်။ သာမန်လူကအခြေအနေဖြစ်လာမှ တုံ့ပြန်တယ်။ Strategic Intelligence ရှိတဲ့သူကမဖြစ်ခင် ကြိုပြင်ဆင်တယ်။ သာမန်လူကဆုံးဖြတ်ချက်တစ်ခုရဲ့ ချက်ချင်းရလဒ်ကို ကြည့်တယ်။ Strategic Intelligence ရှိတဲ့သူကနောက်ဆက်တွဲအကျိုးဆက်တွေကို ကြည့်တယ်။ သာမန်လူကအခွင့်အရေးတိုင်းကို လိုက်ဖမ်းတယ်။ Strategic Intelligence ရှိတဲ့သူကကိုယ့်အတွက်မဟုတ်တဲ့ အခွင့်အရေးကို ငြင်းတတ်တယ်။ AI ခေတ်မှာအဖြေရှာနိုင်တာ အားသာချက်မဟုတ်တော့ဘူး။ အဖြေမှန်မရခင်မေးခွန်းမှန်ကို ရွေးနိုင်တာကအားသာချက်ဖြစ်လာတယ်။

AI ခေတ်မှာ
အဖြေရှာနိုင်တာ အားသာချက်မဟုတ်တော့ဘူး။
Read More »

Grok ဆိုတာ သိပ်အထင်မကြဘူး။

ပုံမှန်ဆို အေအိုင်လောကမှာအီလွန်မတ်ရဲ့ Xai က Grok ဆိုတာ သိပ်အထင်မကြဘူး။ Cursor ကို ၆၀ ဘီလီယံနဲ့ဝယ်ပြီးနောက်မှာအခုထွက်လာတဲ့ Grok Bot အေအိုင်ကတော့လုပ်ငန်းရှင်တွေအတွက်တော်တော်လေး အထောက်အကူပြုနိုင်တယ်။ အခုတော့ မဝယ်နဲ့အုံး။ ဘာကြောင့်လဲဆို beta version မိို့လို့။ နောက် သုံးလေးလလောက်ဆိုတော်တော်လေး အဆင်သင့်ဖြစ်လောက်ပြီ။ ဘာတွေ လုပ်လို့ရလဲသိချင်ရင်ယူကျု့မှာတော့ တင်ထားပေးပါတယ်။ Comment မှာ တင်ထားပေးပါတယ်။ Phyo Paing @ Derek

Grok ဆိုတာ သိပ်အထင်မကြဘူး။ Read More »

AI က လူရဲ့တန်ဖိုးကို
ဖျက်နေတာမဟုတ်ဘူး။

အခုတတ်ထားတဲ့ ပညာတွေ၊အခုလုပ်နေတဲ့ အလုပ်တွေ၊အခုအောင်မြင်နေတဲ့ နည်းလမ်းတွေကနောက်သုံးနှစ်မှာ တန်ဖိုးကျသွားနိုင်တယ်။ ကြောက်စရာကAI က ကိုယ့်အလုပ်ကို လုသွားမှာ မဟုတ်ဘူး။ ခေတ်ပြောင်းသွားတာကို မသိဘဲမနေ့က အတွေးအခေါ်၊ မနေ့က လုပ်နည်းနဲ့ဒီနေ့ပြဿနာကို ဆက်ဖြေရှင်းနေတာက ပိုကြောက်စရာကောင်းတယ်။ AI ခေတ်မှာလူတစ်ယောက်ရဲ့ တန်ဖိုးရှိတဲ့နေရာကိုယ်တိုင်ရွှေ့နေပြီ။ ဒီအပြောင်းအလဲကိုစကားလုံးတစ်လုံးနဲ့ မှတ်ထားနိုင်ပါတယ်။ ⸻ SHIFT — အပြောင်းအရွှေ့ S — Search → Ask ရှာဖွေခြင်း → မေးမြန်းခြင်း အရင်က Google မှာ Search — ရှာဖွေ တယ်။ ဝက်ဘ်ဆိုက်တစ်ခုချင်းဝင်၊လင့်တစ်ခုချင်းဖတ်၊အချက်အလက်တွေစု၊ကိုယ်လိုချင်တဲ့အဖြေကို ကိုယ်တိုင်ပြန်စီရတယ်။ အခု ChatGPT လို AI ကို Ask — တိုက်ရိုက်မေးမြန်း လို့ရလာတယ်။ “ဒီအကြောင်းကို ရှာပေး” “ဒီနှစ်ခုကို

AI က လူရဲ့တန်ဖိုးကို
ဖျက်နေတာမဟုတ်ဘူး။
Read More »

AI ခေတ်မှာ အရင်အထာနဲ့ အရာမထင်တော့ဘူး။

အရင်အထာနဲ့ အရာမထင်တော့ဘူး။ AI ခေတ်မှာဘာမှမသိသေးတဲ့သူတစ်ယောက်အတွက်အလွယ်ဆုံး ဥပမာတစ်ခုပေးမယ်။ အရင်က ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုပါတော့။ ဆိုင်နာမည်စဉ်းစားရမယ်။Logo အပ်ရမယ်။Facebook Page ဖွင့်ရမယ်။ပုံရိုက်ရမယ်။စာရေးရမယ်။ကြော်ငြာအပ်ရမယ်။ဖောက်သည် Message ပြန်ရမယ်။စာရင်းမှတ်ရမယ်။ အလုပ်တစ်ခုချင်းစီအတွက်လူတစ်ယောက်စီလိုနိုင်တယ်။ အခု AI ခေတ်မှာတော့ဒီအလုပ်တော်တော်များများကိုလူတစ်ယောက်တည်းနဲ့ စလုပ်လို့ရလာတယ်။ ဥပမာ ကိုယ်ကကော်ဖီဆိုင်လေးတစ်ဆိုင် ဖွင့်ချင်တယ် ဆိုပါတော့။ AI ကို “အသက် ၂၀ ကနေ ၃၅ ကြား လူငယ်တွေကြိုက်မယ့်ကော်ဖီဆိုင်နာမည် ၂၀ စဉ်းစားပေး” လို့ မေးလို့ရတယ်။ နာမည်ရပြီ။ “ဒီနာမည်အတွက် Brand Concept၊Logo Idea၊ ဆိုင်အရောင်၊ဆိုင်ရဲ့ Personality ဖန်တီးပေး” ဆက်ခိုင်းလို့ရတယ်။ ပြီးရင် “Facebook မှာ တစ်လစာတင်ဖို့Content Idea ၃၀ ထုတ်ပေး” ခိုင်းလို့ရတယ်။ “ဒီနေ့ မိုးရွာနေတယ်။ကော်ဖီပူပူသောက်ချင်အောင်Facebook Post တစ်ပုဒ်ရေးပေး”

AI ခေတ်မှာ အရင်အထာနဲ့ အရာမထင်တော့ဘူး။ Read More »

အရင်အထာနဲ့ အရာမထင်တော့ဘူး။

မနေ့ကပဲ AI မှာ သြဇာတိက္ကမကြီးမားတဲ့Andrew Ng ကတက္ကသိုလ်တွေက ၂၀၂၂ အလုပ်တွေအတွက်ပြင်ဆင်ပေးနေတာတဲ့။ တက္ကသိုလ်တွေက ၂၀၂၆ အလုပ်ကိုပြင်ပေးရမှာမဟုတ်ဘူး။ ၂၀၃၀ နဲ့အလွန်အလုပ်တွေ အတွက်ပြင်ပေးရမှာတဲ့။ ပိုက်ဆံရှိမိဘတွေက သားသမီးတွေပညာရေးကိုတချို့ ချမ်းသာပြီးတော်တဲ့ မိသားစုကတော့ဟားဘတ်တို့၊ Yale တို့လို Ivy league တွေသွားစေချင်တယ်။တချို့က အနောက်တိုင်းတက္ကသိုလ်မှာ တက်စေချင်တယ်။ ဒီ တက္ကသိုလ်တွေ ကိုယ်တိုင်ရင်ဆိုင်နေရာကအေအိုင်ရဲ့တိုးတက်မှုက တစ်ပတ်နဲ့ တစ်ပတ်ကို မတူတော့၂၀၃၀ မှာ ဘာဖြစ်မလဲ ခန့်မှန်းဖို့မလွယ်ဘူး။ ဒါကို သုံးနှစ်အတွင်း curriculum ဆွဲ ကြိုတင်ဖို့မလွယ်ဘူး။ ပညာရေးအပြောင်းအလဲမှာဆို Education 1.0 → အချက်အလက်များကို အလွတ်ကျက်မှတ်ခြင်းEducation 2.0 → သဘောတရားကို နားလည်ခြင်းEducation 3.0 → ပြဿနာများကို ဖြေရှင်းခြင်းEducation 4.0 →

အရင်အထာနဲ့ အရာမထင်တော့ဘူး။ Read More »

ခေတ်ပြောင်းရင် စနစ်ပြောင်းပါတယ်။

AI ကို သုံးနေသူနဲ့AI ကို စနစ်တကျ အသုံးချနိုင်သူကြားက ကွာခြားချက်ကလာမယ့်နှစ်အနည်းငယ်အတွင်း အရမ်းကြီးမားလာပါလိမ့်မယ်။ ခေတ်ပြောင်းရင် စနစ်ပြောင်းပါတယ်။ AI ကို Tool တစ်ခုအနေနဲ့ပဲ မြင်နေသေးရင်နောက်ကျသွားနိုင်ပါတယ်။ အခုက Prompt ရေးတဲ့ခေတ်ကို ကျော်လွန်ပြီးAI ကို Workflow တစ်ခုလုံး စဉ်းစားခိုင်း၊ အလုပ်လုပ်ခိုင်းတဲ့ ခေတ်ကို ရောက်လာပါပြီ။ ဒီဗီဒီယိုမှာ ChatGPT 5.6 ရဲ့ အရေးကြီးတဲ့ အပြောင်းအလဲတွေ၊ OpenAI ရဲ့ မဟာဗျူဟာအသစ်နဲ့ လုပ်ငန်းရှင်တွေအနေနဲ့ Productivity နဲ့ Profit တိုးဖို့ AI ကို ဘယ်လိုအသုံးချသင့်လဲဆိုတာ မျှဝေထားပါတယ်။ မိတ်ဆွေကတော့ ChatGPT 5.6 ကို စသုံးပြီးပြီလား။အသစ်ထဲက ဘယ် Feature ကို အကြိုက်ဆုံးလဲဆိုတာ Comment မှာ

ခေတ်ပြောင်းရင် စနစ်ပြောင်းပါတယ်။ Read More »

AI ခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့

AI ခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့ကျွန်တော်ဖက်က လေ့လာထားတာကို အားတီ၊ အားမေတို့ကို ပြန်လည်မျှဝေပေးတယ်။ နားလည်ပါတယ်။ AI ကို လိုက်စမ်းနေဖို့ အချိန်မရှိဘူး။ ငွေကြေးအများကြီးမသုံးချင်ဘူး။ ဘယ်ကစရမှန်းမသိဘူး။ ဒီအတွက် ကျွန်တော် AI နဲ့ပတ်သက်လို့သုံးလို့ရမည့်အချက်တွေအများကြီး မျှဝေလာခဲ့ပါတယ်။ အခုလဲ တစ်နာရီခွဲစာ အခမဲ့လေ့လာလို့ရအောင်၂၀၂၆ update တွေကို ဒီ ဗီဒီယိုမှာ တင်ထားပေးပါတယ်။ Phyo Paing @ Derek

AI ခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့ Read More »

AI ခေတ်မှာ သူများနောက်ကလိုက်မလား။
အရင်ဦးအောင် ပြေးမလား? 🚀

AI ခေတ်မှာ သူများနောက်ကလိုက်မလား။ အရင်ဦးအောင် ပြေးမလား? 🚀 အခုခေတ်က Content Marketer တွေ၊ လုပ်ငန်းရှင်တွေနဲ့ Creator တွေအတွက် တကယ့်ကို “ရွှေခေတ်” ပါပဲ။ AI နည်းပညာကို စနစ်တကျ အသုံးချနိုင်ရင် လုပ်ငန်းတစ်ခုလုံးရဲ့ Content Workflow ကို အစကနေ အဆုံးထိ အချိန်တိုအတွင်း စနစ်တကျ တည်ဆောက်နိုင်ပြီဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ ChatGPT နဲ့ အခြား AI Tools တွေကို သုံးပြီး Brand Name ပေးတာ၊ Brand Guide ထုတ်တာကအစ… AI ပုံတွေမှာ မြန်မာစာမမှန်တာကို ပြန်ပြင်နည်းနဲ့ ဗီဒီယိုဖန်တီးနည်းအထိ လက်တွေ့ Short-cut Workflow တွေကို အသေးစိတ် ရှင်းပြပေးထားပါတယ်။ Phyo

AI ခေတ်မှာ သူများနောက်ကလိုက်မလား။
အရင်ဦးအောင် ပြေးမလား? 🚀
Read More »

AI ကို သုံးနေတဲ့သူအများစုက
Prompt တစ်ခုချင်းစီ ရေးပြီး ခိုင်းနေတုန်းပါပဲ။

Sunday ဆိုတာ အနားယူတဲ့နေ့တင် မဟုတ်ပါဘူး။ တစ်ပတ်လုံး အလုပ်များခဲ့ပြီးရင်…နောက်တစ်ပတ်ကို ပိုထိရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့ အကောင်းဆုံးနေ့လည်း ဖြစ်နိုင်ပါတယ်။ AI ကို သုံးနေတဲ့သူအများစုက Prompt တစ်ခုချင်းစီ ရေးပြီး ခိုင်းနေတုန်းပါပဲ။ ဒါပေမယ့် အခု AI အသုံးပြုမှုက အဲဒီအဆင့်ကို ကျော်သွားပါပြီ။ Prompt Engineering ထက် ပိုအရေးကြီးလာတာက Loop Engineering ပါ။ AI ကို တစ်ခါခိုင်းပြီး အဖြေရတာမဟုတ်ဘဲ… ✔️ AI က ကိုယ့်အလုပ်ကို ပြန်စစ်မယ်။ ✔️ Data တွေကို Analyze လုပ်မယ်။ ✔️ Winning Formula ကို ရှာမယ်။ ✔️ Content Ideas (၁၀၀) ထုတ်ပေးမယ်။

AI ကို သုံးနေတဲ့သူအများစုက
Prompt တစ်ခုချင်းစီ ရေးပြီး ခိုင်းနေတုန်းပါပဲ။
Read More »