Version

ဒါက ကောင်းတဲ့အချက်ပဲ။

တိုတောင်းတဲ့ ဘဝထဲမှာအိုဟောင်းနေတဲ့ ဗားရှင်းကြီးကိုထားပြီးအသစ်တွေဖန်တီးကြည့်။လူတွေက သိလို့လုပ်ခဲ့ကြတာမဟုတ်။လုပ်ရင်းသိသွားကြတယ်။အဟောင်းဗားရှင်းကိုကြည့်တိုင်းရှက်စရာလိုလို ပြန်ပြုံးမိတယ်။တစ်သက်တစ်ခါတော့ဘဝမှာ ရှက်စရာအမှတ်ရစရာတွေလုပ်မိလိမ့်မယ်။ဒါက ကောင်းတဲ့အချက်ပဲ။ Phyo Paing @ Derek

ဒါက ကောင်းတဲ့အချက်ပဲ။ Read More »

မျက်စိမှိတ်လိုက်။

ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းအကောင်းဆုံးအခြေအနေမှာ ရှိနေမည့် အရာတွေကို စိတ်ကူးပုံဖော်ကြည့်။ ကျန်းမာကြံ့ခိုင်မှု၊အသိပညာ၊ အတတ်ပညာ၊ အချစ်ရေးနဲ့ မိသားစုပုံစံ၊ ငွေကြေးကြွယ်ဝမှုနဲ့ လွတ်လပ်မှု၊အတွေ့အကြုံ၊အသိုင်းအဝိုင်း၊ ရှင်သန်ချင်တဲ့ ဘဝနေထိုင်မှုပုံစံကိုယ်လိုချင်တဲ့ ပုံစံမျိုးဆို ဘယ်လိုဖြစ်နေမလဲ။ ဒီလို တဖြည်းဖြည်းဖြစ်လာဖို့ဘာတွေ ပြင်ဆင်နေပြီလဲ။ ဒီနေ့ကို ငြိမ်းချမ်းပျော်ရွှင်စွာအထာကျကျဖြတ်သန်းရင်းအနာဂတ်ကို ရင်ခုန်နေတဲ့ဘဝဖြစ်တာ ကောင်းတဲ့အချက်ပဲ။ Phyo Paing @ Derek

မျက်စိမှိတ်လိုက်။ Read More »

အကောင်းဆုံးဗားရှင်း

ကိုယ့်ရဲ့ အကောင်းဆုံးဗားရှင်းကကိုယ်အားကျနေတဲ့သူရဲ့အခုဗားရှင်းထက် အများကြီးပိုကောင်းနိုင်တယ်။ Phyo Paing @ Derek

အကောင်းဆုံးဗားရှင်း Read More »

အရေးကြီးတာ ကိုယ့်ရဲ့ New Version

ဗုဒ္ဓက နှစ်ဆယ့်ကိုးနှစ်မှာနမိတ်ကြီးလေးပါးတွေ့ပြီးအရာရာကို စွန့်လွတ် တောထွက်တရားကျင့်ရင်းသဗ္ဗေညုတ ဉာဏ်တော်ရှင်ဖြစ်ခဲ့တယ်။ လူတိုင်းက မတူညီတဲ့ version ဖြစ်နေအုံးမှာပဲ။နောက် ငါးနှစ်၊ ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာဖြစ်လာမည့် version နဲ့ ကိုယ့်ဘေးကပေါင်းသင်းဆက်ဆံ၊ တွေ့နေတဲ့သူတွေကကွာကောင်းကွာသွားနိုင်တယ်။ ပုထုဇဉ်လူသား လောကီမှာ အဝိဇ္ဇာနှင့် တဏှာ တွန်းအားနဲ့ သံသရာဒုက္ခကို သုခလို့ ယူဆထားတဲ့ဒီနေ့ version ကလဲတချိန်ပြောင်းရင်ပြောင်းသွားမှာပဲ။ အရေးကြီးတာ ကိုယ့်ရဲ့ New Version ကိုယ့်ရဲ့ Next Version ကကိုယ့်ရဲ့ Ex Version ထက် ကောင်းလာဖို့ပဲ။ Phyo Paing @ Derek

အရေးကြီးတာ ကိုယ့်ရဲ့ New Version Read More »