အာရုံ
အာရုံကို အာဏာကုန်ကိုယ်အလေးထားတဲ့နေရာမှာ စိုက်နိုင်မှသာမာန်တဲ့ ကျော်လွန်တဲ့အလုပ်တွေလုပ်နိုင်မှာ။ Phyo Paing @ Derek
အာရုံကို အာဏာကုန်ကိုယ်အလေးထားတဲ့နေရာမှာ စိုက်နိုင်မှသာမာန်တဲ့ ကျော်လွန်တဲ့အလုပ်တွေလုပ်နိုင်မှာ။ Phyo Paing @ Derek
ထူးဆန်းတာတစ်ခုက ရေးချင်တာရေးပြီးစကားပြေလိုလို၊ စကားပြောလိုလိုစာလုံးပေါင်းအလွဲလွဲနဲ့လိုရင်းမရောက်ခဲ့တဲ့အတွက်ပြင်ဆင်မှု အကြိမ်ပေါင်းများစွာIterations ပေါင်းများစွာနဲ့ရေးထားတဲ့စာတွေကိုတောင်းဆိုကြတဲ့ အားတီ၊ အားမေတို့အတွက်စာအုပ်ထုတ်ပေးနိုင်တာပဲ။ စာရေးဆရာဖြစ်နိုင်မယ်လို့တစ်သက်လုံးမထင်ထားခဲ့ဘူး။ဆယ်တန်းမှာ အမှတ်အနည်းဆုံးကလဲမြန်မာစာပဲ။ 😆 ကိုယ့်လိုချာတူးလန်တောင်စာရေးဆရာဖြစ်နိုင်တဲ့ခေတ်မှာတခြားသူတွေ အကျိုး အနည်းနဲ့အများရှိစေနိုင်တဲ့အကြောင်းအရာတွေကို မျှဝေဖို့မကြောက်ပါနဲ့။ Phyo Paing @ Derek
ဖြစ်နိုင်ခြေနဲ့ ဖြစ်နိုင်စွမ်းဆိုတာမတူဘူး။လောကမှာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ခြေ ရှိပေမယ့်ဖြစ်နိုင်စွမ်းကတော့ နည်းတာများတာရှိလိမ့်မယ်။ ဖြစ်နိုင်ခြေက possibilityဖြစ်နိုင်စွမ်းက probability ဘဝရဲ့ ဖြစ်နိုင်စွမ်းပေါ်မူတည်ပြီးဘယ်အချိန်မှာဘာလုပ်ရမယ်ဖြစ်ပေါ်လာတယ်။ Phyo Paing @ Derek
ဘဝရဲ့ ဖြစ်နိုင်စွမ်းပေါ်မူတည်ပြီး
ဘယ်အချိန်မှာဘာလုပ်ရမယ်
ဖြစ်ပေါ်လာတယ်။ Read More »
လူတစ်ယောက်ရဲ့ performance ကို ရေတိုနဲ့ ရေရှည်ကြည့်လို့ရတယ်။တချို့က တာထွက်တဲ့အချိန်အရမ်းကောင်းတယ်။တချို့က တာထွက်တော့ ပုံမှန်ပဲ။ တချို့က တာထွက်တဲ့အချိန် တော်တော်ရုန်းကန်ရတယ်။ ဒါပေမယ့် နှစ်အနည်းငယ်ကြာတဲ့အခါ အပြောင်းအလဲတွေ ဖြစ်လာတယ်။ တချို့က စွမ်းဆောင်ရည် တန့်သွားတယ်။တချို့က ကျသွားတယ်။တချို့က တိုးတက်လာတယ်။တချို့က တက်လိုက်ကျလိုက်။ တချို့က ဖြေးဖြေးမှန်မှန် တက်လာတယ်။ဒီကနေ ကောက်ချက်ချမိတာတစ်ခုကတော့လူတွေကို သုံး၊လေးလနဲ့ ကောက်ချက်မချမိဖို့ပဲ။ Phyo Paing @ Derek
Perfectionism ဆိုတာ အင်မတန်toxic ဖြစ်တဲ့ စကားလုံးပဲ။ ကျွန်တော်တို့ culture က ဒီ အယူအဆကို ဆုပ်ကိုင်ထားတယ်။ Perfect ဖြစ်နေတယ်ဆိုတဲ့သဘောကတိုးတက်စရာမရှိတော့တဲ့သဘော။ ဒါပေမယ့် လူတွေသတ်မှတ်ထားတဲ့ပြီးပြည့်စုံတယ်ဆိုတဲ့ စံနှုန်းကအမြဲအပြောင်းအလဲဖြစ်နေတယ်။ Perfect ထက် အရေးကြီးတဲ့စကားလုံးကProgress ပဲ။ တိုးတက်နေဖို့လိုတယ်။ လူတွေက perfect တော့ဖြစ်စေချင်တယ်။တိုးတက်မှု progress လုပ်နေချိန်မှာတော့အရိုးများတယ်၊ ချီးခါးတယ်နဲ့ဝေဖန်ချင်ကြတယ်။ ကျွန်တော့်အယူအဆကတော့ရှင်းတယ်။တခြားသူတွေ ဘယ်နေရာရောက်နေနေအရေးမကြီးဘူး။ အရေးကြီးတာ ကိုယ့်ရဲ့အကောင်းဆုံးversion ဖြစ်ဖို့ နေ့တိုင်း တိုးတက်အောင်တည်ဆောက်နေဖို့ပဲ။ Insider Note Video စလုပ်တုန်းက စကားပြောတာမြန်တယ်။ နားထောင်ရတာတောင်မောတယ်။Video အခု ၁၀၀ ရက်တစ်ရာရောက်တဲ့အထိ ဝေဖန်တဲ့သူရှိတာပဲ။ ဒီနေ့လို 465 ရက်ရောက်တော့ကော်?ဘယ်လိုနေလဲ?Speed, Quality တိုးတက်လာမှာပဲ။ လူရှေ့သူရှေ့စကားပြောတဲ့အချိန်သောက်တလွဲဖြစ်မှာပဲ။ လူတွေကို ပထမဆုံးစီမံခန့်ခွဲတဲ့အချိန်သောက်တလွဲဖြစ်တာမဆန်းဘူး။ ရင်းနှီးမြုပ်နှံမှုတွေ ပထမဆုံးလုပ်တဲ့အချိန်သောက်တလွဲဖြစ်တာ မဆန်းဘူး။
ကျွန်တော် perfect မဖြစ်ဘူး။
တစ်သက်လုံးလဲ ဖြစ်မှာမဟုတ်ဘူး။ Read More »
အဆင်ပြေတဲ့အချိန်မှာ ဘယ်လောက်အောင်မြင်သလဲဆိုတာနဲ့ကြည့်လို့ရသလိုကျဉ်းထဲကြပ်တဲ့ရောက်တဲ့အခါဘယ်လောက် ပြန်ထနိုင်လဲဆိုတာနဲ့ကြည့်လို့ရတယ်။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် ဘယ်တော့မှအပြစ်မတင်နဲ့။အခြေအနေတိုင်းမှာ ရှိတဲ့အသိဥာဏ်နဲ့အကောင်းဆုံးလုပ်ခဲ့တာပဲ မဟုတ်လား။ Phyo Paing @ Derek
လုပ်ရပ်တိုင်းရဲ့နောက်မှာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်ပြောတယ်။ Read More »
ကိုယ့်အလုပ်က ကိုယ့်ကို နေ့စဉ် တိုးတက်နေစေမှ အကောင်းဆုံးကိုယ်တည်ဆောက်နိုင်မှာ။ သင်တန်းတွေတက်တာက ခဏပဲသင်ပေးလိုက်တာ။ တကယ် practitioner လုပ်လို့ရမယ်လို့စဉ်းစားလို့ မရဘူး။ So good they can’t ignore you စာအုပ်ထဲကလိုCareer Capital တည်ဆောက်ဖို့လိုတယ်။ရှားပါးပြီး အသုံးဝင်တဲ့ skills ပေါ့။ကိုယ်က ဂျွတ်ဆင်ကြီးဖြစ်နေမှကိုယ့်ကို အစားထိုးလို့မရမှာ။ ဒါက အဓိက အချက်ပဲ။ ကိုယ်လုပ်နေတဲ့အလုပ်မှာတော့တစ်ဖက် ကမ်းခတ်ကျွမ်းကျင်ဖို့လိုတယ်။နိုင်ငံပြောင်းပြီး အခြေချရင်တောင်ဒီ skill က အသုံးချလို့ရနေရမယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာရာက ကံအကြောင်းတရားကြောင့် အကုန် ပြောင်သွားနိုင်တယ်။နေ့ချင်းညချင်း အပြောင်းအလဲဖြစ်သွားနိုင်တယ်။ ကိုယ်နဲ့ အမြဲကျန်နေမှာ ကိုယ့်ရဲ့ အရည်အချင်းပဲ။ ကိုယ့်အလုပ်က ကိုယ့်အရည်အချင်းကိုအမြဲတိုးတက်အောင် လုပ်ပေးတဲ့playground တစ်ခုဖြစ်ရမယ်။ Phyo Paing @ Derek
စဉ်းစားကြည့်ကြည့် တစ်ရက်တစ်ရက်
အချိန်အများစုက အလုပ်မှာကုန်တယ်။ Read More »
စာပဲဖတ်ပြီး အသုံးမချနိုင်ရင်အလကားပဲ။ ကျွန်တော်တို့ နိုင်ငံမှာက ကြွားဖို့ စာသင်ကြသလိုဖြစ်တယ်လို့ထင်တယ်။Utility value ကို အရေးကြီးတယ်လို့ထင်တယ်။ဘာစာရွက်၊ ညာစာရွက်ရှိတယ်မပြောနဲ့။ ဘာလုပ်နိုင်သလဲ။ Show me you got ပဲ။ Phyo Paing @ Derek