Decision

ဆုံးဖြတ်ချက်မချခင်သေချာစဉ်းစားဖို့လဲလိုနိုင်တယ်။

အရွေးမှားရင်ကြိုးစားတာကထိရောက်မှာမဟုတ်ဘူး။ အိမ်ထောင်ဖက်ဖြစ်ဖြစ်၊စီးပွါးရေးပါတနာဖြစ်ဖြစ်၊ဝန်ထမ်းဖြစ်ဖြစ်အရွေးမှားရင်အရာထင်ဖို့ခက်တယ်။ ပြန်ရွေးလို့မလွယ်တာတွေကိုဂရုပြုဖို့လိုသလိုဘဝအတွက် အရေးအကြီးဆုံးဆုံးဖြတ်ချက်မချခင်သေချာစဉ်းစားဖို့လဲလိုနိုင်တယ်။ Phyo Paing @ Derek

ဆုံးဖြတ်ချက်မချခင်သေချာစဉ်းစားဖို့လဲလိုနိုင်တယ်။ Read More »

နေ့စဥ်ထိတွေ့တဲ့ လူ၊ နေရာ၊ အိုင်ဒီယာဂရုစိုက်ရတယ်။

ဆုံးဖြတ်မှုတိုင်းမှာနောက်ဆက်တွဲရလဒ်တွေရှိတယ်။ ဒါတွေကို မြင်နိုင်စွမ်းကိုပညာလို့ခေါ်တယ်။ ပညာပိုရှိလေ ဝေးဝေးပိုမြင်နိုင်လေ။ ဒီပညာကိုမြင်၊ သင်၊ ကြား၊ တွေ့၊ ဖတ်ရှု၊ ကျင့်ပြီးရတယ်။ ဥာဏ်ရှိ ကံမရှိတိုင်းမွဲအစားကံရှိ ဥာဏ်ပညာမရှိတိုင်းမွဲဆိုရင်ဒီနေ့ခေတ် ပိုမှန်နိုင်တယ်။ ဥာဏ်ပညာရှိအောင်နေ့တိုင်း သင်၊ ကြား၊ ဖတ်ရှု၊ တွေ့ကြုံ၊ ကျင့်ကြံရတယ်။ နေ့စဥ်ထိတွေ့တဲ့ လူ၊ နေရာ၊ အိုင်ဒီယာဂရုစိုက်ရတယ်။ Phyo Paing @ Derek

နေ့စဥ်ထိတွေ့တဲ့ လူ၊ နေရာ၊ အိုင်ဒီယာဂရုစိုက်ရတယ်။ Read More »

တကယ်ပြောင်းတဲ့သူတွေက”ပြောင်းချင်တယ်” လို့ မပြောဘူး။တကယ်ပြောင်းတယ်။ဒါပါပဲ။

ပြောင်းချင်တာနဲ့ ပြောင်းတာ မတူဘူး။ ပြောင်းချင်တယ်ဆိုတာ ခံစားချက်။ပြောင်းတယ်ဆိုတာ ဆုံးဖြတ်ချက်။ ခံစားချက်က လာလဲလာမယ်။သွားလဲသွားမယ်။မိုးခါးရေလို ယုံလို့မရဘူး။ ဆုံးဖြတ်ချက်က မတူဘူး။ဆုံးဖြတ်ချက်ချရင်ခံစားချက်ကောင်းကောင်း မကောင်းကောင်းရှေ့ဆက်တယ်။ တကယ်ပြောင်းတဲ့သူတွေက“ပြောင်းချင်တယ်” လို့ မပြောဘူး။တကယ်ပြောင်းတယ်။ဒါပါပဲ။ Phyo Paing @ Derek

တကယ်ပြောင်းတဲ့သူတွေက”ပြောင်းချင်တယ်” လို့ မပြောဘူး။တကယ်ပြောင်းတယ်။ဒါပါပဲ။ Read More »

ရေလှိုင်းကို ရပ်တန့်လို့ မရပါဘူး။ဒါပေမယ့် ရေလှိုင်းပေါ်မှာ ဘယ်လို ရပ်တည်မလဲဒါ ကိုယ့် ဆုံးဖြတ်ချက်ပါ။

ဒီ​နေ့လို့အရာရာ ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာဒါဟာ ခဏပါ။ ပျော်နေတာလည်း ခဏပါ။ခက်နေတာလည်း ခဏပါ။နာနေတာလည်း ခဏပါ။ ဒါပေမယ့် လူတွေ ဒါကို မယုံပါဘူး။ ပျော်နေချိန် — “ဒါ ပျောက်သွားမှာ” ကြောက်တယ်။ခက်နေချိန် — “ဒါ ဘယ်တော့မှ မပြီးဘူး” ထင်တယ်။ နှစ်ခုလုံး မှားပါတယ်။ ဗုဒ္ဓက အနိစ္စ ဆိုပြီးဟောကြားခဲ့ပါတယ်။ဘာမှ မတည်မြဲဘူး။ ဒါ ဝမ်းနည်းစရာ မဟုတ်ပါဘူး။ဒါ လွတ်မြောက်ခြင်းပါ။ နာကျင်မှု မတည်မြဲဘူးဆိုတော့ခံနိုင်ပါတယ်။အောင်မြင်မှု မတည်မြဲဘူးဆိုတော့မာန်မာနမထားဘဲ ဆက်ကြိုးစားပါတယ်။ Marcus Aurelius က စစ်ပွဲတွေ ကပ်ရောဂါတွေ ကြားထဲမှာညတိုင်း ဒီစာကို ရေးခဲ့ပါတယ်။ “ဒါဟာ ခဏပါ။ ဒါကိုလည်း ဖြတ်သန်းရမှာပါ” ရောမ ဘုရင်အတွက်ရော ခဏ။သာမန် လူအတွက်ရော ခဏ။ဒါ ဘယ်သူ့ကိုမှ မချန်ပါဘူး။ ဒီနေ့

ရေလှိုင်းကို ရပ်တန့်လို့ မရပါဘူး။ဒါပေမယ့် ရေလှိုင်းပေါ်မှာ ဘယ်လို ရပ်တည်မလဲဒါ ကိုယ့် ဆုံးဖြတ်ချက်ပါ။ Read More »

ကြိုးစားမှုကို မပြောင်းနဲ့။အမြင်ကို ပြောင်းပါ။

ကိုယ့်အမြင် ဘယ်လောက် မြင့်သလဲ ဆိုတာကိုယ့်ဘဝ ဘယ်လောက် မြင့်မလဲဆိုတာကို ဆုံးဖြတ်ပါတယ်။ လူ ၂ ယောက် တူညီတဲ့ အရာကို ကြည့်တယ်။တစ်ယောက်က ပြဿနာ မြင်တယ်။တစ်ယောက်က အခွင့်အလမ်း မြင်တယ်။ မြင်တာ မတူလို့ လုပ်တာ မတူတယ်။လုပ်တာ မတူလို့ ရောက်တာ မတူတယ်။ ကိုယ် ဘယ်လောက် ကြိုးစားကြိုးစားကိုယ့်အမြင်က နိမ့်ရင်ကိုယ့်အမြင့်က နိမ့်မှာပဲ။ အမြင် ကျဉ်းတဲ့သူက ရှေ့တည့်တည့်ပဲ မြင်တယ်။အမြင် ကျယ်တဲ့သူက ဘေးနားကိုပါ မြင်တယ်။အမြင် စူးရှတဲ့သူက သူများ မမြင်တာကို မြင်တယ်။ ဒါ ဘဝတိုင်းမှာ ဖြစ်နေပါတယ်။ လုပ်ငန်းရှင် ၂ ယောက်တူညီတဲ့ ဈေးကွက်ထဲ ဝင်တယ်။တစ်ယောက်က “ပြိုင်ဘက် များလွန်းတယ်” မြင်တယ်။တစ်ယောက်က “ဝယ်လိုအား ရှိတယ်” မြင်တယ်။ တူညီတဲ့

ကြိုးစားမှုကို မပြောင်းနဲ့။အမြင်ကို ပြောင်းပါ။ Read More »

ကိုယ့်ဦးနှောက်ကို သိတဲ့သူ ဆုံးဖြတ်ချက် မှားနည်းတယ်။ကိုယ့်ဦးနှောက်ကို မသိတဲ့သူ — ခံစားချက်ရဲ့ ကျွန် ဖြစ်နေမယ်။

ကိုယ့်ဦးနှောက်ထဲမှာ လူ ၂ ယောက် ရှိတယ်။တစ်ယောက်က မြန်တယ်။ တစ်ယောက်က နှေးတယ်။ပြဿနာက — မြန်တဲ့သူက အမြဲ အနိုင်ယူတယ်။ Daniel Kahneman။ Nobel ဆုရ စိတ်ပညာရှင်။နှစ်ပေါင်း ၃၀ ကျော် သုတေသန လုပ်ပြီး တွေ့ခဲ့တာ —လူတွေ ဆုံးဖြတ်ချက် ချတာ ကိုယ်ထင်သလောက် ယုတ္တိမကျဘူး။ System 1 — မြန်တယ်။ အလိုအလျောက် ဖြစ်တယ်။ ခံစားချက်နဲ့ သွားတယ်။System 2 — နှေးတယ်။ အားစိုက်ရတယ်။ တွေးပြီးမှ ဖြေတယ်။ ကိုယ် ဆုံးဖြတ်ချက်တွေ ၉၀% က System 1 ကနေ လာတယ်။တွေးပြီး ဆုံးဖြတ်တယ်လို့ ထင်တယ်။တကယ်က ခံစားပြီး ဆုံးဖြတ်တာ။ ပြီးမှ အကြောင်းပြချက်

ကိုယ့်ဦးနှောက်ကို သိတဲ့သူ ဆုံးဖြတ်ချက် မှားနည်းတယ်။ကိုယ့်ဦးနှောက်ကို မသိတဲ့သူ — ခံစားချက်ရဲ့ ကျွန် ဖြစ်နေမယ်။ Read More »

ဒီမေးခွန်း မေးရင်ကိုယ် စဉ်းစားတတ်ပြီ။

ကိုယ့်ကို ဒုက္ခပေးနေတာကိုယ့် ပြဿနာ မဟုတ်ဘူး။ကိုယ့် စဉ်းစားပုံပါပဲ။ တူညီတဲ့ ပြဿနာ ကိုလူ ၂ ယောက် ကြုံတယ်။တစ်ယောက် ပြိုကျတယ်။တစ်ယောက်က တိုးတက်သွားတယ်။ ပြဿနာ တူတယ်။စဉ်းစားပုံ ကွာတယ်။ Daniel Kahneman (ဒယ်နီယယ် ခါနဲမင်) ကလူ့ဦးနှောက်ကို ၂ ပိုင်း ခွဲပြခဲ့တယ်။ System I — မြန်တယ်။ ခံစားချက်နဲ့ သွားတယ်။လူတစ်ယောက် ပထမအကြိမ် တွေ့တာနဲ့“ဒီလူ ယုံလို့ ရတယ်” ထင်လိုက်တယ်။ဝန်ထမ်း ခန့်တဲ့အခါ “ဒီလူ ကောင်းမယ် ထင်တယ်” ဆိုပြီးခံစားချက်နဲ့ ခန့်တယ်။ဒါ System I။ System II — နှေးတယ်။ သေချာ စဉ်းစားတယ်။ ပင်ပန်းတယ်။“ဒီလူရဲ့ Track Record (လုပ်ရပ် မှတ်တမ်း) ဘာလဲ။ကိုယ့်

ဒီမေးခွန်း မေးရင်ကိုယ် စဉ်းစားတတ်ပြီ။ Read More »

မဝုန်းခင် မရှုံးအောင်လေ့လာပါ။

တစ်ခုခုကို အားကုန်ထည့်မဝုန်းခင်ဝုန်းသင့်မဝုန်းသင့်အချိန်ပေး၊စမ်းသပ်၊ လေ့လာပါ။Discovery before Dedication. မဝုန်းခင် မရှုံးအောင်လေ့လာပါ။ Phyo Paing @ Derek

မဝုန်းခင် မရှုံးအောင်လေ့လာပါ။ Read More »

မှန်တာတွေလုပ်မိဖို့

မှန်တာတွေလုပ်မိဖို့က မျက်စိမှိတ်ကြိုးစားတာထက်အရေးကြီးတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကကိုယ့်ကိုနောက်တစ်ဆင့်ရောက်စေနိုင်သလို၊နောက်ပြန်လှည့်လို့မရတဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ဟာလဲတိုင်ပတ်မှုအပေါင်းကိုယူလာနိုင်တယ်။ မှန်တာတွေလုပ်မိဖို့ ၁။ ကိုယ်လိုချင်တာကို ရှင်းရှင်းလင်းလင်းသိရတယ်။၂။ ဆုံးဖြတ်ချက်မချခင် သိသင့်သိထိုက်တဲ့သတင်းအချက်အလက်သေချာစုစည်းပြင်ဆင်ဖို့လိုတယ်။၃။ ဆုံးဖြတ်ချက်က နောက်ကြောင်းပြန်ရမရစဥ်းစားကြည့်ဖို့လိုတယ်။ ၄။ ရွေးချယ်လို့ရတဲ့လမ်းကြောင်းတွေတစ်ခုချင်းကို အကောင်း၊ အဆိုး၊အကြောင်း၊ အကျိုးချရေးပြီးသုံးသပ်ဖို့လိုတယ်။၅။ ရှေ့မှာ ကိုယ့်လိုဆုံးဖြတ်ချက်ချခဲ့သူတွေရှိရင်သူတို့ ဘာတွေဖြစ်သွားလဲ လေ့လာဖို့လိုတယ်။၆။ ကိုယ့်ဆုံးဖြတ်ချက်ကြောင့် တစ်လ၊ တစ်နှစ်၊ ဆယ်နှစ်အတွက်အပြောင်းအလဲဘာတွေဖြစ်နိုင်လဲသုံးသပ်ကြည့်ဖို့လိုတယ်။ ၇။ ဆုံးဖြတ်ချက်ကြီးကြီးတခါတည်းမချခင်စမ်းသပ်မှုသေးသေးလေးတွေလုပ်လို့ရလားရရင် တစ်လှမ်းချင်းစမ်းကြည့်ပြီးမှဆုံးဖြတ်ချက်ချ။ Phyo Paing @ Derek

မှန်တာတွေလုပ်မိဖို့ Read More »