Change

ဘဝသစ်ကို လိုချင်ရင် အဟောင်းတွေကိုလက်လွှတ်ရဲဖို့လိုနိုင်တယ်။

ဘဝဆိုတာ ကိုယ်ရှိနေတဲ့ ‘ပတ်ဝန်းကျင်’၊ကိုယ်ပေါင်းနေတဲ့ ‘လူ’ နဲ့ကိုယ်ဆုပ်ကိုင်ထားတဲ့ ‘အတွေးအခေါ်’ တွေရဲ့ရလဒ်ပဲ။” လူအများစုက သူတို့ဘဝကိုပြောင်းလဲချင်ကြတယ်။ငွေကြေးချမ်းသာချင်တယ်၊စစ်မှန်တဲ့အချစ်ကို လိုချင်တယ်၊ဂုဏ်ဒြပ်နဲ့ ငြိမ်းချမ်းတဲ့တရားကို ရှာဖွေကြတယ်။ဒါပေမဲ့ ပြဿနာက နေရာဟောင်း၊လူဟောင်း၊အတွေးဟောင်းတွေထဲမှာပဲတဝဲလည်လည် လုပ်နေကြတာပဲ။ မျိုးစေ့တစ်ခုကို မြေဆီလွှာမကောင်းတဲ့ နေရာမှာဘယ်လောက်ပဲ စိုက်စိုက် သီးပွင့်လာမှာ မဟုတ်ဘူး။ ၁။ လူပြောင်းမိတ်ဆွေကို တိုးတက်အောင်တွန်းအားမပေးနိုင်တဲ့ ပတ်ဝန်းကျင်ကလူတွေကိုစွန့်ခွာရဲရမယ်။ ၂။ နေရာပြောင်းမိတ်ဆွေရဲ့ တန်ဖိုးကို မသိတဲ့နေရာမှာအချိန်ကုန်မခံပါနဲ့။ ၃။ အိုင်ဒီယာပြောင်းမနေ့က အတွေးအခေါ်ကဒီနေ့အတွက် အဖြေမဟုတ်တော့ဘူး။ ဒီ သုံးခုကို ပြောင်းလဲလိုက်တာနဲ့မိတ်ဆွေ လိုချင်နေတဲ့ငွေ၊ အချစ်၊ ဂုဏ်၊ တရား ဆိုတာတွေကအလိုအလျောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလိမ့်မယ်။ ဘဝသစ်ကို လိုချင်ရင် အဟောင်းတွေကိုလက်လွှတ်ရဲဖို့လိုနိုင်တယ်။ဒါဟာ သတ္တိရှိသူတွေပဲ ရနိုင်တဲ့ ဆုလာဘ်ပဲ။ Phyo Paing @ Derek

ဘဝသစ်ကို လိုချင်ရင် အဟောင်းတွေကိုလက်လွှတ်ရဲဖို့လိုနိုင်တယ်။ Read More »

သူများနဲ့နှိုင်းယှဥ်တတ်တဲ့စိတ်ကိုပြောင်း။ကိုယ့်ကိုကိုယ် အပြစ်တင်တာကိုပြောင်း။

ပျော်ချင်ရင် ပြောင်း။ သူများနဲ့နှိုင်းယှဥ်ပြီးအောက်ကျနောက်ကျဖြစ်တဲ့အခါပူလောင်တာကိုပြောင်း။​ သူများနဲ့နှိုင်းယှဥ်တတ်တဲ့စိတ်ကိုပြောင်း။ကိုယ့်ကိုကိုယ် အပြစ်တင်တာကိုပြောင်း။ Phyo Paing @ Derek

သူများနဲ့နှိုင်းယှဥ်တတ်တဲ့စိတ်ကိုပြောင်း။ကိုယ့်ကိုကိုယ် အပြစ်တင်တာကိုပြောင်း။ Read More »

တကယ်ပြောင်းတဲ့သူတွေက”ပြောင်းချင်တယ်” လို့ မပြောဘူး။တကယ်ပြောင်းတယ်။ဒါပါပဲ။

ပြောင်းချင်တာနဲ့ ပြောင်းတာ မတူဘူး။ ပြောင်းချင်တယ်ဆိုတာ ခံစားချက်။ပြောင်းတယ်ဆိုတာ ဆုံးဖြတ်ချက်။ ခံစားချက်က လာလဲလာမယ်။သွားလဲသွားမယ်။မိုးခါးရေလို ယုံလို့မရဘူး။ ဆုံးဖြတ်ချက်က မတူဘူး။ဆုံးဖြတ်ချက်ချရင်ခံစားချက်ကောင်းကောင်း မကောင်းကောင်းရှေ့ဆက်တယ်။ တကယ်ပြောင်းတဲ့သူတွေက“ပြောင်းချင်တယ်” လို့ မပြောဘူး။တကယ်ပြောင်းတယ်။ဒါပါပဲ။ Phyo Paing @ Derek

တကယ်ပြောင်းတဲ့သူတွေက”ပြောင်းချင်တယ်” လို့ မပြောဘူး။တကယ်ပြောင်းတယ်။ဒါပါပဲ။ Read More »

ဘဝက ကိုယ့်ကို ဒီဇိုင်းဆွဲနေတာ ခံမနေနဲ့ကိုယ်က ဘဝကို ဒီဇိုင်းဆွဲပါ

လူတိုင်း ဘဝကို ဒီဇိုင်းဆွဲလို့ ရတယ်ဒါပေမဲ့ လူအများစု ဒီဇိုင်းမဆွဲဘူးသူများ ဆွဲထားတဲ့ ဒီဇိုင်းထဲ နေတယ် မနက် ၇ နာရီ ထရုံးသွားညနေ ၅ နာရီ ပြန်ထမင်းစားဖုန်းကြည့်အိပ် ဒါ ကိုယ့်ဘဝ မဟုတ်ဘူးဒါ သူများ ဆွဲထားတဲ့ အချိန်ဇယားထဲ ကိုယ် ဝင်နေတာ Lifestyle Design ဆိုတာဘယ်ကား စီးမလဲဘယ်အိမ် နေမလဲဆိုတာ မဟုတ်ဘူး ကိုယ့်ရဲ့ တစ်နေ့တာ ဘယ်လို ဖြတ်သန်းချင်လဲဒါကို ကိုယ်တိုင် ရွေးတာ မေးခွန်း ၄ ခု ရှိတယ် ၁။ မနက် ၁၀ နာရီမှာ ကိုယ် ဘာလုပ်နေချင်လဲရုံးထဲ ထိုင်နေချင်လားကော်ဖီဆိုင်မှာ စာရေးနေချင်လားကလေးနဲ့ ကစားနေချင်လား ၂။ ဘယ်သူတွေနဲ့ အချိန်ဖြုန်းချင်လဲကိုယ် မကြိုက်တဲ့လူတွေနဲ့ ၈ နာရီ

ဘဝက ကိုယ့်ကို ဒီဇိုင်းဆွဲနေတာ ခံမနေနဲ့ကိုယ်က ဘဝကို ဒီဇိုင်းဆွဲပါ Read More »

လူတစ်ယောက်ဘဝအပြောင်းအလဲ
ဖြစ်စေတဲ့အရာသုံးခု

လူတစ်ယောက်ဘဝအပြောင်းအလဲဖြစ်စေတဲ့အရာသုံးခု၁။ လူ၂။ အိုင်ဒီယာ၃။ နေရာ Phyo Paing @ Derek

လူတစ်ယောက်ဘဝအပြောင်းအလဲ
ဖြစ်စေတဲ့အရာသုံးခု
Read More »

အရာရာကို ပြောင်းလဲပေးစေနိုင်တယ်။

သတင်းအချက်အလက်တွေသိပ်များတဲ့ခေတ်မှာ ဘယ်အရာက အဓိက၊ဘယ်အရာက သာမညခွဲသိခြင်းက “ပညာ”ပဲ။ ဖြုန်းတီးခြင်းဆိုတာအဓိကကို သာမညလုပ်၊သာမညကို အဓိကလုပ်ပြီးအရေးမပါတာကို အရာပေးခြင်းပဲ။ ဘဝမှာ အရေးပါတာတွေကိုအရာပေးနိုင်ဖို့လိုတယ်။ ဒီအတွက် မှန်ကန်တဲ့ “အိုင်ဒီယာတစ်ခု”၊“အမြင်တစ်ခု” က အရာရာကို ပြောင်းလဲပေးစေနိုင်တယ်။ Phyo Paing @ Derek

အရာရာကို ပြောင်းလဲပေးစေနိုင်တယ်။ Read More »

ဘဝကို သုံးလေးငါးနှစ်နဲ့
တည်ဆောက်လို့ ဘယ်လွယ်မလဲ။

ဆယ်စုနှစ်တစ်ခုလောက်စိတ်ရှည်ရှည်အချိန်ပေးဖို့လိုနိုင်တယ်။ စိတ်ရှည်၊ သည်းခံ၊ လေ့လာရန်လိုတယ်။Year 1 နဲ့ Year 10 ပထမနှစ်နဲ့ နောက်ဆယ်နှစ် တူမှာမဟုတ်ဘူး။ ကျွန်တော်ကတော့ နေ့ရက်တိုင်းကို Iterative Process တွေလိုစဥ်းစားတယ်။ လတိုင်းကိုလဲ အလားတူပဲ။ ရှေ့ဆက်သွားမည့် မနက်ဖြန်တွေအတွက်နေ့ရက်တိုင်းက သင်ပေးလိုက်တဲ့ သင်ခန်းစာယူတယ်။ မဖြစ်သေးတဲ့ ပြဿနာတွေကို ကြိုတင်အဖြေရှာကြည့်မိတယ်။ လတိုင်းမှာလဲ အသစ်တွေသင်ယူဖို့လုပ်ကြည့်တယ်။နောက် ၂၀၃၄ မှာ အသက်ရှင်ကြအုံးမယ်ဆိုရင်ဘယ်လိုပုံစံနဲ့ ပြန်တွေ့ကြမလဲ ရင်ခုန်ဖို့ သိပ်ကောင်းတယ်။ Phyo Paing @ Derek

ဘဝကို သုံးလေးငါးနှစ်နဲ့
တည်ဆောက်လို့ ဘယ်လွယ်မလဲ။
Read More »

သမာဓိဆိုတာ

ပျော်ရွင်ချင်ရင်သာယာမှုနောက်မလိုက်နဲ့။ဥာဏ်ပညာနောက်လိုက်။ သာယာမှုကလာတဲ့ပျော်ရွင်မှုက ရည်ရှည်မခံဘူး။ဥာဏ်ပညာက လာတဲ့ပျော်ရွင်မှုက ရေရှည်ခံတယ်။ သာယာမှုကြောင့်ဖြစ်တဲ့ပျော်ရွင်မှုက ဖြစ်ပြီးပျက်တယ်။ဥာဏ်ပညာက နားလည်သဘောပေါက်ပြီးရင်လောကကို မြင်တဲ့အမြင်လုံးဝပြောင်းသွားတယ်။ ပျော်ရွင်မှုဖြစ်ဖို့သာယာမှုတွေကလိုက်ရှာတတ်တယ်။အသိအမှတ်ပြုခံရမှုတွေက လိုက်ရှာတတ်တယ်။ပျော်ရွင်မှုကိုဥာဏ်ပညာကဖြစ်ဖို့သတိနဲ့ သမာဓိလိုတယ်။ သမာဓိဆိုတာကောင်းစွာ-ငြိမ်သက်-တည်ကြည်-သော စေတသိက်။အင်္ဂလိပ်ဆို အနီးစပ်ဆုံးဆိုSingle-mindedness ဖြစ်တာ၊ဒီလိုလုပ်ဖို့ စူးစိုက်စိတ် centration လိုတယ်။ သမာဓိမရှိပဲ စာဖတ်လို့မရဘူး။တရားကြာကြာထိုင်လို့မရဘူး။လေ့ကျင့်ခန်းကြာကြာ အာရုံစိုက်လုပ်လို့မလွယ်ဘူး။စိတ်တွေ လေလွင့် သတိမကပ်ရင်မရဘူး။သမာဓိဖြစ်ဖို့ သတိလိုတယ်။ ဒါကြောင့် ပျော်ရွင်ချင်ရင်သာယာမှုက ပေးတဲ့ပျော်ရွင်မှုထက်သတိ၊ သမာဓိ၊ ပညာနောက်လိုက်။ ဒီနေ့ ရေးထားတဲ့ Journal ထဲက။ Phyo Paing @ Derek

သမာဓိဆိုတာ Read More »