ဘယ်အချိန်မှာ ဘာလုပ်ရမယ်သိတာ
မဟာဗျူဟာပဲ။
ဘယ်အချိန်မှာ လောဘကြီးရမယ်။ဘယ်အချိန်မှာ ငြိမ်နေရမယ်။ဘယ်အချိန်မှာ လေ့လာမှုပြုရမယ်။ဘယ်အချိန်မှာ ထုတ်ကုန်အသစ်ထုတ်ရမယ်။ဘယ်အချိန်မှာ ဘယ်ကိုသွားရမယ်။ဘယ်အချိန်မှာ ဘယ်သူတွေနဲ့ချိပ်ဆက်ရမယ်။ဘယ်အချိန်မှာ ပိုးစိုးပက်စက်အလုပ်လုပ်ရမယ်။ဘယ်အချိန်မှာ နားရမယ်။ဘယ်အချိန်မှာ လည်ပြီးဘယ်အချိန််မှာ အချင်ယောင်ဆောင်ရမယ်။ ဘယ်အချိန်မှာ ဘာမလုပ်ရဘူး။ဘယ်အချိန်မှာ ဘာလုပ်ရမယ်။ အချိန်အခါကို ကောင်းကောင်းသိပြီးလုပ်ဆောင်မှုကို လုပ်ဆောင်နိုင်တာမဟာဗျူဟာမြောက်တာပဲ။ စေတနာကောင်းတိုင်းရှေ့မရောက်ဘူး။ကြိုးစားတိုင်း ရှေ့မရောက်ဘူး။အပေါင်းအသင်းများတိုင်းလဲ ရှေ့မရောက်ဘူး။ အသိပညာ၊ အတတ်ပညာတစ်ခုမှာတော်တိုင်းလဲရှေ့ရောက်ချင်မှရောက်မယ်။ ရည်မှန်းချက်တစ်ခုရှိရမယ်။ဘယ်အချိန်မှာ ဘာလုပ်ရမယ်သိရမယ်။သိဖို့လဲ မျက်စိဖွင့်နားစွင့် အမြဲလေ့လာနေဖို့လိုတယ်။မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့အလုပ်လုပ်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek
ဘယ်အချိန်မှာ ဘာလုပ်ရမယ်သိတာ
မဟာဗျူဟာပဲ။ Read More »