လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံး
အင်အားကတော့ “အချိန်” ပဲ။
တစ်နာရီကုန်သွားတိုင်းတစ်နာရီထက် ပိုတာပြန်ရမလား။ လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံးအင်အားကတော့ “အချိန်” ပဲ။ ဒီအချိန်ကို ကာယ၊ ဥာဏနဲ့ပေါင်းပြီးဘယ်လိုအသုံးချမလဲဆိုတာ အရေးအကြီးဆုံးပဲ။ အချိန်တစ်နာရီကို အကျိုးမရှိတဲ့အရာတွေနဲ့ အချိန်ကုန်လို့ရတယ်။အချိန် တစ်နာရီကို ကိုယ့်အနာဂတ်အတွက် အသုံးပြုလို့ရမယ်။ဒီတစ်နာရီ ဒီဘဝအတွက်ဖြစ်ရင်ဖြစ်မယ်။ဒီဘဝအတွက်ဆို လောကီ။ သံသရာအတွက်ဖြစ်ရင်ဖြစ်မယ်။ဒါက လောကုတ္တရာ။ ဘယ်လိုပဲဖြစ်ဖြစ် သံသရာမှာလူတွေပိုင်ဆိုင်တာ “အချိန်”။ တချို့ အချိန်ကို မပိုင်ဘူး။ထမင်းစားဖို့။ မိသားစုအရေး။ဒီအချိန်နဲ့ ငွေနဲ့လဲနေရတယ်။ ဒါကိုပြောင်းပြန်လှန်ဖို့ အချိန်ကို အကောင်းဆုံးသုံးနိုင်ဖို့လိုတယ်။ ဒီနေ့အသုံးပြုလိုက်တဲ့အချိန်တိုင်းကအနာဂတ် အချိန်တွေကို ခြွေတာပေးနိုင်ရမယ်။ ဒါကတော့ ကျွန်တော်ခံယူထားတဲ့အချိန်စီမံခန့်ခွဲမှု ဥပဒေသတစ်ခုပဲ။ ဒီနေ့ ကျန်းမာရေးအတွက်အချိန်ပေးတယ်။အိပ်စက်လို့ပိုကောင်းပြီးကျန်းမာအသက်ရှည်တဲ့အတွက် အနာဂတ်အချိန်ပိုထွက်လာမယ်။ နည်းပညာအသစ်တွေကို အသုံးပြုနိုင်တော့အနာဂတ်အချိန်ခြွေတာနိုင်မယ်။ လူတိုင်းက ဘယ်လောက်ချမ်းသာချမ်းသာကိုယ့်အချိန်ကိုယ်မပိုင်ရင်ချမ်းသာမှုအစစ်လို့ သတ်မှတ်လို့မရနိုင်ဘူး။ တစ်နာရီ၊ တစ်ရက်၊ တစ်ပတ်၊ တစ်လ၊ တစ်နှစ်၊ တစ်သက်သာကိုကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေလို့မရဘူး။အလိုလိုပေါက်တာ မြက်ပင်တွေပိုများတယ်။ပန်းကောင်းပန်းမံအတွက် သေချာစိုက်ပျိုးဖို့လိုတတ်တယ်။ Phyo […]
လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံး
အင်အားကတော့ “အချိန်” ပဲ။ Read More »