Management

ကိုယ်ကြိုတင်စဥ်းစားကြံစည်စားလေလေrisk အန္တရာယ်ကို စီမံခန့်ခွဲနိုင်လေလေပဲ။

ဘဝမှာ တချို့အရာတွေကိုno လို့ မြန်မြန်ပြောရဲဖို့လိုတယ်။​ အလုပ်ဖြစ်၊ ပိုက်ဆံရနေဆိုင်းဆက်လုပ်နေလို့မရဘူး။အနာဂတ်မှာ အထောက်အကူပိုဖြစ်တာရှိရင်အခုချက်ချင်း ငွေကြေးမရသေးလဲလုပ်ဆောင်သင့်တယ်လို့မြင်တယ်။​ နောက်ပြီး သေပြီးဘာဖြစ်မလဲမသိပေမယ့်မသေခင်မှာတော့၁။ မကျန်းမမာဖြစ်နိုင်တယ်၂။ ချစ်တဲ့သူတွေ သေဆုံးနိုင်တယ်၃။ လူတွေကိုယ့်ကို မုန်းတာ၊ အထင်မကြီးတာ အထင်သေးတာ ဒါကလဲဖြစ်နိုင်တယ်၄။ ငွေကြေးတွေ အကုန်ဆုံးရှုံးသွားနိုင်တယ်၅။ ကမ္ဘာ စစ်ဖြစ်တဲ့အတွက် ဖန်တီးထားတဲ့အရာတွေပြိုလဲနိုင်တယ်၆။ မသေခင် အသက်ငင်ရတဲ့အဖြစ်မျိုးဖြစ်နိုင်တယ် အဆိုးဆုံးတွေကို ကြိုရေးထားကြည့်လိုက်တယ်။ဒါတွေဖြစ်လာရင် ဘာတွေလုပ်လို့ရမလဲ၊မဖြစ်ခင် ဘာတွေ ပြင်ဆင်ထားလို့ရမလဲ၊မသေခင်ဘာတွေ လုပ်သွားမလဲ၊ကိုယ့်ပလန်တွေက အဖြစ်အပျက်တွေကြောင့်ဘာတွေပြောင်းသွားနိုင်လဲ ကြိုစဥ်းစားထားလိုက်တယ်။ ကိုယ်ကြိုတင်စဥ်းစားကြံစည်စားလေလေrisk အန္တရာယ်ကို စီမံခန့်ခွဲနိုင်လေလေပဲ။ Phyo Paing @ Derek

ကိုယ်ကြိုတင်စဥ်းစားကြံစည်စားလေလေrisk အန္တရာယ်ကို စီမံခန့်ခွဲနိုင်လေလေပဲ။ Read More »

ဘဝကို စံမီဖို့က စီမံဖို့လိုတာအမှန်ပါပဲ။

ဘဝကို စီမံဖို့တစ်နေ့တာကို စီမံနိုင်ဖို့လိုတယ်။​ဒါမှ တစ်ပတ်ကို စီမံနိုင်မယ်။ဒီလိုနဲ့ တစ်လ၊ တစ်နှစ်စီမံနိုင်မယ်။​ ကိုယ့်ကိုကိုယ်တောင်မစီမံနိုင်တဲ့သူကိုမန်နေဂျာခန့်ရင် ငါးပါးမှောက်သွားမယ်။ တချို့က သံသရာအတွက် စဉ်းစားနိုင်တယ်။​တချို့က တစ်ဘဝအတွက် စဉ်းစားနိုင်တယ်။​တစ်ချို့က ဆယ်နှစ်စာ စဉ်းစားနိုင်တယ်။​တစ်ချို့က တစ်နှစ်စာ။တစ်ချို့က တစ်လ။​တချို့က တစ်ပတ်။တစ်ချို့က တစ်ရက်။တစ်ချို့က ဘဝအတွက် စီမံခန့်ခွဲရမယ်ဆိုတာကိုမသိဘူး။​ ဘဝကို စံမီဖို့က စီမံဖို့လိုတာအမှန်ပါပဲ။ Phyo Paing @ Derek

ဘဝကို စံမီဖို့က စီမံဖို့လိုတာအမှန်ပါပဲ။ Read More »

အာရုံ ဘယ်ကို သွားနေလဲ —ကြည့်ပါ။

အာရုံစီမံခန့်ခွဲမှု အချိန်က တန်းတူညီမျှပါ။တစ်နေ့ ၂၄ နာရီ။လူတိုင်းအတွက် အတူတူပဲ။ ဒါပေမယ့် ရလဒ်က ဘာလို့ ကွာသွားတာလဲ။ အချိန်ကို စီမံတာ မဟုတ်ဘူး။အာရုံ (attention) ကို စီမံတာ။ အချိန်က ထွက်ပြေးနေတဲ့ မြင်းတစ်ကောင်လိုပဲ။ဖမ်းလို့ မရဘူး။ဘယ်သူမှ မရပ်နိုင်ဘူး။ ဒါပေမယ့် အာရုံကတော့ကိုယ်တိုင် ချုပ်ကိုင်နိုင်တာ။ဘယ်ကိုပြောင်းမယ်၊ ဘယ်ကိုအာရုံစိုက်မယ် —ဒါ ကိုယ်ရွေးချယ်လို့ရတယ်။ မနက်ရောက် ဖုန်းကောက်ကိုင်လိုက်တာနဲ့Instagram မှာ ၁၅ မိနစ်ပျောက်။Facebook မှာ ၂၀ မိနစ်ပျောက်။YouTube Shorts မှာ မသိဘဲ ၄၅ မိနစ်ပျောက်။ အချိန်ပျောက်တာ မဟုတ်ဘူး။အာရုံ ပျောက်တာ။ အာရုံစိုက်အလုပ််လုပ်ချင်တယ်။ဦးနှောက်က ဘာလို့ မလုပ်နိုင်တော့တာလဲဆိုတော့ —အာရုံ စုစည်းနိုင်တဲ့ စွမ်းအားမနက်စောစောကတည်းက အကုန်ခံပြီးသား ဖြစ်သွားလို့။ အမေရိကန် စိတ်ပညာရှင် William James

အာရုံ ဘယ်ကို သွားနေလဲ —ကြည့်ပါ။ Read More »

သုံးခုလုံး ပြင်ဆင်ပြီးတဲ့ နေ့ကိုယ့်ကို ရပ်တန့်လို့ ရမယ့် အရာ မရှိတော့ဘူး။

ဒီ ၃ ခု မရှိဘဲ ဒီနေ့လိုအခြေအနေမှာလွယ်ကူဖို့ခက်တယ်။ တစ်ခုပဲ ရှိရင် ခက်မယ်။နှစ်ခု ရှိရင် ကောင်းမယ်။သုံးခု ရှိရင် ရပ်လို့ မရတော့ဘူး။တိုးတက်မှုမြန်နှုန်းမြင့်မယ်။ Mastery ဆိုတာ ကိုယ် ကျွမ်းကျင်မှုတစ်ခုကိုနက်နက်နဲနဲ တတ်တာ။ပညာတတ်ရုံတင်မဟုတ်ဘူး။နက်နက်နဲနဲကျွမ်းကျင်တာ။မေးလိုက်ရင် ဘယ်သူ့ထက်မဆိုရှင်းရှင်းလင်းလင်း ဖြေနိုင်တဲ့ အဆင့်။ ဒါ မရှိဘဲ Marketing လုပ်ရင်ဗလာကို ထုပ်ပိုးနေတာနဲ့တူမယ်။ဝယ်တဲ့သူ တစ်ခါ ဝယ်ပြီး ပြန်မလာတော့ဘူး။ ဒါ မရှိဘဲ Management လုပ်ရင်ဘာခိုင်းရမလဲ ကိုယ်တိုင် မသိဘူး။Team က ဘယ်ဘက် သွားရမလဲ မသိတော့ဘူး။ Mastery ဆိုတာ ၁၀ ခု တတ်တာ မဟုတ်ဘူး။၁ ခုကို ၁၀ ဆ နက်အောင် တတ်တာ။ ဒုတိယကတော့ Marketing ပါ။Marketing ဆိုတာ ကြော်ငြာ

သုံးခုလုံး ပြင်ဆင်ပြီးတဲ့ နေ့ကိုယ့်ကို ရပ်တန့်လို့ ရမယ့် အရာ မရှိတော့ဘူး။ Read More »

လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံး
အင်အားကတော့ “အချိန်” ပဲ။

တစ်နာရီကုန်သွားတိုင်းတစ်နာရီထက် ပိုတာပြန်ရမလား။ လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံးအင်အားကတော့ “အချိန်” ပဲ။ ဒီအချိန်ကို ကာယ၊ ဥာဏနဲ့ပေါင်းပြီးဘယ်လိုအသုံးချမလဲဆိုတာ အရေးအကြီးဆုံးပဲ။ အချိန်တစ်နာရီကို အကျိုးမရှိတဲ့အရာတွေနဲ့ အချိန်ကုန်လို့ရတယ်။အချိန် တစ်နာရီကို ကိုယ့်အနာဂတ်အတွက် အသုံးပြုလို့ရမယ်။ဒီတစ်နာရီ ဒီဘဝအတွက်ဖြစ်ရင်ဖြစ်မယ်။ဒီဘဝအတွက်ဆို လောကီ။ သံသရာအတွက်ဖြစ်ရင်ဖြစ်မယ်။ဒါက လောကုတ္တရာ။ ဘယ်လိုပဲဖြစ်ဖြစ် သံသရာမှာလူတွေပိုင်ဆိုင်တာ “အချိန်”။ တချို့ အချိန်ကို မပိုင်ဘူး။ထမင်းစားဖို့။ မိသားစုအရေး။ဒီအချိန်နဲ့ ငွေနဲ့လဲနေရတယ်။ ဒါကိုပြောင်းပြန်လှန်ဖို့ အချိန်ကို အကောင်းဆုံးသုံးနိုင်ဖို့လိုတယ်။ ဒီနေ့အသုံးပြုလိုက်တဲ့အချိန်တိုင်းကအနာဂတ် အချိန်တွေကို ခြွေတာပေးနိုင်ရမယ်။ ဒါကတော့ ကျွန်တော်ခံယူထားတဲ့အချိန်စီမံခန့်ခွဲမှု ဥပဒေသတစ်ခုပဲ။ ဒီနေ့ ကျန်းမာရေးအတွက်အချိန်ပေးတယ်။အိပ်စက်လို့ပိုကောင်းပြီးကျန်းမာအသက်ရှည်တဲ့အတွက် အနာဂတ်အချိန်ပိုထွက်လာမယ်။ နည်းပညာအသစ်တွေကို အသုံးပြုနိုင်တော့အနာဂတ်အချိန်ခြွေတာနိုင်မယ်။ လူတိုင်းက ဘယ်လောက်ချမ်းသာချမ်းသာကိုယ့်အချိန်ကိုယ်မပိုင်ရင်ချမ်းသာမှုအစစ်လို့ သတ်မှတ်လို့မရနိုင်ဘူး။ တစ်နာရီ၊ တစ်ရက်၊ တစ်ပတ်၊ တစ်လ၊ တစ်နှစ်၊ တစ်သက်သာကိုကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေလို့မရဘူး။အလိုလိုပေါက်တာ မြက်ပင်တွေပိုများတယ်။ပန်းကောင်းပန်းမံအတွက် သေချာစိုက်ပျိုးဖို့လိုတတ်တယ်။ Phyo

လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံး
အင်အားကတော့ “အချိန်” ပဲ။
Read More »

စီမံခန့်ခွဲမှုလိုတယ်။

ပညာနဲ့ ပိုက်ဆံ အနည်းဆုံးတစ်ခုခုတော့အများကြီးလိုတယ်။ပညာနဲ့ ပိုက်ဆံရှာလို့ရသလိုပိုက်ဆံနဲ့ ပညာရှာပြီးပိုတိုးတက်ကြီးပွါးအောင်လုပ်လို့ရတယ်။ ဒါတွေလုပ်ဖို့စွမ်းအင် (အင်နာဂျီ)၊ ကျန်းမာရေး၊အချိန်၊ စိတ်အာရုံစီမံခန့်ခွဲမှုလိုတယ်။ Phyo Paing @ Derek

စီမံခန့်ခွဲမှုလိုတယ်။ Read More »

ဘဝက ပြဿနာ သံပရာသီးလာပေးတဲ့အခါ
Vodka လေးနဲ့ရောလိုက်ပေါ့။

Covid-19 သာမဖြစ််ခဲ့ရင် ရုံးမထားပဲ ဝန်ထမ်း ၂၅ ယောက်ကိုစီမံခန့်ခွဲဖို့ နည်းလမ်းတွေတွေ့လာမှာ မဟုတ်သလို၊ ဘယ်နေရာမှာနေနေအလုပ်လုပ်လို့ရတဲ့၊လုပ်ငန်းလည်ပတ်လို့ရတဲ့နည်းတွေ သိလာမှာမဟုတ်ဘူး။ ဘဝက ပြဿနာ သံပရာသီးလာပေးတဲ့အခါVodka လေးနဲ့ရောလိုက်ပေါ့။ If COVID-19 had not happened,we wouldn’t have discovered methods to manage a team of 25 employees without an office, nor the flexibility to work from anywhere and the ability to keep business operations running smoothly. When life gives you lemons, like

ဘဝက ပြဿနာ သံပရာသီးလာပေးတဲ့အခါ
Vodka လေးနဲ့ရောလိုက်ပေါ့။
Read More »

ပြဿနာဖြေရှင်းနိုင်စွမ်းမြင့်တဲ့သူ
ဘယ်နှစ်ယောက် ရှိလဲ အရေးကြီးတယ်။

သူငယ်တန်းကလေး အယောက် ၁၀၀ ဝိုင်းဖြေလဲဆယ်တန်းကအောင်မှာမဟုတ်ဘူး။အဲ့လိုပဲ ကိုယ့်လုပ်ငန်းမှာလူအယောက် ၁၀၀ ရှိတာကောင်းတယ်။အဲ့အယောက် ၁၀၀ မှာA player ကောင်းကောင်းပြဿနာဖြေရှင်းနိုင်စွမ်းမြင့်တဲ့သူဘယ်နှစ်ယောက် ရှိလဲ အရေးကြီးတယ်။ ကိုယ့်ရဲ့ ဦးဆောင်တဲ့ team ရဲ့brain power ကို အဓိကမြင့်ထားဖို့လိုတယ်။ လူတော်တွေကို train မှလုပ်ငန်းခုန်ပျံကျော်လွှားတိုးတက်မှာ။ လူတွေမှာ A player, B player, C player ရှိတယ်။စွမ်းဆောင်ရည်၊ စွမ်းအင်၊ စိတ်ဓာတ်၊စဥ်းစားပုံ မတူကြဘူး။ ဒီ စ “၄” လုံးမတူတဲ့အတွက် သင်တန်းမပေးခင်အဆင့်အလုပ်ခေါ်တဲ့အဆင့်၊ရွေးချယ်တဲ့အဆင့်က သင်တန်းပေးတဲ့အဆင့်ထက် ပိုအရေးကြီးတယ်။ ဒီလို လူတော်တွေ A player တွေလာအောင်ကိုယ့်လုပ်ငန်းက C player တွေအများကြီး မဖြစ်နေဖို့လိုတယ်။နောက် ဦးဆောင်သူကလဲကိုယ့်ကိုကိုယ် ဖြည့်ထားဖို့အရေးကြီးတယ်။ Phyo Paing @

ပြဿနာဖြေရှင်းနိုင်စွမ်းမြင့်တဲ့သူ
ဘယ်နှစ်ယောက် ရှိလဲ အရေးကြီးတယ်။
Read More »

အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းဟာ
Marketing နဲ့ Management ကောင်းကြတယ်။

ဒီနှစ်ခုက leverage ကုတ်အားကန်အားယူလို့ရတဲ့ကျွမ်းကျင်မှုနှစ်မျိုးဖြစ်တယ်။ Marketing ကောင်းရင်ကိုယ်ပေးချင်တဲ့ မက်ဆေ့ကို လူအများအများသိအောင် လုပ်ဆောင်နိုင်တယ်။ Management ကောင်းရင်လူအများကြီးအသုံးပြုပြီးကိုယ့်လုပ်ငန်းရည်မှန်းချက်ပန်းတိုင်ရောက်အောင်မြန်မြန် လုပ်နိုင်တယ်။ ဒါပေမယ့် ဒီနှစ်ခုစလုံးကျွမ်းကျင်ဖို့ဆိုတာ တော်တော်လေးမလွယ်ဘူး။ဘာကြောင့်လဲဆိုတော့ ပုံစံမတူလို့။ Marketing က ဖန်တီးမှု Creativity ကိုအသားပေးတယ်။မတူညီတဲ့ အိုင်ဒီယာတွေကို ပေါင်းစပ်ပြီးဘိတ်သိတ်ဖို့ ဘိတ်သုကာပညာအမြင်ပြောင်း အတတ်ပညာတစ်ခုပဲ။ Management ကျတော့Control လို့ခေါ်တဲ့ ထိန်းချုပ်မှုအသားပေး။ အတိတ်ကိုကြည့်ပြီး ထိန်းချုပ်မှုကိုသွားတယ်။ သတ်မှတ်ထားတဲ့ စည်းနဲ့ဘောင်နဲ့အတွင်းမှာပြီးအောင် မူဝါဒတွေ၊ လုပ်ငန်းစဥ်တွေနဲ့သွားတယ်။ ဒါကြောင့် ကုမ္ပဏီကြီးတွေက သူတို့ မားကတ်တင်း ကုမ္ပဏီတွင်း in-house အပြင်အပြင် ကျွမ်းကျင် agency တွေနဲ့ အလုပ်လုပ်ကြတာသိကြလိမ့်မယ်။ ကိုယ့်လုပ်ငန်းမှာ အောင်မြင်ဖို့ ကျွမ်းကျင်မှုတွေ အများကြီးလိုတယ်။အဲ့ထဲမှာ ကျွန်တော်စဥ်းစားမိတဲ့scale ချဲ့ထွင်လို့ရတဲ့leverage အသုံးချလို့ရတဲ့ ကျွမ်းကျင်မှုကMarketing နဲ့ Management

အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းဟာ
Marketing နဲ့ Management ကောင်းကြတယ်။
Read More »

ကိုယ့်အတွေးနဲ့ကိုယ်တော့
High နေတာပဲ။

ဗုဒ္ဓရဲ့အဆုံးအမအရအတိတ်နဲ့ အနာဂတ်တွေမှာမနေနဲ့။ပစ္စုပ္ပန်ကိုရှုတဲ့။ အာရုံကို တစ်ခုတည်းမှာပဲထားတာကောင်းတဲ့အလုပ်လို့မြင်တယ်။၂၀၁၉ နှစ်အစထိက ကြော်ငြာတွေအဓိက run တဲ့ paid ad marketer ပေါ့။ကြော်ငြာတွေရေးလိုက်၊ ကြော်ငြာလိုက်နဲ့။ တစ်ဒေါ်လာထည့်တိုင်း ငွေပြန်ထွက်နေတော့ကြော်ငြာရေးတာနဲ့ ကြော်ငြာတဲ့ ရလဒ်တွေကိုအဓိက ထားသွားတယ်။ ပြဿနာက ကြော်ငြာစရိတ်က ပိုပိုတက်လာတသလို လူတွေကို ကြော်ငြာတစ်ခုတည်းနဲ့ သွားလို့မရတော့ဘူးနားလည်လာတယ်။ ၂၀၁၉ က စလို့ ကြော်ငြာ run တဲ့အလုပ်ကိုတဖြည်းဖြည်းလျော့လာတယ်။ နောက် content ဖန်တီးတာကိုပဲအဓိက ဖိလုပ်တယ်။ အာရုံတွေအကုန်လုံးကို အဲ့အပိုင်းပဲပေးတယ်။ ကျန်တဲ့အပိုင်းလွဲစရာရှိတာလွဲလိုက်တယ်။ အာရုံစီမံခန့်ခွဲမှုက အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်အတွေးနဲ့ကိုယ်တော့
High နေတာပဲ။
Read More »