ရောက်နေတဲ့အမြင့်ကိုပြောင်းနိုင်ဖို့လိုအပ်လာရင် ကိုယ့်အမြင်ကိုပြောင်းနိုင်ဖို့လိုတယ်။
အမြင်မတူရင် အမြင့်မတူဘူး။လူတိုင်း ကမ္ဘာကြီးကိုမြင်တဲ့model of the world ရှိတယ်။ အဖြစ်အပျက်တွေကိုဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။ဘယ်လို ခံစား၊ ဆုံးဖြတ်မလဲ။ဘာတွေလုပ်ဆောင်မလဲ။ဒါတွေက လူတစ်ယောက်ရဲ့လောကအမြင်အပေါ်မှာ မူတည်တယ်။ ကိုယ့်ခေါင်းထဲလည်ပတ်နေတဲ့လောက အမြင်ကို ပြောင်းနိုင်ဖို့ကအတွင်းကိုပြန်ကြည့်နိုင်စွမ်း introspection လိုတယ်။ဒါမှပဲ ကိုယ့်ကိုကိုယ် သတိပြုမိမှာ။ ကိုယ့်ကိုကိုယ် သမ္မဓိဌာန်ကျကျပြန်လည်မသုံးသပ်နိုင်တဲ့သူတွေကစိတ်ညစ်စရာကို ရှောင်လွဲတတ်သူတွေဖြစ်တတ်ကြတယ်။ စိတ်ညစ်စရာရှိရင်စိတ်ပူလိုက်တာ၊ စိတ်ညစ်လိုက်တာ၊ငါ့ကို ဒါတွေပဲပြောနေတော့မှာလား၊ဒါငါ့ကို မပြောနဲ့တော့ဒီစကားလုံးတွေနဲ့ ရှောင်ဖယ်တတ်ကြတယ်။ ကိုယ့်အမြင်ကို မပြောင်းနိုင်ရင်အမြင့်ကို မပြောင်းနိုင်ဘူး။ လူဆိုတာ စွမ်းအားရှိတဲ့သတ္တဝါပါ။ဒါပေမယ့် ကိုယ့်အတွေးကိုယ်မပြောင်းနိုင်ရင်ခံစားချက်ကို မပြောင်းနိုင်ဘူး။ခံစားချက်မပြောင်းနိုင်ရင်လုပ်ရပ်ကို မပြောင်းနိုင်ဘူး။လုပ်ရပ်မပြောင်းနိုင်ရင်ရလဒ်မပြောင်းနိုင်ဘူး။ရလဒ်မပြောင်းရင် ဘဝမပြောင်းဘူး။ ရောက်နေတဲ့အမြင့်ကိုပြောင်းနိုင်ဖို့လိုအပ်လာရင် ကိုယ့်အမြင်ကိုပြောင်းနိုင်ဖို့လိုတယ်။ Phyo Paing @ Derek
ရောက်နေတဲ့အမြင့်ကိုပြောင်းနိုင်ဖို့လိုအပ်လာရင် ကိုယ့်အမြင်ကိုပြောင်းနိုင်ဖို့လိုတယ်။ Read More »
