opportunity

အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေ ရှိတယ်။

အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေ ရှိတယ်။ လူတိုင်း အခက်အခဲကြုံရတယ်။ဒါ ရှောင်လို့ မရဘူး။ ဒါပေမယ့် အခက်အခဲကို ဘယ်လိုမြင်သလဲ —ဒါက ကိုယ့်ဘဝကို ဆုံးဖြတ်တယ်။ တချို့က အခက်အခဲကြုံရင်“ငါ့ဘဝက ဒီလိုပဲ” လို့ ပြောတယ်။ရပ်သွားတယ်။ လက်လျှော့တယ်။ တချို့က အခက်အခဲကြုံရင်“ဒီထဲမှာ ငါ ဘာသင်ခန်းစာရနိုင်သလဲ” လို့ မေးတယ်။ရှာတယ်။ ပြင်တယ်။ ရှေ့ဆက်တယ်။ တူတဲ့ အခြေအနေ။မတူတဲ့ အဖြေ။ ဘာကြောင့်လဲ —Perspective မတူလို့။ Psychologist Carol Dweck ရဲ့ သုတေသနအရလူတွေမှာ mindset ၂ မျိုးရှိတယ်။ Fixed mindset —“ငါ့စွမ်းရည်က ဒီလောက်ပဲ။”“ငါ မတတ်နိုင်ဘူး။”“ဒါ ငါနဲ့ မဆိုင်ဘူး။” Growth mindset —“ငါ အခုတော့ မတတ်သေးဘူး။ ဒါပေမယ့် သင်ယူနိုင်တယ်။”“ဒီအမှားက […]

အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေ ရှိတယ်။ Read More »

အခွင့်အလမ်းတိုင်းက
ကိုယ့်အတွက် မဟုတ်ဘူး။

ငြိမ်းချမ်းမှုရဲ့အရသာကို သိပြီးတဲ့အခါပူလောင်မှုတွေကို မယူချင်တော့ဘူး။ ကိုယ်နောက်ကျကျန်နေတယ်ဆိုတဲ့အတွေးက ပူလောင်မှုပဲ။ တခြားသူတွေလုပ်သွားပြီးကိုယ်မလုပ်လိုက်ရလေခြင်းကပူလောင်မှုပဲ။ လူတွေ သတ်မှတ်ထားတဲ့ဘောင်ထဲမှာသတ်မှတ်ထားတဲ့စံနှုန်းတွေအောက်ရောက်နေတယ်လို့ စဥ်းစားမိတာကပူလောင်မှုပဲ။ ဘဝမှာ အခွင့်အလမ်းတိုင်းကလူတိုင်းအတွက် မဟုတ်ဘူး။ ကိုယ့်ဘဝမှာ ကိုယ့်အတွက်“လမ်း”ဆိုတာ သီးသန့်ရှိပြီးသား။ အတိတ်က ရက်ပေါင်းများစွာဖြည့်ခဲ့တဲ့ ပါရမီတွေတစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။ ဒါကြောင့် တစ်ယောက်ဖြစ်တာကို တစ်ယောက်မဖြစ်လို့ ငြိမ်းချမ်းမှုကို မဖယ်လိုက်နဲ့။ လူတိုင်းက သူ့လမ်းနဲ့ သူ။ အခွင့်အလမ်းတိုင်းက ကိုယ့်အတွက် မဟုတ်ဘူး။ ဘဝမှာ ကိုယ့်ကိုကိုယ်နားလည်တဲ့အရွယ်ရောက်ရင်“no” လို့ ပြောနိုင်တဲ့အရာတွေရှိရမယ်။ Phyo Paing @ Derek

အခွင့်အလမ်းတိုင်းက
ကိုယ့်အတွက် မဟုတ်ဘူး။
Read More »

မိုးရွာတိုင်းရေခံလို့မရဘူး။

မိုးရွာတုန်းရေခံဖို့ ခံစရာ ပုံးနဲ့ အလားတူပစ္စည်းလိုတယ်။ အခွင့်အလမ်းလာတိုင်းလဲလူတိုင်းက အခွင့်အလမ်းကိုအသုံးချနိုင်တာမဟုတ်ဘူး။ ကြိုတင်ပြင်ဆင်မှုမရှိရင်ထိုင်ကြည့်နေရတဲ့အဖြစ်မျိုးနဲ့ဘဲကြုံနေနိုင်တယ်။ Phyo Paing @ Derek

မိုးရွာတိုင်းရေခံလို့မရဘူး။ Read More »

အဟောင်းတွေကို လွတ်ချရဲမှ
ပိုကောင်းအောင် အနာဂတ်ဖန်တီးဖို့
အခွင့်အလမ်းပေါ်လာမယ်။

အဟောင်းတွေကို မလွတ်ချပဲအသစ်တွေ မဖန်တီးနိုင်ဘူး။အလုပ်အကိုင်အဟောင်း၊အမူအကျင့်အဟောင်း၊ အတိတ်အဟောင်း၊ အဟောင်းတွေကို လွတ်ချရဲမှပိုကောင်းအောင် အနာဂတ်ဖန်တီးဖို့အခွင့်အလမ်းပေါ်လာမယ်။ လူတွေအရဲ့ အထင်အမြင်ကိုခဏမေ့လိုက်။ အဟောင်းတွေကို လွတ်ချ။ အသစ်တွေကို ဖန်တီး။ အချိန်လေးပေးပြီး စိတ်ရှည်။ Phyo Paing @ Derek

အဟောင်းတွေကို လွတ်ချရဲမှ
ပိုကောင်းအောင် အနာဂတ်ဖန်တီးဖို့
အခွင့်အလမ်းပေါ်လာမယ်။
Read More »

လူတိုင်း
ကိုယ်နဲ့ထိုက်တန်တာပဲ ရတတ်တယ်။

အခွင့်အလမ်းကိုယ့်ရှေ့ရောက်လာတဲ့အခါဖမ်းယူနိုင်တဲ့ အစွမ်းအစမရှိလို့စိတ်ညစ်ရမည့်အဖြစ်မျိုးမဖြစ်အောင်နေ့တိုင်းပြင်ဆင်နေဖို့လိုတယ်လို့ထင်တာပဲ။ ပေးတဲ့အခွင့်အလမ်းဖမ်းယူနိုင်စွမ်းမရှိရင်မပြင်ဆင်ထားတဲ့သူရတဲ့ရလဒ်ပဲရမယ်။ လူတိုင်းကိုယ်နဲ့ထိုက်တန်တာပဲ ရတတ်တယ်။ Phyo Paing @ Derek

လူတိုင်း
ကိုယ်နဲ့ထိုက်တန်တာပဲ ရတတ်တယ်။
Read More »

နေရာတိုင်းမှာက အခွင့်အလမ်းရှိတယ်။

ဒီအခွင့်အလမ်းက ကိုယ့်အားသာချက်နဲ့ကိုက်လား။ဒီအခွင့်အလမ်းကိုကိုယ်က ကြိုက်လား။ ဒီအခွင့်အလမ်းက ကိုယ်အနာဂတ်သွားမည့် စီမံကိန်းကိုအထောက်အကူပြုမလား။ ဒီအခွင့်အလမ်းကိုပေးလိုက်ရတဲ့အချိန်နဲ့ပြန်ရတာ တန်သလား။ဒီမေးခွန်းတွေ ပြန်မေးကြည့်ဖို့လိုတတ်တယ်။ မဟုတ်လဲ အလုပ်ကတော့ လုပ်ရမှာပဲ။ အရေးကြီးတာ ထိရောက်ပြီး ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်ဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

နေရာတိုင်းမှာက အခွင့်အလမ်းရှိတယ်။ Read More »

NO!

NO! လို့ပြောခံရတိုင်း စိတ်မညစ်လိုက်ပါနဲ့ အားတီလေး။ NO ရဲ့ အဓိပ္ပာယ်အစစ်ကNext Opportunity ပါ။ 😁 Phyo Paing @ Derek

NO! Read More »