Personal Development

တိုးတက်ရင် စိတ်ချမ်းသာရတယ်။

နေ့စဥ် တိုးတက်မှုရှိနေရင်ဘဝက ရင်ခုန်စရာပါ။ ဘာကြောင့်လဲဆိုတိုးတက်ရင် စိတ်ချမ်းသာရတယ်။ဆုပ်ယုတ်နေရင် စိတ်ဆင်းရဲရတယ်။မတိုးတက်နေရင် ဆုပ်ယုတ်နေတာပဲ။ရပ်နေတယ်ဆိုတာတော့ မရှိဘူး။ Phyo Paing @ Derek

တိုးတက်ရင် စိတ်ချမ်းသာရတယ်။ Read More »

လူတိုင်းသူ့အားသာချက်နဲ့သူ၊
သူ့ပေးထားချက်နဲ့သူ။

မပြည့်စုံတဲ့လောကမှာပြည့်စုံတဲ့ပုံစံဟန်ဆောင်တာကမောပန်းစေတယ်။အရှိအရှိအတိုင်းပေါ့။လူတိုင်းသူ့အားသာချက်နဲ့သူ၊သူ့ပေးထားချက်နဲ့သူ။ကိုယ့်တာဝန်က ဒီဘဝရဲ့ပေးထားချက်ကို အကောင်းဆုံးအသုံးပြုဖို့ပဲ။ Phyo Paing @ Derek

လူတိုင်းသူ့အားသာချက်နဲ့သူ၊
သူ့ပေးထားချက်နဲ့သူ။
Read More »

တိုးတက်ပြောင်းလဲဖို့
အခက်ဆုံးသူကတော့
“ကိုယ့်အထင်အမြင်ကိုကိုယ်
အမြဲမှန်တယ်ထင်တဲ့သူပဲ။”

တိုးတက်ပြောင်းလဲဖို့အခက်ဆုံးသူကတော့“ကိုယ့်အထင်အမြင်ကိုကိုယ်အမြဲမှန်တယ်ထင်တဲ့သူပဲ။” Self-awareness အားနည်းရင်ကိုယ့်ကိုကိုယ် သေချာပြန်မသုံးသပ်နိုင်ဘူး။ကိုယ့်အထင်အမြင်ကိုပြန်မဆန်းစစ်နိုင်ဘူး။ ကိုယ့်အထင်အမြင်ကိုအမှန်လို့ထင်တဲ့အခါတကယ်ဖြစ်နေတဲ့လောကreality နဲ့ အမှန်ဆုံးဖြစ်အောင်မချိန်ငြိနိုင်ဘူး။ လူတိုင်းမှာ ကိုယ့်အထင်အမြင်ရှိတယ်။လောကမှာ တကယ့်လက်တွေ့မြေပြင်အခြေအနေရှိတယ်။ အထင်အမြင်နဲ့ မြေပြင်မတူတဲ့အခါကိုယ်ထင်ထားသလိုဖြစ်မှာမဟုတ်ဘူး။ ကိုယ့်အထင်အမြင်ကမြေပြင်နဲ့ အနီးစပ်ဆုံးဖြစ်ဖို့လိုအပ်ရင် ကိုယ့်အထင်အမြင်ကိုချိန်ငြိ update လုပ်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

တိုးတက်ပြောင်းလဲဖို့
အခက်ဆုံးသူကတော့
“ကိုယ့်အထင်အမြင်ကိုကိုယ်
အမြဲမှန်တယ်ထင်တဲ့သူပဲ။”
Read More »

ဘဝမှာ ရည်မှန်းချက်
ဘယ်လောက်ကြီးကြီး
အထောက်အပံ့မရှိရင်
လိုရာခရီးမရောက်ဘူး။

ဘဝမှာ ရည်မှန်းချက်ဘယ်လောက်ကြီးကြီးအထောက်အပံ့မရှိရင်လိုရာခရီးမရောက်ဘူး။ ၂၄ ပစ္စည်းထဲကအဓိပတိပစ္စယောဆိုတဲ့အတိုင်းဆန္ဒ (လုပ်ချင်စိတ်)၊စိတ် (စိတ်ဓာတ်)၊ဝီရိယ (အားထုတ်မှု)၊ဝိမံသာ (စူးစမ်းဆင်ခြင်တတ်တဲ့ပညာ) ကနေအခြားတရားတွေကို အစိုးရပြီးဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။ ရည်မှန်းချက် ဆန္ဒတွေဖြစ်ပေါ်ဖို့စိတ်ဓာတ်ပြင်းပြပြီလား၊အားထုတ်မှုရှိပြီလား၊အရေးပါတာကို အရာပေးနိုင်ဖို့ပညာရှိပြီလား။ ဒီအထောက်အပံ့မရှိရင်အိမ်မက်တစ်ခုအနေနဲ့ပဲဆက်ရှိသွားနိုင်တယ်။ နေ့တိုင်း စိတ်ဓာတ်ကိုလေ့ကျင့်နေလား၊နေ့တိုင်း အားထုတ်မှုဝိရိယရှိသလား၊နေ့တိုင်း ပညာတိုးပွားနေသလား။ဒီအထောက်အပံ့တွေ အရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာ ရည်မှန်းချက်
ဘယ်လောက်ကြီးကြီး
အထောက်အပံ့မရှိရင်
လိုရာခရီးမရောက်ဘူး။
Read More »

ဘဝရဲ့အိမ်မက်မှတ်တမ်း dream list

ဘဝရဲ့အိမ်မက်မှတ်တမ်း dream list တွေထဲကတစ်နှစ်ကို တစ်ခု အာရုံစိုက်ခပ်ကြမ်းကြမ်း အကောင်အထည်ဖော်ပြီးပြီးမြောက်သွားတာလောက်အရသာရှိတာ မရှိဘူး။တချို့ ရည်မှန်းချက်တွေအတွက်ကသုံး၊ လေး၊ ငါးနှစ်ကြာတတ်တယ်။ ဘဝမှာ သွားချင်တဲ့နေရာတော်တော်များများရောက်ဖူးပြီ။ဟိုးငယ်ငယ်က တွေ့ကြုံချင်တဲ့အတွေ့အကြုံတော်တော်များများလဲတွေ့ကြုံပြီးပြီ။ ထပ်ပြီးစမ်းသပ်ချင်တဲ့အရာလုပ်ဆောင်ချင်တဲ့ရည်ရွယ်ချက်တွေအတွက်အာရုံကို အာဏာကုန်စိုက်ပြီးဖြစ်အောင်လုပ်ရတဲ့ခံစားချက်ကတော်တော်လေး ကောင်းတယ်။ Phyo Paing @ Derek

ဘဝရဲ့အိမ်မက်မှတ်တမ်း dream list Read More »

ကိုယ်တိုင်က အသုံးဝင်နေဖို့
တိုးတက်နေဖို့လိုတယ်။

တခြားသူတွေကို တိုးတက်အောင်ကူညီပေးရင်းကိုယ်ကလဲ တိုးတက်နေဖို့လိုတယ်။ကိုယ်တိုင်က အသုံးဝင်နေဖို့တိုးတက်နေဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်တိုင်က အသုံးဝင်နေဖို့
တိုးတက်နေဖို့လိုတယ်။
Read More »

လူတစ်ယောက်ဘဝအပြောင်းအလဲ
ဖြစ်စေတဲ့အရာသုံးခု

လူတစ်ယောက်ဘဝအပြောင်းအလဲဖြစ်စေတဲ့အရာသုံးခု၁။ လူ၂။ အိုင်ဒီယာ၃။ နေရာ Phyo Paing @ Derek

လူတစ်ယောက်ဘဝအပြောင်းအလဲ
ဖြစ်စေတဲ့အရာသုံးခု
Read More »

ဘဝကို ရင်ခုန်စွာနဲ့ဖြတ်သန်းချင်ရင်
ဒီအမူအကျင့်လိုတယ်။

ဘဝကို ရင်ခုန်စွာနဲ့ဖြတ်သန်းချင်ရင်ဒီအမူအကျင့်လိုတယ်။ ငယ်တုန်းမှာ ဒီအကျင့်ရှိပေမယ့်အသက်ကြီးလာတဲ့အခါတဖြည်းဖြည်းနည်းလာတတ်ကြတယ်။ ဒီအမူအကျင့်က တက်ကြွမှုမော်တီဗေးရှင်းကိုဖြစ်နေတယ်။အသစ်သင်ယူမှုကိုလဲဖြစ်စေတယ်။ရင်ခုန်မှုကိုလဲဖြစ်စေတယ်။မှတ်ဥာဏ်တွေကိုလဲ​ ပိုကောင်းစေတယ်။​ဘူဓာတ်တွေကိုလဲ ကျဆင်းစေတယ်။တွေ့ရှိမှုအသစ်တွေ၊​နားလည်မှုအသစ်တွေဖြစ်တိုင်းဘဝကို ပိုစိတ်ကျေနပ်စေတယ်။ ဘာကြောင့်လဲဆိုဒီအမူအကျင့်ကိုလုပ်တိုင်းဒါလေးတွေပိုထုတ်လွတ်တယ်။Dopamine – “ရှာဖွေမှု”Norepinephrine (Noradrenaline) – “အာရုံစူးစိုက်မှု”Acetylcholine – “သင်ယူမှု”Serotonin – “စိတ်ခံစားမှု”GABA နှင့် Glutamate – “ဟန်ချက်ညီမှု”Endorphins နှင့် Enkephalins – သဘာဝ “ကောင်းမွန်သော ခံစားမှု”ဒီ ဦးနှောက်ဆဲလ်လေးတွေအချင်းချင်းဆက်သွယ်မှုမှာအသုံးပြုတဲ့မော်လီကျူးလေးတွေထွက်တယ်။ဒါကို neurotransmitters နူရိုထရမ်မစ်တာလို့ခေါ်တယ်။ ဒီအမူအကျင့်ကို သိပ္ပံပညာရှင်တွေမှာလဲတွေ့ရတယ်။အောင်မြင်တဲ့ စီးပွားရေးသမားတွေမှာလဲတွေ့ရတယ်။သူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်နေတဲ့သူတွေမှာလဲတွေ့ရတယ်။​လီယိုနာဒို ဒါဗင်ချီရဲ့ ပထမဆုံးလက်ကိုင်ထားတဲ့အချက်လဲဖြစ်တယ်။ ဒါကတော့ စူးစမ်းလေ့လာမှုCuriosity ပဲဖြစ်ပါတယ်။ စူးစမ်းလေ့လာဖို့မေးခွန်းကောင်းတွေမေးကြည့်ပါ။စမ်းသပ်ကြည့်ပါ။အမြဲမပြတ်သင်ယူပါ။မတူညီတဲ့နေရာတွေသွားကြည့်ပါ။​မတူညီတဲ့ အိုင်ဒီယာတွေနဲ့ထိတွေ့ပါ။တစ်ခုခုဆိုဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုမေးကြည့်ပါ။ငါသိ၊ ငါတတ်ပြီးသား မလုပ်ပါနဲ့။စိတ်တံခါးတွေကို မပိတ်ထားပါနဲ့။ကိုယ့်ဘဝမှာ သိချင်ပြီးမသိသေးတဲ့မေးခွန်းတွေကိုချရေးထားပါ။ သိဒ္ဓတ္ထမင်းသားဘဝကနိမိတ်ကြီးလေးပါးဖြစ်တဲ့လူအို၊ လူနာ၊ လူသေ၊ ရဟန်းကိုမြင်တွေ့ပြီးပထမသုံးခုဖြစ်တဲ့ လူသားတို့ရဲ့ဒုက္ခဆင်းရဲဖြစ်တဲ့ အမှန်တရားကိုရှာဖွေဖို့၂၉ နှစ်မှာ တောထွက်ရဟန်းကျင့်ခဲ့တယ်။ဒီစူးစမ်းအဖြေရှာစိတ်နဲ့

ဘဝကို ရင်ခုန်စွာနဲ့ဖြတ်သန်းချင်ရင်
ဒီအမူအကျင့်လိုတယ်။
Read More »

တိုးတက်ချင်ရင်
အပြစ်မတင်ဘဲအဖြေရှာပါ။

ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့အရာက“အပြစ်မတင်ဘဲ အဖြေရှာ”တာပါပဲ။ပြဿနာအဖြေရှာဖို့ကိုယ့်ဥာဏ်ပညာနဲ့စဉ်းစားကြံဆရတယ်။ကိုယ့်ဥာဏ်ပညာနဲ့ မဖြေရှင်းနိုင်တဲ့အခါသင်ယူလေ့လာမှု ပြုလုပ်ရတယ်။ နည်းလည်မှု၊စဉ်းစားတွေးခေါ်ပုံ၊လုပ်ဆောင်ပုံဒါတွေကို အပြောင်းအလဲလုပ်ပြီးပြဿနာ အဖြေရှာရင်းတိုးတက်မှုရတယ်။ တိုးတက်ချင်ရင်အပြစ်မတင်ဘဲအဖြေရှာပါ။ Phyo Paing @ Derek

တိုးတက်ချင်ရင်
အပြစ်မတင်ဘဲအဖြေရှာပါ။
Read More »

ကမ္ဘာပေါ်က အကောင်းဆုံး
တက္ကသိုလ်

ကမ္ဘာပေါ်က အကောင်းဆုံးတက္ကသိုလ်ကတော့ဘဝ လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့၂၄ နာရီ၊ ၇ ရက်အချိန်မရွေး၊ နေရာမရွေးသတိရှိပြီးလေ့လာရင်လေ့လာသလိုပညာတွေရတယ်။ Phyo Paing @ Derek

ကမ္ဘာပေါ်က အကောင်းဆုံး
တက္ကသိုလ်
Read More »