Education

လိုချင်တာရအောင်ယူနိုင်ဖို့
ဥာဏ်လိုတယ်။

လိုချင်တာရအောင်ယူနိုင်ဖို့ဥာဏ်လိုတယ်။ ရထားတာလိုချင်ဖို့ကပညာလိုတယ်။ လိုချင်တာလဲရ၊ရထားတာလဲလိုချင်ရင်တော့ဥာဏ်ပညာရှိပြီ။ တချို့က ဥာဏ်ရှိတယ်ပညာမရှိတော့ မအေးချမ်းဘူး။ တချို့က ပညာရှိတယ်။ဥာဏ်မရှိတော့ကိုယ့်နောက်မျိုးဆက်တွေဂုဏ်ယူနိုင်လောက်တဲ့အရာမချန်ခဲ့နိုင်ဘူး။ Phyo Paing @ Derek

လိုချင်တာရအောင်ယူနိုင်ဖို့
ဥာဏ်လိုတယ်။
Read More »

ပညာသင်တဲ့ရည်ရွယ်ချက်က
ပြဿနာဖြေရှင်းနိုင်ဖို့။

ပညာဘာကြောင့်သင်လဲကျွန်တော့်အမြင်ပြောကြည့်မယ်။ ပညာသင်တဲ့ရည်ရွယ်ချက်ကပြဿနာဖြေရှင်းနိုင်ဖို့။ ပညာကို ကျောင်းကသင်တယ်၊ ဆရာတွေဆီကသင်တယ်၊ စာအုပ်စာပေတွေဆီကသင်တယ်။ ဘဝထဲကသင်တယ်။စာတွေ့နဲ့သင်လို ငါတွေ့နဲ့လဲသင်တယ်။ ပညာကိုတန်ဖိုးထားတဲ့လူ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ပညာရွှေအိုးလူမခိိုးတို့လို ဆိုရိုးတွေရှိခဲ့ကြတယ်။ ဒီနေ့ခေတ် ပညာသင်တယ်ဆိုတာ ဘယ်တက္ကသိုလ်က ဘာဘွဲ့ကိုယူခဲ့တယ်။ ဘယ်လိုလူတွေနဲ့သိတယ် status signaling တစ်ခုဖြစ်လာတယ်။ လူတွေအထင်ကြီးစေတယ်။ ဒါကလဲ ဘဝအတွက် အများကြီးသက်သောင့်သက်သာဖြစ်စေတယ်။ အရင်ခေတ်တုန်းကဆို ဆေးကျောင်းပေါ့။ ဒီနေ့ခေတ်က Ivy League တက္ကသိုလ်တွေပေါ့။ ပညာသင်တဲ့ရည်ရွယ်ချက်က ဆရာပြောတာကိုပဲ နားထောင်ဖို့မဟုတ်ဘဲကိုယ်ကြုံတွေ့နေရတဲ့ ကိုယ်ကြုံတွေ့ရမည့် ပြဿနာကိုဖြေရှင်းနိုင်ဖို့။ ကိုယ့်သားသမီးအတွက်ပညာရေးဘယ်လိုမြင်လဲဆို သူ့ပြဿနာ သူဖြေရှင်းတတ်ပြီးပျော်ရင်ရပြီ။ လူတစ်ယောက်ပြဿနာကကျန်းမာကြံ့ခိုင်ရေး၊ငွေးကြေး၊ အလုပ်အကိုင်၊ စီးပွား၊ ပေါင်းသင်းဆက်ဆံရေး၊ ကျွမ်းကျင်မှု (ဘာသာစကားနဲ့ အသက်မွေးမှုပါတာပေါ့) စိတ်ငြိမ်းချမ်းရေး ဒီပြဿနာတွေ။ တခါတလေ ကျောင်းတက်ရင်းပညာဘာကြောင့် သင်လဲမေ့သွားတတ်တယ်။ ကျွန်တော်တို့ ဘဝမှာဆန္ဒတွေရှိနေသမျှဆန္ဒတွေမပြည့်ရင် ဝေဒနာတွေဖြစ်နေမယ်။ ဒီ ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ပြဿနာတွေ ဖြေရှင်းရမယ်။

ပညာသင်တဲ့ရည်ရွယ်ချက်က
ပြဿနာဖြေရှင်းနိုင်ဖို့။
Read More »

ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ
အခိုင်းခံဖို့ထက် စနစ်ကို အသုံးချဖို့။

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကဘဝအပြောင်းအလဲတစ်ခုပဲ။ ဘာကြောင့်လဲဆိုတော့ကျောင်းတက်တဲ့အခါစိတ်ညစ်စရာအကောင်းဆုံးကစာသင်တဲ့အခါ အမှတ်ရဖို့အဓိကသင်ရတယ်။ ဒီအတွက်လုပ်နေရင်းနဲ့ ဒီပညာရပ်ကို ဘာကြောင့်လေ့လာရလဲဆိုတဲ့အနှစ်သာရပျောက်စူးစမ်းလေ့လာချင်စိတ်ပျောက်သွားတယ်။ ဥပမာ Physics သင်မယ်။ရူပဗေဒကို ဘာကြောင့်သင်ရသလဲ၊ရူပဗဒေဆိုတာ ဘာလဲ၊ ဒါသိသွားရင် ဘာတွေလုပ်လို့ရမလဲနဲ့မစဘူး။ W = FS ဒါကို မှတ်ထား။စာမေးပွဲ ဒါအမေးများတယ်။ မှတ်မှတ်ရရ ရူပဗေဒ ပထမခန်း။ အဲ့တော့ စဥ်းစားကြည့်တယ်။ဆယ်တန်းမှာ အမှတ်များဖို့ကအမှတ်ပေးစည်းမျဥ်းလေ့လာရင်ရတာပဲ။ ဒါနဲ့ ဆရာ၊ ဆရာမ စာသင်တဲ့အချိန်English စာအချိန်ကလွဲလို့လုပ်ချင်တာလုပ်နေဖြစ်တယ်။ စာမေးပွဲနီးတစ်လလိုတော့ဘာမှလဲ မပြင်ဆင်ရသေးဘူး။ အမှတ်ပေးစည်းမျဥ်းကလဲလေ့လာရပြီ။ အောင်စာရင်းထွက်ရင်လဲအောက်ကျနောက်ကျက မဖြစ်ချင်ဘူး။ ဒါနဲ့ သင်္ချာကို အခန်း ၈ circle ထိကြည့်။အခန်း ၁၂ differentiation ထိကို တစ်မှတ်တန်ကို Learner’s Choice ကြည့်။ Bio ကို အခန်း ၅ ဖြစ်မယ်။ ယုန်အခန်းကစကြည့်ပြီးတစ်မှတ်တန်မှတ်ထားလိုက်တယ်။ စာမေးပွဲအောင်စာရင်းထွက်တော့ကိုယ်ထင်ထားတာထက်

ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ
အခိုင်းခံဖို့ထက် စနစ်ကို အသုံးချဖို့။
Read More »

ပိုက်ဆံရမည့် ပညာအရင်ရှာ။

ပိုက်ဆံနဲ့ ပညာဘယ်အရာအရင်ရှာရမလဲ။ ၁။ အရောင်းအတတ်ပညာ၂။ မားကတ်တင်း (ကျွမ်းကျင်မှု skillset တွေအများကြီးရှိသေးတယ်။)၃။ လူရှေ့ထွက်စကားပြောခြင်း၄။ လုပ်ငန်းတစ်ခုစတင်ခြင်း၅။ လုပ်ငန်းတစ်ခုအုပ်ချုပ်ခြင်း ဘယ်နိုင်ငံဖြစ်ဖြစ် ဒါတွေကအသုံးဝင်နိုင်တယ်။ကိုယ်က ဘာအလုပ်လုပ်နေနေဒီကျွမ်းကျင်မှုတွေကို အသုံးချလို့ရတယ်။ Phyo Paing @ Derek

ပိုက်ဆံရမည့် ပညာအရင်ရှာ။ Read More »

အမြင့်မတူရင် အမြင်တွေမတူသလို၊
အမြင်မတူရင်လဲ အမြင့်တွေမတူတော့ဘူး။

သင်ဖူးတဲ့ပညာအရည်အချင်း၊ သွားဖူးတဲ့နေရာ၊ တွေ့ဖူးတဲ့သူ၊ ကျော်လွှားဖူးတဲ့အခက်အခဲ၊ရဖူးတဲ့အတွေ့အကြုံ၊ ဆွတ်ခူးဖူးတဲ့ရလဒ်မတူရင်အမြင်တွေလဲမတူနိုင်ဘူး။ အမြင့်မတူရင် အမြင်တွေမတူသလို၊အမြင်မတူရင်လဲ အမြင့်တွေမတူတော့ဘူး။ တချို့ နယ်ပယ်တစ်ခုမှာထိပ်ဆုံးရောက်နေသူတွေရဲ့စကားတချို့ကို ကိုယ်က “ငပိန်း” လို့ကောက်ချက်ချချင်ပြီဆို “ငါမမြင်တာ သူဘာမြင်လို့လဲ၊ဘာတွေ ဆက်လေ့လာဖို့လိုမလဲ” ဒီမေးခွန်းမေးကြည့်လိုက်။ ကိုယ်လဲ ပိုတိုးတက်လာလိမ့်မယ်။ ကျွန်တော်ကတော့ အဲ့လိုပဲကျင့်သုံးတယ်။ Phyo Paing @ Derek

အမြင့်မတူရင် အမြင်တွေမတူသလို၊
အမြင်မတူရင်လဲ အမြင့်တွေမတူတော့ဘူး။
Read More »

ဘွဲ့ရ ပညာမတတ်

တချို့ လိုင်စင်လိုတဲ့အလုပ်တွေကလွဲရင်ဒီနေ့ခေတ်က ပညာတတ်ဖို့ ဘွဲ့ရစရာမလိုဘူး။ ဘွဲ့ရလဲ ပညာမတတ်တဲ့သူအများကြီး။ ပညာသင်ဖို့မဟုတ်ဘဲဘွဲ့ယူဖို့ပဲကျောင်းတက်တာကအချိန်နဲ့ငွေကို မလကားဖြုန်းတီးတာပဲ။ ဒီနေ့ခေတ် ကျွန်တော်မြင်ဖူးတဲ့တကယ့်ထူးချွန်သူအများစုကကိုယ်လေ့လာချင်တဲ့ပညာရပ်ကိုကျောင်းကသင်ပေးလိုက်လို့မဟုတ်ဘူးကိုယ်တိုင်လေ့လာပြီး self-education နဲ့ထူးချွန်လာကြတာများတယ်။ ကျောင်းတွေ၊ သင်တန်းတွေကguideline ပေးနိုင်လိမ့်မယ်။ထူးချွန်ပြောင်မြောက်ဖို့ကကိုယ်တိုင်လုပ်မှ။ ဘယ်သင်တန်းကြောင့်ဘယ်လိုအပြောင်းအလဲဖြစ်သွားတယ်ဆိုတာသင်တန်းတွေကြော်ငြာရင်တော့အလုပ်ဖြစ် သင်တန်းသားတွေရတယ်။ တကယ်တန်း ဒီလိုဆာလောင်ကြိုးစားနေတဲ့သူကဘယ်သူ့ဆီတက်တက်အောင်မြင်မှာပဲ။ဘာကြောင့်လဲဆို သူက အစဉ်တစိုက်ကြိုးစားရှာဖွေပြီး အောင်မြင်အောင်လုပ်နေတာကိုး။ ပညာတတ်ဖို့ ဘွဲ့ရစရာမလို၊ဘွဲ့ရတိုင်းလဲ ပညာမတတ်။ပညာကိုဆာလောင်ဖို့လိုတယ်။ Phyo Paing @ Derek

ဘွဲ့ရ ပညာမတတ် Read More »

Rich kid မဟုတ်လေဘဝတစ်ဆစ်ချိုးဖြစ်ဖို့အတွက်မဟာဗျူဟာ လိုလေပဲ။

မဟာဗျူဟာဆိုတာအခုချက်ချင်းချအခုချက်ချင်းလုပ်ဆောင်လို့ရတဲ့အရာမဟုတ်ဘူး။တစ်ကွက်ချင်းရွေ့သွားရတဲ့အရာ။ ကိုယ်က တက္ကသိုလ်ကျောင်းတတ်တယ်။ကျောင်းမပြီးခင်ကတည်းကကျောင်းပြီးရင် ငါဘာလုပ်မယ်။ဘယ်ကိုသွားမယ်။​အနာဂတ်ဖြစ်နိုင်ခြေကိုအနာဂတ် A, B, C ကို ပုံဖော်တဲ့Scenario planning လိုတယ်။ ကျောင်းတတ်တုန်းမှာဘယ်သူတွေနဲ့ပေါင်းမယ်၊ဘာတွေကြိုလေ့လာထားမယ်၊ဘာအလုပ်တွေလုပ်မယ်၊ဘယ်သူတွေနဲ့တွေ့မယ်ကြိုတင်ပြင်ဆင်ထားလို့ရတယ်။ စစ်ဘုရင် နပိုလီယံလိုပေါ့။ကျောင်းသားဘဝကတည်းကသင်င်္ချာပညာ၊ ပထဝီ၊ စစ်ပညာနဲ့ရူပဗေဒတွေကို လေ့လာသလိုစစ်ဘုရင်တွေဖြစ်တဲ့Hannibal, Julius Caesar,Alexander the Great တို့ကိုလေ့လာတယ်။အနာဂတ်ပလန်အတွက်တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားတယ်။ တရုတ်မှာဆို ဟန်မင်းဆက်ကိုတည်ထောင်တဲ့ရွာသားအသက်ကြီးမှဘုရင်ဖြစ်လာတဲ့ လုန်ပန်း Liu Bang (劉邦) ဆိုတာရှိတယ်။ရွာသားကနေ တရုတ်တစ်နိုင်ငံလုံးရဲ့ဘုရင်ဟန်မင်းဆက်ကို တည်ဆောက်ဖို့အတွက်လူတော်တွေလာအောင်၊​အကွက်ချတာ၊ ပြဿနာဖြေရှင်းတာ၊ပညာရှင်တွေနဲ့ ဝန်းရံတာ၊ပါဝါပလေးလာလုပ်တဲ့ စစ်သူကိုနှိမ်နင်းတာမဟာဗျူဟာ အကွက်ရွေ့မှုတွေအများကြီးလုပ်ရတယ်။ ကံကောင်းရုံနဲ့ ဘဝတစ်ဆစ်ချိုးဖြစ်ရင်တစ်ခါ၊ နှစ်ခါပဲဖြစ်မယ်။ဘဝမှာ အကြိမ်ကြိမ်ဖြစ်ဖို့ဥာဏ်ကောင်းဖို့လိုတယ်။အထူးသဖြင့် မဟာဗျူဟာဥာဏ်ရှိဖို့လိုတယ်။ Phyo Paing @ Derek

Rich kid မဟုတ်လေဘဝတစ်ဆစ်ချိုးဖြစ်ဖို့အတွက်မဟာဗျူဟာ လိုလေပဲ။ Read More »

ဘာပေါ်မူတည်လဲဆို “ဥာဏ်”ပေါ်မူတည်တယ်။

ပညာရှာတဲ့သူတိုင်းလဲ ပညာမရသွားဘူး။ငွေရှာတဲ့သူတိုင်းလဲ ငွေရမသွားဘူး။တရားရှာတဲ့သူတိုင်းလဲ တရားမရသွားဘူး။ ဥာဏ်ဆိုတာ“အမှားနဲ့ အမှန်၊အကျိုးနဲ့ အပြစ်ကို ခွဲခြားသိမြင်နိုင်စွမ်း”။ ပညာသင်ပေမယ့် ပညာဥာဏ်မပါလာရင်ပညာတတ်မှာမဟုတ်ဘူး။ငွေရှာတဲ့ဥာဏ်ပါမလာရင်အကောင်ပြလဲ အရိပ်မြင်ဖို့မလွယ်ဘူး။ဓမ္မနဲ့တွေ့ပေမယ့်ဓမ္မကိုနားလည်နိုင်တဲ့ဥာဏ်မပါလာရင်နှလုံးသွင်းနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဥာဏ်မြင့်ဖို့နေ့စဉ် ပါရမီဖြည့်ဖို့လိုတယ်။ Phyo Paing @ Derek

ဘာပေါ်မူတည်လဲဆို “ဥာဏ်”ပေါ်မူတည်တယ်။ Read More »

သာမန်တက္ကသိုလ်နဲ့ကျောင်းအများစုကဘွဲ့ရချင်လို့ လာတက်ကြတာများတယ်။

တော်တဲ့သူတွေနားရောက်ဖို့ထိပ်တန်းတက္ကသိုလ်တွေရောက်ရင်လဲတော်တဲ့သူတွေနဲ့ တွေ့ရတယ်။ ဒါကြောင့် တက္ကသိုလ်တက်တဲ့သူတိုင်းကဘဝပြောင်းလဲသွားတာမဟုတ်ဘူး။ကမ္ဘာ့၊ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တက်တဲ့သူတွေပဲအပြောင်းအလဲဖြစ်သွားတာများတယ်။ တချို့က တက္ကသိုလ်ကြောင့်မဟုတ်ဘဲဆရာကြောင့် အပြောင်းအလဲဖြစ်သွားတာများတယ်။ဥပမာ ဝါရင်ဘဖက်ဆိုရင်သူ့ဆရာ ဘန်ဂျမင် ဂရေဟန်ဆီကValue investing အတွေးအခေါ်တွေသင်ခဲ့တယ်။ ပညာရပ်တစ်ခုကို တကယ်ရူးသွပ်လို့၊လေ့လာချင်လို့၊ကိုယ့်လိုလူတွေနဲ့ထိတွေ့ဆွေးနွေးဖို့အဲ့လိုလူတွေနည်းတယ်။ ဒါကြောင့် အပြောင်းအလဲလုပ်နိုင်တဲ့သူအများစုက ကမ္ဘာ့ထိပ်တန်း၊နိုင်ငံထိပ်တန်းတက္ကသိုလ်ကလူတွေပိုများကြတာကိုတွေ့လိမ့်မယ်။ အပြောင်းအလဲလုပ်ချင်ရင်Commercial တက္ကသိုလ်တွေအစားအချိန်ပေးနိုင်ရင် ထိပ်တန်းတက္ကသိုလ်တွေဝင်အောင်လုပ်၊ဒါမှမဟုတ် ကိုယ်လေ့လာချင်တဲ့နယ်ပယ်ကဆရာကျတဲ့သူတွေကို follow လုပ်၊သူတို့ဆီကလေ့လာ။ Phyo Paing @ Derek

သာမန်တက္ကသိုလ်နဲ့ကျောင်းအများစုကဘွဲ့ရချင်လို့ လာတက်ကြတာများတယ်။ Read More »

နားလည်မှုက ပညာပဲ။

စနစ်တစ်ခုဘယ်လိုအလုပ်လုပ်လဲနားမလည်ဘဲစိတ်အထင်နဲ့ ရှိသမျှအားကုန်ထည့်ရင်ပင်ပန်းပြီး အရာမထင်တာပဲ အဖတ်တင်မယ်။ စာအကြိုးစားဆုံးသူကစာအတော်ဆုံးသူဖြစ်ချင်မှ ဖြစ်မယ်။အလုပ်အကြိုးစားဆုံးသူကအလုပ်အပြီးဆုံးသူဖြစ်ချင်မှ ဖြစ်မယ်။ နားလည်မှုက ပညာပဲ။ဒါကြောင့် ကျွမ်းကျင်တဲ့သူ၊ နေရာဆီကလေ့လာနိုင်မှုက စူပါပါဝါတစ်ခုပဲ။ Phyo Paing @ Derek

နားလည်မှုက ပညာပဲ။ Read More »