လူတွေနဲ့ပတ်သက်တဲ့အရာတိုင်းသတိထားဖို့လိုတတ်တယ်။
လူတွေနဲ့ပတ်သက်လာရင်ဘယ်အရာမှာမဆို အဆိုးဆုံးဖြစ်နိုင်တာကို အရင်တွက်ချက်တယ်။ ကောင်းတဲ့အပိုင်းကနောက်မှ။အဆိုးဆုံး ကိုယ့်ကိုဒုက္ခဘယ်လောက်ထိပေးနိုင်မလဲ။ ဘယ်လောက်ထိယုံကြည်လို့ရနိုင်သလဲ။ဟုတ်မဟုတ်လဲ စမ်းကြည့်တယ်။ လူတစ်ယောက်က ပတ်ဝန်းကျင်ပြောင်းသွားရင်၊ပေါင်းသင်းတဲ့သူပြောင်းသွားရင်၊ သမီးရည်းစားရသွားရင်၊ခေါင်းထဲထည့်တဲ့အတွေးအခေါ်ပြောင်းသွားရင်အပြုအမူတွေပါ ပြောင်းသွားနိုင်တယ်။ ဒါကြောင့် လူတွေနဲ့ပတ်သက်တဲ့အရာတိုင်းသတိထားဖို့လိုတတ်တယ်။ Phyo Paing @ Derek
