အလုပ်လုပ်တယ်ဆိုတာ
ပျော်ဖို့။
အလုပ်လုပ်တယ်ဆိုတာ ပျော်ဖို့။ ပိုက်ဆံရတာကလဲ ပျော်ဖို့။ အခုကော၊ အနာဂတ်မှာပါမပျော်စေတဲ့ အလုပ်မလုပ်တော့ဘူး။ ဘဝမှာ ရုန်းကန်ရတုန်းကတော့ကြိုက်ကြိုက်မကြိုက်ကြိုက် ပြုံးပြရမှာပဲ။ စကားပြောရတယ်။မျက်နှာချိုသွေးရတယ်။ သူတို့အကြိုက် ခေါင်းငြိမ့်ရတယ်။ရွေးချယ်စရာမှ မရှိတာ။ အလုပ်ကို ကြိုက်ကြိုက်မကြိုက်ကြိုက်လုပ်ရတယ်။ဝမ်းရေးအတွက် ဖြေရှင်းရတကိုး။ ရွေးချယ်စရာရှိလို့ ရွေးချယ်လို့ရရင်ကိုယ့်စိတ်ကြိုက်နေလို့ရလာပြီ။ ကမ္ဘာကြီးမှာ လူတွေကို ထိန်းချုပ်ဖို့ ပိုက်ဆံဆိုတာကို ဖန်တီးထားသလားပဲ။ လူတွေကို ထိန်းချုပ်ထားတဲ့ပိုက်ဆံရဲ့အနှောင်အဖွဲ့ ထိန်းချုပ်မှုအောက်ကလွတ်ဖို့ပိုက်ဆံရှာမှကိုရတယ်။ ပိုများသွားလို့ မကောင်းတာမရှိတာကတော့ပိုက်ဆံပဲ။ Phyo Paing @ Derek
