သာမာန်ဘဝကို ကျော်ဖို့သန်မာမှ ရမယ်။
သာမာန်ဘဝကို ကျော်ဖို့သန်မာမှ ရမယ်။ စိတ်ဓာတ် သန်မာ၊ဥာဏ်ပညာ သန်မာ၊ဝိရိယ သန်မာ။ကာယကံ၊ ဝဇီကံ၊ မနောကံ သန်မာ။ Phyo Paing @ Derek
သာမာန်ဘဝကို ကျော်ဖို့သန်မာမှ ရမယ်။ စိတ်ဓာတ် သန်မာ၊ဥာဏ်ပညာ သန်မာ၊ဝိရိယ သန်မာ။ကာယကံ၊ ဝဇီကံ၊ မနောကံ သန်မာ။ Phyo Paing @ Derek
AI ခေတ်မှာ အရင်အလုပ်ဖြစ်ခဲ့တာတွေအလုပ်မဖြစ်တော့ဘူး။အလုပ်ဖြစ်တာ အသစ်တွေပေါ်လာမယ်။ ဒီနေ့ခေတ်မှာ ဘာတွေပြင်ဆင်ရမလဲဆိုတာသေချာသိနိုင်ဖို့“အရင်အထာနဲ့ အရာမထင်တော့ဘူး”စာအုပ်ကို ဖန်တီးထားပေးပါတယ်။လူတိုင်းအခမဲ့ဖတ်နိုင်အောင်Dream Lab မှာတင်ပေးထားပါတယ်။ App Store သို့ Play Store မှာdownload လုပ် ဖတ်လို့ရသလိုဖတ်လို့ရတဲ့ လင့်ကိုလဲ comment မှာတင်ထားပေးပါမယ်။ Phyo Paing @ Derek
ခက်ခဲတဲ့အရာမှန်သမျှ စိတ်ထဲမှာ တစ်ခါ စိတ်ကူးမြင်ပြီးအပြင်လောကမှာ တစ်ခါအကောင်အထည်ပေါ်ကြတယ်ဆိုတာ ကြားဖူးလိမ့်မယ်။ Victorious because of Vision တဲ့။ အနာဂတ်အမြင်က အောင်မြင်တဲ့ဘဝတည်ဆောက်ဖို့ အရေးကြီးတယ်။ လူဖြစ်ရှုံးတယ်ဆိုတာ ကိုယ့်အစွမ်းအစရှိသလောက် အကုန်မသုံးပဲဘေးထိုင်ဘုပြော ဘဝကြီးကို ကုန်ဆုံးတာပဲ။ ကိုယ့်အတွက်လဲ အကျိုးမရှိသလိုတခြားသူတွေ အတွက်လဲ အကျိုးမရှိဘူး။ ကိုယ်ရဲ့အစွမ်းအစတွေ အကုန်အသုံးပြုပြီးBe all you can be ဖြစ်ဖို့ John C Maxwell စာအုပ်ဖတ်ရင်းစဥ်းစားမိတာ တချို့ရှိတယ်။ သူက Christian ဘုန်းတော်ကြီးဘဝကလာတော့Jesus အကြောင်းတွေတော့အများကြီးပါတယ်။ ဒီစာအုပ်က ကိုယ်စဥ်းစားမိတာတချို့ရှိတယ်။ SUCCESS ကို အတိုကောက် acronym အနေနဲ့ S- SELECT YOUR GOALU—UNLOCK YOUR IMPRISONEDPOTENTIALC—COMMIT YOURSELF TOGOD’S PLANC—CHART
လူတွေက ကိုယ်သိထားသလောက်ပဲတွေးနိုင် စဥ်းစားနိုင်ကြတယ်။ သင်ယူမှုလုပ်တိုင်း ဦးနှောက်ရဲ့ဆဲလ်အမြီးပိုင်းမှာရှိတဲ့ dendrite တွေ အချင်းချင်းဆက်တယ်။ဒီ dendritic connection ဟာ ဖြန့်ကျက်စဥ်းစားနိုင်စွမ်းအတွက်အလွန်အရေးပါတယ်။ စာမဖတ်တဲ့သူက လမ်းတစ်ကြောင်းပဲမြင်ရင်မြင်မယ်။ စာသေချာဖတ်ပြီး စဥ်းစားနိုင်တဲ့သူကpossibilities ဖြစ်နိုင်ခြေတွေအများကြီး မြင်တယ်။ ပြည်တွင်းမှာ coaching ဘာကြောင့်မကြီးလာလဲဆိုရင် Coach တွေ ကိုယ်တိုင်က စာမဖတ်ကြလို့ဖြစ်တယ်။ သင်တန်းတက်ပြီး ဒီမေးခွန်းပဲထိုင်မေးနေလို့ မရပါဘူး။ နေ့စဥ် အိမ်စာလုပ်နေဖို့လိုတယ်။ဒါမှ ကိုယ့် coaching industry ကိုလူတွေ အထင်မသေးမှာ။ မဟုတ်ရင် သင်တန်းတက်ပြီးနာမည်မှာ coach တပ်လိုက်ရုံနဲ့ coach မဖြစ်လာပါဘူး။ ကိုယ့်မှာ regular clients တွေရှိမှcoach ဖြစ်မှာ ဖြစ်တဲ့အတွက်continuous learning လုပ်နေဖို့လိုတယ်။ သူများကို တိုးတက်အောင်ကူညီပေးရတာဖြစ်တဲ့အတွက်Coach တွေကိုယ်တိုင်က ပိုတိုးတက်နေဖို့လိုပါတယ်။ Certification က
လုပ်ငန်းစတင်ချိန်မှာ customer ရှာပါ။ကြီးထွားလာတဲ့အချိန် ဝန်ထမ်းကောင်းရှာပါ။စနစ်ကောင်းဖို့ Consultant ရှာပါ။တိုးချဲ့ဖို့ Investor ရှာပါ။ နည်းပညာ လုပ်ငန်းတွေမှာတော့ရှိတာနဲ့စတာကို bootstrap လို့ခေါ်ပြီး။စတင်ဖို့ ရင်းနှီးငွေရှာတာကိုPre-seed funding လို့ခေါ်ပါတယ်။ယူလေ့ရှိသူတွေက Founder အပြင် 4F လို့သုံးတယ်။Father, Friends, Family Members, Fools တဲ့။ Company တန်ဖိုးအနေနဲ့Pre-seed မှာ Company တန်ဖိုးဟာ ဒေါ်လာတစ်သန်းအောက်။Seed funding မှာ ဒေါ်လာ ၁.၅ နဲ့ ၅ သန်းကြား၊Series A မှာ ဒေါ်လာ ၅ သန်းနဲ့ သန်း ၅၀ ကြား၊Series B, C, D မှာ သန်း ၅၀ အထက် ရှိရပါတယ်။ ဘယ်သူတွေရင်းနှီးမြုပ်နှံသလဲ?Pre-seed :
ebook တွေဖတ်တဲ့အခါattention ပိုစိုက်ရသလို၊ စာရွက်တွေဖတ်သလို အရသာမရှိဖြစ်နေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ebook ဖတ်ဖို့က future ဆိုတာ သိထားတယ်။ဒါကြောင့် အပင်ပန်းခံပြီး ebook တွေဖတ်တယ်။ ကျင့်သားမရသလို ဖတ်ရတာ စာအုပ်တွေလို အရသာမရှိခဲ့ဘူး။မတူညီတဲ့ format တွေကို Calibre ebook management softwareအသုံးပြုခဲ့တယ်။ Amazon ရဲ့ kindlee ink reader တွေသုံးပြီးဖတ်တယ်။ စာရွက်လှန်ရတာ ကြာတော့ အားမရဘူး။ speed-reading လုပ်လို့မရဘူး။ 2010 April မှာ iPad 1st gen ထွက်တယ်။ iBooks ပါလာတယ်။ ကိုယ်ဖြေရှင်းချင်တဲ့ ပြဿနာအကုန်ကိုiPad မှာ ဖြေရှင်းပေးသွားတယ်။ ဒီနောက်ပိုင်းမှာ စာဖတ်ဖို့ စနစ်တစ်ခုကောင်းကောင်းတည်ဆောက်လာနိုင်ခဲ့တယ်။ အနာဂတ်ကို သွားဖို့အတွက် Paper
Speed reading (စာမြန်မြန်ဖတ်ခြင်း) စာဖတ်တဲ့အခါ အရေးကြီးတဲ့အပိုင်းနှစ်ပိုင်းရှိတယ်။ Comprehension (နားလည်မှု) နဲ့ retention (မှတ်မိမှု) ဖြစ်ပါတယ်။ ဘယ်လောက်နားလည်သလဲ၊ ဘယ်လောက်မှတ်မိသလဲဖြစ်တယ်။ လူအများစုက စာတော့ဖတ်လိုက်တယ်။ ဒါပေမယ့် ဖတ်ပြီးသွားတဲ့အခါ ဘာရေးထားလဲမမှတ်မိတော့တဲ့အတွက် စာဖတ်ခြင်းနဲ့ဝေးလာကြတယ်။ Youtube တို့လို video တွေကြည့်တာပိုခုံမင်လာကြတယ်။ Video ကြည့်လေ့လာတာဟာ infotainment (information + entertainment), technical အပိုင်းတွေလေ့လာတဲ့အခါ၊ အခြေခံ အယူအဆ concept ကိုရှင်းပြတဲ့အခါ audio-visual ရတဲ့အတွက် စာဖတ်ခြင်းလောက်အားမစိုက်ရတဲ့အတွက် လူတော်တော်များများဟာ စာဖတ်တာထက် ပိုလုပ်ဖြစ်ကြတယ်။ ဒါပေမယ့် နက်နက်နဲနဲစဥ်းစားတွေးခေါ်ရတဲ့အပိုင်းအတွက် စာဖတ်ခြင်းကို မဖြစ်မနေလုပ်ရပါတယ်။ ပထမပြောခဲ့တဲ့ စာဖတ်ခြင်းမှာ အရေးကြီးတဲ့ နားလည်ခြင်းနဲ့ မှတ်မိခြင်းအပိုင်းနှစ်ပိုင်းဟာ စာဖတ်သူတချို့ကို အကြီးအကျယ်စိတ်ဒုက္ခရောက်စေပါတယ်။ ဦးနှောက်အလုပ်လုပ်တဲ့ နည်းစနစ်ကိုမသိလေလေ ဒုက္ခကြီးလေလေဖြစ်ပါတယ်။
ဘဝဆိုတာ အတွေ့အကြုံတစ်ခုပါ။ဒီအတွေ့အကြုံကို အကောင်းဆုံးရဖို့Dream list လိုပါတယ်။ ကျွန်တော်တို့တွေ အသက်ဘယ်လောက်ထိနေရမယ်ဆိုတာ ဘယ်သူမှ သေသေချာချာမသိဘူး။ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းကာလကြားမှာလုပ်ချင်တဲ့အရာတွေကို list လုပ်ထားပြီးတစ်ခုပြီးတစ်ခု အကောင်အထညိဖော်သွားဖို့အရေးကြီးတယ်။ ကျွန်တော်ကတော့ Dream List ဆိုပြီးရေးထားတယ်။ဒီ Dream List တွေကို တစ်ခုချင်းအကောင်အထည်ဖော်ဖြစ်တယ်။ ကျွန်တော့်ရဲ့ Dream List ထဲမှာသူ့အလိုလိုလည်ပတ်နေတဲ့brand/business အခု ၂၀ တည်ဆောက်ဖို့ပါတယ်။၇ ခု တော့ပြီးပြီ။နောက် ၁၃ ခုလိုသေးတယ်။ Phyo Paing @ Derek
“Knowledge is Potential Power, Action is Power” ဆိုတဲ့ အကိုးအကားအတိုင်း ကျွန်တော်တို့ ဘဝခရီးမှာ မိမိကိုယ်ကိုယ်အတွက် မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုနိုင်မယ့် Action ဆိုတဲ့ လုပ်ဆောင်မှုတွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ဖို့အတွက် Knowledge ဆိုတဲ့ အသိပညာဟာ လောင်စာ တစ်ခုပါပဲ။ အဲ့ဒီလောင်စာအတွက် အဓိက အရင်းအမြစ်ကတော့ စာဖတ်ခြင်းပါပဲ။ ကျွန်တော်တို့လို အလုပ်တစ်ဖက်နဲ့ ဘဝကိုဖြတ်သန်းနေကြရတဲ့ လူငယ်တွေ၊ လူလတ်ပိုင်း အရွယ်တွေအတွက် နေ့စဉ်ဘဝမှာ အရှားပါးဆုံးကတော့ အချိန်လို့ ဆိုရမလား? စီးပွါးရေး၊ လူမှုရေး၊ မိသားစုရေးနဲ့ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ရေး တွေအတွက် ကြိုးစားနေရင်း တာဝန်တွေပိနေတဲ့ သူတွေအဖို့တော့ စာတစ်အုပ် ဖတ်နိုင်ဖို့နေနေသာသာ ၂၄ နာရီဆိုတဲ့အချိန်ဟာ အရမ်းနည်းနေတာကြောင့် စာဖတ်ခြင်းဆိုတာ ကျွန်တော်တို့နဲ့ မသက်ဆိုင်သလို
ဘဝဆိုတာ ကျွန်တော်တို့ မဖြစ်မနေ ဖြတ်သန်းနေကြရတဲ့ ခရီးရှည်တစ်ခုပါ။ Read More »
အကြံဥာဏ်ဖြင့်ကြီးပွားခြင်း အောင်မြင်ချင်တဲ့သူတိုင်းဖတ်သင့်သည့်Napoleon Hill ရေးသားသော Think & Grow rich စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်သည်။ 1. ဘဝရဲ. ရည်မှန်းချက်ပန်းတိုင်းတွေကို အကောင်အထည်ဖော်ပြ ပြင်းပြတဲ. ဆန္ဒလိုပါတယ်။ (Burning Desire) 2. ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်းနှင်. သေချာ ကြိုတင်စီမံခြင်းသည် အောင်မြင်ခြင်းအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။ (Goal Setting & Detailed Planning) 3. အောင်မြင်တဲ.သူတွေမှာ မပြောင်းလဲသောမိမိကိုယ်ကို အလုံးစုံယုံကြည်မှုရှိသည်။ (Unwavering Faith) 4. မိမိကိုယ်မိမိ ယုံကြည်ဖို.အတွက် Auto-suggestion ဆိုသော နည်းလမ်းကိုသုံးနိုင်သည်။ (ယနေ.ခေတ်တွင် Incantation လို.ခေါ်သော နည်းလမ်းအားလည်းသုံးနိုင်သည်။) 5. အသိပညာဆိုတာ ပါဝါပါ။ ဒီစွမ်းအားကိုရဖို.အတွက် သမရိုးကျ ကျောင်းပညာကိုဆိုလိုတာမဟုတ်ပါဘူး။ မိမိကိုယ်မိမိ လေ.လာစီးပူးနိုင်သော ပညာကို ဆိုလိုပါသည်။