Uncategorized

ကိုယ့်ကိုကိုယ်တော့ ဆုလဒ်လို့အမြဲယုံကြည်ထားတယ်။

ကိုယ့်ကိုကိုယ်တော့ ဆုလဒ်လို့အမြဲယုံကြည်ထားတယ်။ ကိုယ်နဲ့သိတဲ့သူတွေကိုလဲကိုယ့်အသိပညာ၊ အတတ်ပညာစွမ်းသလောက်အကုန်ကူညီပေးတယ်။ ကိုယ်ချစ်တဲ့သူတွေကိုကာကွယ်ပေးတယ်။တာဝန်ယူတယ်။ ကိုယ်နဲ့သိလို့ ဆိုးကျိုးဖြစ်သွားတာမရှိအောင်အမြဲဂရုစိုက်သလိုတွေ့တိုင်းလဲ တိုးတက်အောင်ကူညီတယ်။ ဘဝကိုတော့ ဒီလိုပဲဖြတ်သန်းတယ်။​မိဘ၊ မောင်နှမ၊ သားသမီး၊​သမီးရည်းစားလင်မယား၊လုပ်ငန်းပါတနာ၊ကိုယ့်ဆီဝယ်တဲ့သူ၊ဝန်ထမ်း၊ အသိမိတ်ဆွေ၊ကိုယ်ကျင်လည်ရာပတ်ဝန်းကျင် အကုန်တူတူပဲ။ ကိုယ့်ကိုကိုယ်တော့ ဆုလဒ်လို့ပဲအမြဲစဥ်းစားတယ်။ Phyo Paing @ Derek drphyopaing

ကိုယ့်ကိုကိုယ်တော့ ဆုလဒ်လို့အမြဲယုံကြည်ထားတယ်။ Read More »

လူတစ်ယောက်ရဲ့စံနှုန်းကိုကြည့်ချင်ရင်သူ့ဘဝမှာရှိနေတဲ့အရာတွေနဲ့ကြည့်လို့ရနိုင်တယ်။

လူတစ်ယောက်ရဲ့စံနှုန်းကိုကြည့်ချင်ရင်သူ့ဘဝမှာရှိနေတဲ့အရာတွေနဲ့ကြည့်လို့ရနိုင်တယ်။ ခန္ဓာကိုယ် အချိုးအစား၊အလုပ်အကိုင် စီးပွား၊ငွေရေးကြေးရေး၊အချစ်ရေး၊အသိုင်းအဝိုင်း၊တိုးတက်ရေး။​ ဘဝမှာ ဖြစ်သလိုလာပေးတာကိုလက်ခံနေလို့မရဘူး။ကိုယ့်စံနှုန်းနဲ့ ကိုက်ညီဖို့တော့လိုတယ်။စံနှုန်းနဲ့ ကိုက်ဖို့လဲအတွေး၊ အကြံ၊ အလုပ်ကောင်းဖို့လိုတယ်။ Phyo Paing @ Derek drphyopaing

လူတစ်ယောက်ရဲ့စံနှုန်းကိုကြည့်ချင်ရင်သူ့ဘဝမှာရှိနေတဲ့အရာတွေနဲ့ကြည့်လို့ရနိုင်တယ်။ Read More »

နေ့ရက်တိုင်းက အသစ်ပဲ။

နေ့ရက်တိုင်းက အသစ်ပဲ။ဘဝမှာ အသက်ကို ဝဝလင်လင်ရှူနေရတိုင်းကျေးဇူးတင်မိတယ်။ လူဖြစ်ရတဲ့တစ်ရက်တိုင်းကဘဝကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရတာပဲ။ ချစ်ခွင့်ရှိတယ်။ရယ်ခွင့်ရှိတယ်။မှားခွင့်ရှိတယ်။ပြန်စခွင့်ရှိတယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ဖြုန်းလို့ရတယ်။မမြင်ဖူးတဲ့နေရာတွေ သွားလို့ရတယ်။မသိသေးတာတွေ သင်ယူလို့ရတယ်။ကိုယ်ဖြစ်ချင်တဲ့လူတစ်ယောက်အဖြစ်တဖြည်းဖြည်း ပြောင်းလဲသွားလို့ရတယ်။ တစ်ခါတလေ ဘဝကကိုယ်လိုချင်သလို ဖြစ်မလာဘူး။ ဒါပေမယ့်ဖြစ်လာသမျှကို အပြည့်အဝတွေ့ကြုံပြီးသင်ယူစရာရှိတာ သင်ယူ၊လွှတ်ချစရာရှိတာ လွှတ်ချ၊ရှေ့ဆက်စရာရှိတာ ရှေ့ဆက်လို့ရတယ်။ မနက်ဖြန်ဆိုတာ အာမခံချက်မရှိဘူး။ ဒါကြောင့် ဒီနေ့ အသက်ရှင်နေရတာကိုပဲသာမန်လို့ မမြင်ချင်တော့ဘူး။ အသက်ရှူနိုင်သေးတယ်။ခံစားနိုင်သေးတယ်။ချစ်နိုင်သေးတယ်။ဖန်တီးနိုင်သေးတယ်။ ဒီတစ်ရက်ဟာလည်းဘဝက ကိုယ့်ကိုပေးထားတဲ့နောက်ထပ်အခွင့်အရေးတစ်ခုပဲ။ လူဖြစ်ရတဲ့တစ်ရက်တိုင်းကကျေးဇူးတင်ထိုက်တဲ့ အံ့ဩဖွယ်ရာတစ်ခုပဲ။ Phyo Paing @ Derek drphyopaing

နေ့ရက်တိုင်းက အသစ်ပဲ။ Read More »

ဘဝကို ကိုယ်စိတ်ကြိုက်ပုံဖော်ပြီးနေထိုင်နေတဲ့သူတွေကိုသဘောကျတယ်။

ဘဝကို ကိုယ်စိတ်ကြိုက်ပုံဖော်ပြီးနေထိုင်နေတဲ့သူတွေကိုသဘောကျတယ်။ ကိုယ့်စိတ်ကြိုက်ကသူများစိတ်ကြိုက်ဖြစ်ချင်မှဖြစ်မယ်။ သူများစိတ်ကြိုက်ကလဲကိုယ့်စိတ်ကြိုက်ဖြစ်ချင်မှဖြစ်မယ်။ အရေးကြီးတာ ကိုယ့်ပုံစံနဲ့သူများကို လိုက်နေထိုင်ဖို့အတင်းကရော လိုက်မလုပ်ဖို့ပဲ။ အားလုံးကိုယ့်အထာနဲ့ကိုယ်ဆိုဘဝကြီးက အားလုံးအဆင်ပြေနိုင်တယ်။ ဒါတွေလုပ်ဖို့ အခြေခံကတော့ကျန်းမာရေးနဲ့ ငွေရေးကြေးရေးပေါ့။ Phyo Paing @ Derek drphyopaing

ဘဝကို ကိုယ်စိတ်ကြိုက်ပုံဖော်ပြီးနေထိုင်နေတဲ့သူတွေကိုသဘောကျတယ်။ Read More »

အသက်ကြီးလာတော့သတိပြုမိတာတစ်ခုကလူတွေကို သနားတတ်တဲ့ဦးနှောက်အစိတ်အပိုင်းကအလုပ်မလုပ်တော့တာတော်တော်ကြာသွားပြီ။

အသက်ကြီးလာတော့သတိပြုမိတာတစ်ခုကလူတွေကို သနားတတ်တဲ့ဦးနှောက်အစိတ်အပိုင်းကအလုပ်မလုပ်တော့တာတော်တော်ကြာသွားပြီ။ ငယ်ငယ်ကဆို တစ်ခုခုဆိုခံစားရလွန်းတယ်။စိတ်လဲ အမြဲညစ်ရတယ်။ မိုးရွာကြီးထဲ စက်ဘီးနဲ့ဆန်အိတ်ကျလို့ကျောင်းစာအုပ်တွေကို ဘေးမှာချမိုးစိုခံပြီး ကူညီခဲ့တာတွေ။အနိုင်ကျင့်ခံနေရတဲ့သူဖက်ကရပ်တည်ပြီး ကူညီပေးခဲ့ပေမယ့်အနိုင်ကျင့်သူတွေနဲ့ပေါင်းပြီးကိုယ့်ကို ပြန်ရန်လုပ်တာတွေဘဝမှာ ဖြူစင်ပြီး ခံခဲ့ရတာတော်တော်လေးများလာတော့ဘဝမှာ အရာရာစည်းနဲ့ပဲနေဖြစ်လာတယ်။ လူတွေကိုလဲ စီးပွားမိတ်ဖက်၊ကိုယ့်ရဲ့အတွင်းလူ၊အရမ်းခင်တဲ့သူငယ်ချင်း၊အသိမိတ်ဆွေအကန့်တွေ ခွဲထားလိုက်တယ်။ တစ်ခုခုဆို တစ်ဖက်လူဘာလိုချင်သလဲသူလိုချင်တာငါပေးနိုင်လား။ဒီမေးခွန်းမေးကြည့်တယ်။​ ဆက်ဆံရေးတစ်ခုမှာကိုယ်က ဘာလိုချင်သလဲ။သူဘာလိုချင်သလဲ။သူလိုချင်တာပေး၊မလိုချင်တာမပေးနဲ့။ သူတပါးမလိုချင်တာပေးရင်မလိုချင်တာ ပြန်ရမယ်။ ဘဝကို ဒီ ဥပဒေသနဲ့ပဲဖြတ်သန်းတော့အရှုပ်အရှင်းမရှိ အကုန်လုံးကအဆင်ပြေတယ်။ Phyo Paing @ Derek drphyopaing

အသက်ကြီးလာတော့သတိပြုမိတာတစ်ခုကလူတွေကို သနားတတ်တဲ့ဦးနှောက်အစိတ်အပိုင်းကအလုပ်မလုပ်တော့တာတော်တော်ကြာသွားပြီ။ Read More »

များများလေ့လာပါ။တစ်ခုကိုဇောက်ချ specialized knowledge ရှိပါ။

ငယ်ငယ်တုန်းက ဂယောင်။​ဟိုယောင်ယောင် ဒီယောင်ယောင်။ အသက်အရွယ်တစ်ခုရလာတော့တစ်ခုခုကို ဇောက်ချလုပ်ဖို့လိုလာတယ်။ နယ်ပယ်တစ်ခုမှာ ဆရာကျဖို့ကဆယ်စုနှစ်တစ်ခုတော့အနည်းဆုံးပေးဆပ်ရတယ်။ တိုးတက်တဲ့နိုင်ငံဖြစ်လေလေအချိန်ပိုကြာလေလေ။ တောမှာဆရာဖြစ်တာနဲ့၊ရွာမှာဆရာဖြစ်တာနဲ့၊မြို့မှာဆရာဖြစ်တာနဲ့၊နိုင်ငံတစ်နိုင်ငံမှာဆရာဖြစ်တာနဲ့၊နိုင်ငံတကာမှာဆရာဖြစ်တာမတူပြန်ဘူး။ ပေးရတဲ့အချိန် မတူဘူး။​စမ်းသပ်ရမည့်အကြိမ်ရေမတူဘူး။ ဘဝမှာ အစုံလေ့လာဖို့လိုသလို၊တစ်ခုထဲကို ဇောက်ချအထူးပြုနားလည်ဖို့လဲလိုတယ်။ Depth အနက်လဲလိုတယ်။​Breadth အကျယ်လဲလိုတယ်။ များများလေ့လာပါ။တစ်ခုကိုဇောက်ချ specialized knowledge ရှိပါ။ Phyo Paing @ Derek drphyopaing

များများလေ့လာပါ။တစ်ခုကိုဇောက်ချ specialized knowledge ရှိပါ။ Read More »

လူဖြစ်လာရင်လဲအောက်ကျနောက်ကျမဖြစ်ဖို့အလုပ်လုပ် ကြိုးစားရသေးတယ်။

လူဖြစ်လာရင်လဲအောက်ကျနောက်ကျမဖြစ်ဖို့အလုပ်လုပ် ကြိုးစားရသေးတယ်။ ကျန်းမာကြံ့ခိုင်ရေး၊အလုပ်စီးပွား၊ငွေရေးကြေးရေး၊အချစ်ရေး၊သားသမီးရေးရာ၊ မိဘ။အပေါင်းအသင်း အသိုင်းအဝိုင်းကလဲသူ့အဆင့်အတန်းနဲ့သူ ဝင်ဆန့်ဖို့၊တိုးတက်ရေးနဲ့သေတဲ့အချိန်အတွက် ပြင်ဆင်ဖို့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု သို့ ဘာသာတရား။ လူဖြစ်ရတာ စဥ်းစားစရာများတော့လွယ်တော့မလွယ်လှဘူး။အထူးသဖြင့် ဂုဏ်ပြိုင်မှုကိုအသားပေးတဲ့ အသိုင်းအဝိုင်း၊ရပ်၊ ရွာ၊ နိုင်ငံဆို ပိုဆိုးတယ်။ ဘယ်နေရာကျင်လည်လည်အရေးကြီးတာအောက်ကျနောက်ကျမဖြစ်ဖို့ပဲ။ ဒါကြောင့် နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေပါနဲ့။ Phyo Paing @ Derek drphyopaing

လူဖြစ်လာရင်လဲအောက်ကျနောက်ကျမဖြစ်ဖို့အလုပ်လုပ် ကြိုးစားရသေးတယ်။ Read More »

ဘဝဆိုတာ တစ်သားမတ်ထဲဖြစ်မနေဘူး။

ဘဝဆိုတာ တစ်သားမတ်ထဲဖြစ်မနေဘူး။အသက်အရွယ်အပိုင်းအခြားအလိုက်အနိမ့်အမြင့် အတက်အကျရှိတယ်။အရေးကြီးတာ ကိုယ်ထိန်းချုပ်လို့ရတဲ့အပိုင်းကိုသိ။ထိန်းချုပ်လို့မရတဲ့အပိုင်းကိုသိ။ထိန်းချုပ်လို့ရတာကို ထိန်းချုပ်။ထိန်းချုပ်မရတာကို လျစ်လျူရှု။ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းတိုးတက်နေအောင်နေ့စဉ်အားထုတ်နေဖို့ပဲ။ ကျန်းမာကြံ့ခိုင်ရေးဖြစ်ရင်ဖြစ်မယ်။အလုပ်စီးပွါးဖြစ်ရင်ဖြစ်မယ်။​ငွေကြေးစီမံခန့်ခွဲမှုဖြစ်ရင်ဖြစ်မယ်။အချစ်၊ သားသမီး၊ မိသားစုအရေးဖြစ်ရင်ဖြစ်မယ်။ Phyo Paing @ Derek drphyopaing

ဘဝဆိုတာ တစ်သားမတ်ထဲဖြစ်မနေဘူး။ Read More »

လူတိုင်းကိုမကယ်နိုင်ဘူး။

လူတိုင်းကိုမကယ်နိုင်ဘူး။ကိုယ့်ကိုကိုယ်ကယ်။ကိုယ့်မိဘ၊ သားသမီးကိုကယ်။ကိုယ်ချစ်ရတဲ့သူတွေကိုကယ်။ကိုယ်နဲ့ဆက်စပ်တဲ့သူတွေကိုကယ်။တစ်ဆင့်ချင်းပဲ။တာဝန်ယူတဲ့စိတ်တော့ရှိရမယ်။ကိုယ့်ကိုကိုယ်ကစကယ်။ အပြစ်တင်စိတ်ကိုလျော့။ရည်မှန်းချက်ပန်းတိုင်သတ်မှတ်။ဖြစ်အောင်နည်းလမ်းရှာ။ Phyo Paing @ Derek drphyopaing

လူတိုင်းကိုမကယ်နိုင်ဘူး။ Read More »

ကိုယ်လုပ်ချင်တာလုပ်ပြီးကိုယ်ဖြစ်ချင်တာ ဖြစ်လာတာအောင်မြင်မှုပဲ။

ကိုယ်လုပ်ချင်တာလုပ်ပြီးကိုယ်ဖြစ်ချင်တာ ဖြစ်လာတာအောင်မြင်မှုပဲ။ ဒါပေမယ့် လူအများစုရဲ့ ပြဿနာကမအောင်မြင်သေးတာ မဟုတ်ဘူး။ ကိုယ်ဘာတကယ်ဖြစ်ချင်လဲဆိုတာတောင်သေချာမသိသေးတာ။ နောက်ကိုယ်ဘာလုပ်ရတာ ကြိုက်သလဲ။ဘာလုပ်ပြီး အသက်မွေးချင်သလဲ။ဘယ်လိုဘဝမျိုး နေချင်သလဲ။ သေချာမသိတတ်ကြဘူး။ ဒီတော့ ခေတ်စားနေတာ လိုက်လုပ်တယ်။လူတွေ လုပ်နေတာ လိုက်လုပ်တယ်။ပိုက်ဆံရတယ်ဆိုတာ လိုက်လုပ်တယ်။လူအများ လျှောက်နေတဲ့လမ်းကို လိုက်လျှောက်တယ်။ နှစ်တွေကြာလာတော့တစ်ခုခုတော့ ဖြစ်လာတယ်။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တာ ဖြစ်လာတာလား။လောကက ဖြစ်စေချင်တာ ဖြစ်လာတာလား။ ဒါကို ပြန်မေးဖို့လိုတယ်။ တချို့တွေက ကံကောင်းတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ကိုယ်ချစ်တဲ့အလုပ်၊ကိုယ်တော်တဲ့အရာ၊ကိုယ်ဖြစ်ချင်တဲ့ပုံစံကိုရှာတွေ့သွားတယ်။ တချို့တွေကတော့နှစ်ပေါင်းများစွာ စမ်းသပ်ရတယ်။ လူတွေ့ရတယ်။နေရာတွေပြောင်းရတယ်။စာတွေဖတ်ရတယ်။မှားရတယ်။ပြန်စရတယ်။ ဒီလိုနဲ့မှကိုယ်ဘာလိုချင်လဲ တဖြည်းဖြည်း ရှင်းလာတယ်။ ဒါကြောင့် ဘဝမှာကိုယ်ပိုင်အတွေးအခေါ် လိုတယ်။ ကိုယ့်အတွက် အောင်မြင်မှုဆိုတာ ဘာလဲ။ကောင်းတဲ့ဘဝဆိုတာ ဘာလဲ။ဘယ်လိုလူတစ်ယောက် ဖြစ်ချင်လဲ။ဘာအတွက် အချိန်ပေးမလဲ။ဘာအတွက်တော့ အချိန်မပေးဘူးလဲ။ ဒီမေးခွန်းတွေအတွက်ကိုယ်ပိုင်အဖြေရှိဖို့လိုတယ်။ ဒါက ပြောသလောက်တော့ မလွယ်ဘူး။ ကိုယ့်ကိုကိုယ် သိဖို့လိုတယ်။လောကကို နားလည်ဖို့လိုတယ်။အတွေ့အကြုံတွေကနေ

ကိုယ်လုပ်ချင်တာလုပ်ပြီးကိုယ်ဖြစ်ချင်တာ ဖြစ်လာတာအောင်မြင်မှုပဲ။ Read More »