Life

ဘာတွေ ရှုပ်ပြီးတွယ်တာခံစားနေမလဲ။
ဘဝအတွေ့အကြုံကို ကောင်းကောင်းယူ
Quality of life ကို မြင့်အောင်နေဖို့ပဲ။

အကြည်ဓာတ်အပြည့်နဲ့နေနိုင်တာ ၁။ ခေါင်းထဲမှာ ကိုယ်သွားချင်တဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခုပဲရှိတယ်။ ဒီအတွက်ပဲ နေ့စဥ်ကြံဆတယ်။ ၂။ အကျိုးမရှိတဲ့သူနဲ့မပေါင်းဘူး။ အကျိုးမရှိတဲ့နေရာမသွားဘူး။ အကျိုးမရှိတဲ့ အတွေးမတွေးဘူး။ ၃။ တစ်မိနစ်ထက်ပို စိတ်ညစ်မခံဘူး။ တစ်မိနစ်အတွင်း မကောင်းတဲ့ခံစားချက်ကိုရှင်းတယ်။ ၄။ နေ့စဥ် တော်၊ ပျော်၊ ပွား၊ ပေးဖြစ်ရမယ်။တော်ရမယ်၊ ပျော်ရမယ်၊ ဝင်ငွေတိုးပွားရမယ်၊ကိုယ့်မှာရှိတာ ဥပမာ အသိပညာ မျှဝေပေးနိုင်ရမယ်။ ၅။ နေ့စဥ်လည်ပတ်မှု အမူအကျင့်ကောင်းပြုစုပျိုးထောင်ထားတယ်။ ၆။ ဘဝရဲ့အကောင်းဆုံးတစ်ရက်တာဘယ်လိုကုန်ဆုံးမလဲ ideal day ကိုကြိုစဥ်းစားထားတယ်။ ဘဝကိုလဲ နေ့စဥ် အဲ့လိုနေထိုင်နိုင်အောင်စီမံထားတယ်။ ၇။ ကိုယ့်မိသားစု၊ ကိုယ်နဲ့သက်ဆိုင်သူတွေအပေါ်တာဝန်ကျေအောင်နေတယ်။ ကျန်တာ တခြားသူတွေရဲ့တာဝန်ပဲ။ အားလုံးနောက် နှစ် ၇၀ လောက်ဆို သေကုန်ပြီ။ ဘာတွေ ရှုပ်ပြီးတွယ်တာခံစားနေမလဲ။ ဘဝအတွေ့အကြုံကို ကောင်းကောင်းယူQuality of life ကို

ဘာတွေ ရှုပ်ပြီးတွယ်တာခံစားနေမလဲ။
ဘဝအတွေ့အကြုံကို ကောင်းကောင်းယူ
Quality of life ကို မြင့်အောင်နေဖို့ပဲ။
Read More »

ဘဝမှာ ဖြစ်ပျက်တာတွေကို
အမြဲတမ်း ရွေးချယ်လို့ မရဘူး။

လူတွေကအခြေအနေတွေ ပြောင်းလဲသွားရင်ပျော်ရွှင်လာမယ်လို့ ထင်ကြတယ်။ ပိုက်ဆံပိုရှိရင်၊အလုပ်ပိုကောင်းရင်၊လူတွေ ကိုယ့်ကို နားလည်ပေးရင်ဘဝက ပိုကောင်းလာမယ်လို့ ထင်ကြတယ်။ ဒါပေမဲ့တစ်ခါတလေပြောင်းလဲဖို့ လိုနေတာအခြေအနေ မဟုတ်ဘူး။ အခြေအနေကိုကိုယ်မြင်နေတဲ့ အမြင်ပဲ။ ပြဿနာလို့ မြင်ရင်စိတ်ပင်ပန်းရမယ်။ သင်ခန်းစာလို့ မြင်ရင်တစ်ခုခု သင်ယူနိုင်မယ်။ အဖြစ်အပျက်တစ်ခုတည်းကလူတစ်ယောက်ကို ဖျက်ဆီးနိုင်သလိုနောက်တစ်ယောက်ကိုလည်းပိုသန်မာလာစေနိုင်တယ်။ ဘဝမှာ ဖြစ်ပျက်တာတွေကိုအမြဲတမ်း ရွေးချယ်လို့ မရဘူး။ ဒါပေမဲ့အဲဒီအရာတွေကိုဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာကိုယ်ရွေးချယ်လို့ ရတယ်။ အမြင်ပြောင်းတာနဲ့လောကကြီး မပြောင်းသွားပေမဲ့ကိုယ်တွေ့ကြုံနေရတဲ့ လောကကပြောင်းလဲသွားနိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ ဖြစ်ပျက်တာတွေကို
အမြဲတမ်း ရွေးချယ်လို့ မရဘူး။
Read More »

လူတွေဟာ Reality
တကယ့်အရှိတရားကို
တိုက်ရိုက်မြင်နေရတာ မဟုတ်ဘူး။

တစ်ခါတလေဘဝကို ပိုအသက်ဝင်ဝင် နေတတ်ဖို့ကိုယ်သေသွားပြီလို့ခဏလောက် ခံစားကြည့်ဖို့လိုတယ်။ ထူးဆန်းတယ်။ ဒါပေမယ့် သေခြင်းကိုတကယ်နီးနီးကပ်ကပ် မြင်ဖူးတဲ့အခါနေ့တိုင်းအရေးကြီးတယ်ထင်နေတဲ့ပြဿနာတော်တော်များများကရုတ်တရက် အရေးမကြီးတော့ဘူး။ မနေ့က အင်တာဗျူးနှစ်နာရီကျော်နားထောင်ပြီးRobert Greene ရဲ့The Law of the Sublime မှာစိတ်ဝင်စားစရာ အယူအဆတစ်ခုရှိတယ်။ လူတွေဟာ Realityတကယ့်အရှိတရားကိုတိုက်ရိုက်မြင်နေရတာ မဟုတ်ဘူး။ ကိုယ့်ဦးနှောက်က ဖန်တီးထားတဲ့ကမ္ဘာတစ်ခုထဲမှာ နေနေတာ။ ဘာသာစကား။ ယုံကြည်ချက်။ အတိတ်အတွေ့အကြုံ။ အတ္တ Ego။ လူမှုအသိုင်းအဝိုင်းရဲ့ စံနှုန်း။ Social Media။ Algorithm။ သူများတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲဆိုတဲ့စိုးရိမ်မှု။ ဒါတွေအကုန်ပေါင်းပြီးReality ပေါ်မှာ Filter တွေတစ်ထပ်ပြီးတစ်ထပ် တင်ပေးထားတယ်။ ဒီ Filter တွေကြားမှာ နေရင်းလူက Reality ကို မမြင်တော့ဘူး။ Reality အကြောင်းကိုယ့်ခေါင်းထဲမှာ ဖန်တီးထားတဲ့ဇာတ်လမ်းကိုပဲ မြင်တော့တယ်။ အလုပ်မှာ

လူတွေဟာ Reality
တကယ့်အရှိတရားကို
တိုက်ရိုက်မြင်နေရတာ မဟုတ်ဘူး။
Read More »

ဘဝရှိရင် ဆန္ဒရှိတယ်။

ဘဝရှိရင် ဆန္ဒရှိတယ်။ဆန္ဒရှိရင် ဖြေရှင်းရမည့် ပြဿနာရှိတယ်။ ပြဿနာမဖြေရှင်းနိုင်ရင် ဒုက္ခဖြစ်တယ်။ ပြဿနာဖြေရှင်းနိုင်ရင်ဒုက္ခကိုကျော်လွှားနိုင်တယ်။ ပြဿနာဖြေရှင်းနိုင်ဖို့ အသိပညာ၊ အတတ်ပညာသင်တယ်။ ပညာတတ်ရင် ကိုယ့်ပြဿနာကိုယ်ဖြေရှင်းလို့ရတယ်။နောက်တစ်ဆင့် တခြားသူပြဿနာဖြေရှင်းပေးလို့ရတယ်။ တခြားသူပြဿနာဖြေရှင်းပေးရင်းအသက်မွေးတာကို အသက်မွေးမှု profession လို့ခေါ်တယ်။ အသက်မွေးမှုကို ခပ်ကြီးကြီးလုပ်ချင်တဲ့အခါကိုယ်အမြဲမပါလဲ ပြဿနာဖြေရှင်းနိုင်အောင် စီးပွားရေးလုပ်ငန်းတွေလုပ်ကြတယ်။တခြားသူရဲ့ အချိန်၊တခြားသူရဲ့ လုပ်အား၊ တခြားသူရဲ့ ပညာကို ငွေကြေးနဲ့လဲလှယ်ပြီး ပေါင်းစည်းခြင်းအားနဲ့ လူတွေရဲ့ပြဿနာဖြေရှင်းရင်းငွေရှာတယ်။ ဒါကို စီးပွားရှာတယ်လို့ခေါ်တယ်။ ဘဝရှိရင် ဆန္ဒရှိတယ်။ ဆန္ဒတွေကို အကောင်အထည်ဖော်တဲ့အသက်အရွယ်ရှိတယ်။ဆန္ဒတွေကို ပယ်သတ်တဲ့အသက်အရွယ်ရှိတယ်။ တချို့တွေက ဘဝမှာမွေးလာကတည်းက ဆန္ဒတွေ ပယ်သတ်ပြီးသား။တချို့တွေက ဆန္ဒရှိတယ်။ ပြဿနာဖြေရှင်းနိုင်စွမ်းမရှိဘူး။ တချို့က ဆန္ဒလဲရှိတယ်။ပြဿနာတွေကိုလဲ ဖြေရှင်းနိုင်တယ်။နောက်တစ်ဆင့်တက်ဖို့ နောက်ပြဿနာတွေလဲ ဖြေရှင်းနိုင်ဖို့အားထုတ်တယ်။ ဒါကတော့ ကျွန်တော့်ရဲ့ဘဝကို မြင်တဲ့ အမြင်တစ်ခု။ Phyo Paing @ Derek

ဘဝရှိရင် ဆန္ဒရှိတယ်။ Read More »

ဘဝ ပြဿနာအများစုက
ကိုယ့်ကိုကိုယ် နားမလည်လို့ဖြစ်တာ။

လုပ်ငန်းတွေလုပ်ကြတယ်။ ကိုယ်က ဘယ်လိုစူပါပါဝါရှိလဲမလေ့လာကြဘူး။ ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ်ကိုယ်နဲ့ မကိုက်တဲ့အလုပ်ကိုလုပ်ရင်တိုင်ပတ်မှာပဲ။ တချို့က ဖန်တီးတာတော်တယ်။ လုပ်ငန်းအသစ်တွေလုပ်တယ်။တချို့က တောက်ပတာတော်တယ်။ စင်ပေါ်မှာပဲနေတယ်။တချို့က ထောက်ပံ့တာတော်တယ်။ ကိုယ်တိုင်လုပ်ငန်းမစဘူး။တချို့က ပွဲစား။ တချို့က ဝယ်တယ်၊ ရောင်းတယ်။ ကုန်သည်။ တချို့က ဖြေးဖြေးမှန်မှန် သေချာမှလုပ်တယ်။ စုဆောင်းသူ။တချို့က စနစ်နဲ့ တိတိကျကျအကုန်လုပ်တယ်။တချို့က တစ်ခုတည်းကို ကြီးအောင်လုပ်တယ်။ ဗျာမများဘူး။ ဒါကို wealth dynamics လို့ခေါ်တယ်။ ကိုယ့်အားသာချက်ကိုယ်သိရင်လုပ်ငန်းလုပ်ရတာလဲလွယ်သွားမယ်။ Phyo Paing @ Derek

ဘဝ ပြဿနာအများစုက
ကိုယ့်ကိုကိုယ် နားမလည်လို့ဖြစ်တာ။
Read More »

ဘဝကို ပြောင်းတာက အပြင်က မစဘူး။

လူနှစ်ယောက်။တူညီတဲ့ ပြဿနာ။ တစ်ယောက်က အခွင့်အလမ်း မြင်တယ်။တစ်ယောက်က အဆုံးသတ် မြင်တယ်။ ဘာကြောင့်လဲ။ ဖြစ်ရပ်ကြောင့် မဟုတ်ဘူး။ဖြစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ပုံကြောင့်ပါ။ Stoic ပညာရှိ Epictetus က ပြောခဲ့ဖူးတယ်။လူတွေကို ဒုက္ခပေးတာ ဖြစ်ရပ်တွေ မဟုတ်ဘူး။ဖြစ်ရပ်တွေအပေါ် သူတို့ရဲ့ အမြင်တွေ။ ဒီအမြင်ဆိုတာကလည်းရုတ်တရက် ပေါ်လာတာ မဟုတ်ဘူး။ မျိုးရိုးဗီဇ။ဦးနှောက်ရဲ့ ဓာတုဗေဒ။ဘဝအတွေ့အကြုံ။အသိပညာ။ယုံကြည်ချက်။ပတ်ဝန်းကျင်။စိတ်ခံစားချက်။အာရုံစိုက်နေတဲ့အရာ။ ဒါတွေအားလုံး ပေါင်းစပ်ပြီးဖြစ်ရပ်တစ်ခုကိုဘယ်လို အဓိပ္ပာယ်ဖွင့်မလဲဆိုတာကိုဆုံးဖြတ်ပေးနေတာ။ ဗုဒ္ဓက ဒါကို ပဋိစ္စသမုပ္ပါဒ်လို့ ခေါ်တယ်။ဘာမှ သူ့ဘာသာသူ မဖြစ်ဘူး။အကြောင်းတွေ စုပြီးမှ အကျိုးဖြစ်တယ်။ အတွေးလည်း ဒီသဘောပဲ။ အဓိပ္ပာယ်ဖွင့်ပုံက အတွေးကို ဖန်တီးတယ်။အတွေးက ဆုံးဖြတ်ချက်ကို ဖန်တီးတယ်။ဆုံးဖြတ်ချက်က လုပ်ရပ်ကို ဖန်တီးတယ်။လုပ်ရပ်က ရလဒ်ကို ဖန်တီးတယ်။ရလဒ်က ယုံကြည်ချက်အသစ်ကို ထပ်ဖန်တီးတယ်။ ယုံကြည်ချက်ကနေ ရလဒ်။ရလဒ်ကနေ ယုံကြည်ချက်။ ဒီစက်ဝိုင်းကနေ့တိုင်း လည်ပတ်နေတယ်။ကိုယ်သတိမထားမိဘဲနဲ့။

ဘဝကို ပြောင်းတာက အပြင်က မစဘူး။ Read More »

ဘဝဆိုတာ အပိုင်းအခြားပဲ။

ဟောင်ကောင်က ဇာတ်ကားတွေနဲ့ကြီးလာတော့မင်းသားမင်းသမီးတွေကြည့်။ ငယ်ရွယ်တုန်းအောင်မြင် အသက်ကြီးတိုင်ပတ်ရှိသလိုပိုက်ဆံတွေရှိ နောက်ဆုံးအကုန် ကုန် ရှိတယ်။တချို့ကျတော့ ဖြေးဖြေးတက်လာတယ်။အသက်ကြီးမှ ပိုအောင်မြင်တယ်။ တချို့ကျ ငယ်တုန်းအကုန်အောင်မြင်နေရင်းကိစ္စတစ်ခုကြောင့် အကုန်လုံးရပ်သွားရသူတွေ၊ အသစ်ပြန်စရသူတွေအချိန်မတိုင်ခင်ကြွေလွင့်သူတွေ၊အများကြီးပဲ။ ဘဝဆိုတာ အပိုင်းအခြားနဲ့။အခု ဒုက္ခရောက်နေလို့လဲ စိတ်မညစ်နဲ့။ အခု အောင်မြင်နေလို့လဲ စမာန်မတက်နဲ့။ လောကဓံရိုက်ချက်က တစ်ချက်တစ်ချက်ပြင်းတယ်။တခါတခါ ဘာမှမလုပ်လဲ ရွေးချယ်မှုတစ်ခုမှန်ကန်သွားရင်ဘဝက လုံးလုံးကောင်းသွားတာမျိုး။ ဒါကြောင့် သံသရာမှာ ရန်ပြန်ရှာမည့်အလုပ်တွေကို ဖြစ်နိုင်သမျှရှောင်တာမမှားဘူး။ Phyo Paing @ Derek

ဘဝဆိုတာ အပိုင်းအခြားပဲ။ Read More »

သင် ဘဝကို မပြောင်းနိုင်သေးခင်
ကိုယ့်ရဲ့ Emotional Pattern ကို ပြောင်းနိုင်ပါတယ်။

ခဏခဏ စိတ်ညစ်တတ်လားဒါကဘာကြောင့်လဲ။ တချို့လူတွေ ဘာကြောင့် အမြဲစိတ်ကျနေသလို ဖြစ်ပြီး၊ တချို့လူတွေကတော့ ဘာကြောင့် အမြဲစွမ်းအင်ပြည့်နေကြတာလဲ? တစ်ခါတလေ သတိထားမိဖူးလား။ တချို့လူတွေက ပြဿနာတစ်ခု ကြုံတာနဲ့“ပြီးပြီ… ငါမရတော့ဘူး။” တချို့လူတွေကတော့“အဆင်ပြေတယ်။ ဒီတစ်ခေါက် ဘာသင်ယူရမလဲ?” အဖြစ်အပျက်က အတူတူပဲ။ဒါပေမယ့် ခံစားချက်က မတူဘူး။ ဒါဟာ ကံကောင်းတာ၊ ကံဆိုးတာ မဟုတ်ဘူး။လူတိုင်းမှာ ကိုယ်ပိုင် Emotional Pattern (စိတ်ခံစားမှုပုံစံ) တစ်ခုစီ ရှိတတ်ပါတယ်။ သုတေသနတွေအရ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို အဓိက လွှမ်းမိုးတဲ့ အရာတွေက— ၁။ မွေးရာပါ Temperament (စိတ်သဘောထား) တချို့လူတွေက မွေးကတည်းက အေးဆေးတယ်။တချို့က စိတ်လှုပ်ရှားလွယ်တယ်။တချို့က စိုးရိမ်လွယ်တယ်။တချို့က စူးစမ်းလိုစိတ်၊ စွမ်းအင်ပိုများတယ်။ ၂။ Personality (ကိုယ်ရည်ကိုယ်သွေး) စိတ်ပညာမှာ လူတစ်ယောက်ရဲ့ Personality

သင် ဘဝကို မပြောင်းနိုင်သေးခင်
ကိုယ့်ရဲ့ Emotional Pattern ကို ပြောင်းနိုင်ပါတယ်။
Read More »

ဒီအချစ်ပြဿနာကို မဖြေရှင်းရင်
ဘဝပြဿနာကလဲ မလွယ်ဘူး။

အချစ်ရေးအဆင်ပြေရင်ကျန်တာအဆင်ပြေဖို့လွယ်တယ်။ အချစ်ရေးဆိုတာ သမီးရည်းစားနဲ့မှမဟုတ်ဘူးမိဘ၊ သားသမီး အကုန်ပါတာပေါ့။ ဘယ်လောက်ထိဆိုးမိုက်တဲ့သူပဲဖြစ်ဖြစ်အချစ်ခံချင်တဲ့သူကြီးပဲ။ ဒီအချစ်ပြဿနာကို မဖြေရှင်းရင်ဘဝပြဿနာကလဲ မလွယ်ဘူး။ တချို့ဘာသာတရားမှာကမိဘအချစ်ကိုမရလဲ ဘုရားအချစ်ကိုရတာမျိုးရှိတယ်။ တရားတွေ အရမ်းရသွားပြီးဥပက္ခာရားနဲ့နေနိုင်သွားရင်တော့မပြောတတ်ဘူး။ ပုထုဇဥ်အများစုကတော့ အချစ်လိုတယ်။ အချစ် bottlenecks ကိုဖြေရှင်းနိုင်ရင်ကျန်တဲ့ဘဝ အစိတ်အပိုင်းတွေကဖြေရှင်းလို့လွယ်တယ်။ ဒါကြောင့် အချစ်အကြောင်းဆို တီကောင်ဆားနဲ့ထိသလို ဖြစ်ကြတာပေါ့။ သီချင်းတွေလဲ အချစ်သီချင်းတွေပဲအများစုရှိကြတာ မဟုတ်လား။ Phyo Paing @ Derek

ဒီအချစ်ပြဿနာကို မဖြေရှင်းရင်
ဘဝပြဿနာကလဲ မလွယ်ဘူး။
Read More »

ဘဝကောင်းဖို့ ရွေးချယ်မှုကောင်းဖို့လိုတယ်။

ဘဝကောင်းဖို့ ရွေးချယ်မှုကောင်းဖို့လိုတယ်။ ကိုယ့်အာရုံကို ဘယ်မှာထားမလဲ၊ဘယ်လိုထားမလဲရွေးချယ်နိုင်ရင်ကို ဘဝက တော်တော်ကောင်းနေပြီ။ ဒီလို အာရုံကို ထိန်းနိုင်ဖို့သမာဓိလိုတယ်။ သမာဓိကောင်းဖို့ တချို့ကတရားထိုင်တယ်။သမာအာဇီဝမဟုတ်တဲ့အလုပ်ရှောင်တယ်။ သူများဒုက္ခဖြစ်စေမယ့်အတွေး၊ အကြံ၊ အပြော၊ အလုပ်ရှောင်တယ်။ မှန်မှန်ကန်ကန် နှလုံးသွင်းနိုင်အောင်နေတယ်။ ဒါက ဗုဒ္ဓသင်ကြားပေးခဲ့တဲ့ မဂ္ဂင်ရှစ်ပါးပဲ။ Phyo Paing @ Derek

ဘဝကောင်းဖို့ ရွေးချယ်မှုကောင်းဖို့လိုတယ်။ Read More »