ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းဖို့ သင်ခဲ့ရတာသိပ်တော့ မများဘူး။
လူတစ်ယောက်မှာ ဒီသုံးခုအရေးအကြီးတယ်လို့ထင်တာပဲ။ ဘဝမှာ ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်ဖို့။သူများပြဿနာကို ဖြေရှင်းကူနိုင်ဖို့။ဒီလိုလုပ်ရင် အနာဂတ်ပြဿနာတွေကိုကြိုတင်အဖြေရှာနိုင်ဖို့။ ဘဝမှာ ကိုယ်တိုင်ကြုံရတဲ့ပြဿနာက၁။ ငွေအလုံအလောက်မရှိတာ၂။ အချစ်၃။ ကျန်းမာ၊ ကြံ့ခိုင်ရေး၄။ ပေါင်းသင်းဆက်ဆံရေး၅။ လူမှုရေး၆။ ငွေကြေးစီမံမှု၇။ တိုးတက်ရေး၊ လေ့လာနိုင်စွမ်းနဲ့ စွမ်းဆောင်ရည်မြင့်ရေး၈။ ဘာသာစကား၉။ လွတ်လပ်မှု (ငွေကြေးနဲ့ နေရာ)အများတော့ အများကြီးပဲ။ သူများပြဿနာဆိုတဲ့နေရာမှာ၁။ မိဘနဲ့ မောင်နှမ၊ အမျိုး မိသားစုပြဿနာ၂။ ကိုယ့်လို ပြဿနာကြုံတဲ့သူတွေအတွက်ကိုယ့်အဖြေကို မျှဝေပေးနိုင်မှုဒါကလဲ အများကြီးပဲ။ အနာဂတ်ပြဿနာ၁။ အိုမယ်၂။ နာမယ်၃။ သေမယ်၄။ မသေခင် အထီးကျန်မယ်၅။ ပင်စင်ယူပြီး ကျန်းမာရေးစောင့်လျှောက်မှုအတွက်ဒါကလဲ အများကြီး။ ဒီသုံးခု စီမံနိုင်ရင် life management ကအဆင်ပြေသွားပြီ။ တကယ်စဉ်းစားကြည့်ရင်ကျွန်တော်တို့ငယ်တုန်းက ကျောင်းမှာကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းဖို့ သင်ခဲ့ရတာသိပ်တော့ မများဘူး။ Phyo Paing @ Derek
ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းဖို့ သင်ခဲ့ရတာသိပ်တော့ မများဘူး။ Read More »
