Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မားကတ်တင်းမှာ Riches in Niches ဆိုတာသုံးကြတယ်။

အမြတ်ငွေများများရချင်ရင်
လူတွေဖြေရှင်းမှုနည်းတဲ့
အမြတ်များတဲ့ပြဿနာကိုဖြေရှင်း။

လူတွေဖြေရှင်းဖို့ ကျော်သွားတဲ့ စျေးကွက် (niches)
ဆိုတာ ဥပမာ ယောဂဆို
ဗိုက်ကြီးသည်တွေအတွက်
ယောဂ အဓိကသင်တာမျိုးလုပ်တဲ့အခါ
သာမာန်ထက် ပို ယူလို့ရတာမျိုး။
ယူနီဖောင်းရောင်းတာကို လေကျောင်းလိုင်း
ယူနီးဖောင်းအတွက်ကိုပဲ သီးသန့်လုပ်တာမျိုး။
ကျောက်ရောင်းတာကို မိုးကုတ်ကျောက်
တစ်မျိုးပဲ သီးသန့်လုပ်တာမျိုး။

ဒါကို Crazy Egg တို့၊ Kissmetrics တို့လို
Product တွေထုတ်နေတဲ့
Neil Patel လို Digital Marketing ဆရာကြီးက
Riches are not in the niches တဲ့။
Mass market လူသုံးများတဲ့ စျေးကွက်ကိုသွားတဲ့။

ဒါကို Business Philosophy လို့ခေါ်တယ်။
Customer is always right နဲ့
Choose your clients, choose your future
ဘူစတာမာ( ဘူကောင်ဖောက်သည် Bustomer)
တွေကို ရှောင်ဆိုတာ တူမလိုနဲ့
မတူတဲ့ အတွေးအခေါ်ဖြစ်တယ်။

လုပ်ရင်ကြီးကြီးလုပ် Bigger is better
သေသေးလေးနဲ့ ကြီးကျယ်တဲ့အလုပ်လုပ် small giant
တစ်ယောက်တည်းလုပ်တဲ့ စီးပွါးရေးလုပ်
One person business ဆိုတာ
မတူညီတဲ့ စီးပွါးရေးအတွေးအခေါ်ဖြစ်တယ်။

စီးပွါးရေးဆိုတာ ဦးဆောင်သူအတွေးအခေါ်နဲ့
လည်ပတ်တဲ့ လုပ်ငန်းဖြစ်တယ်။

လောကကြီးက ဘူဖေးလိုပဲ
ကိုယ်နဲ့ကိုက်တာ ရွေးပါ အားတီတို့။
စောက်ဆရာကြီးတွေပြောတိုင်း
တစ်ဖက်ပိတ်မှန်တယ် မယုံကြနဲ့။
ကိုယ်နဲ့ကိုက်တာ ကိုယ်မှန်တယ်။

Phyo Paing @ Derek

Share Your Idea!​