Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝအဓိပ္ပာယ်ရှိနေချင်ရင် Limbic Brain စွမ်းအားကို အသုံးချကြည့်ပါ။

လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က
Viktor Franklr ရဲ့ Man’s Search for Meaning
စာအုပ်ဖတ်ရင်း အဓိပ္ပာယ်တစ်ခုကို
သဘောအရမ်းမပေါက်ခဲ့ဘူး။

Viktor Franklr ဆိုတာ နာဇီ concentration camp မှာ
ငြင်းပန်းနှိပ်ဆက်ခံရတဲ့ထဲပါတဲ့ စိတ်ပညာရှင်
တစ်ယောက်ဖြစ်တယ်။
ဒီလို အချိန်မျိုးမှာ စိတ်ဓာတ်ကျအားငယ်
သေဆုံးသွားသူတွေနဲ့
ကြံ့ကြံ့ခံ ကျန်ခဲ့သူတွေကို လိုက်လေ့လာတော့
ကွာခြားချက်က “Why” ဖြစ်တယ်။

စောစောသေသွားသူတွေမှာ “Hope” ရှိပြီး
ဖြစ်မလာတော့ စိတ်ဓာတ်ကျပြီး
လက်လျော့သွားကြတယ်။
ကြံ့ကြံ့ခံတဲ့သူတွေမှာ ငါဒီမှာသေလို့မဖြစ်သေးဘူး
ငါ့လူမျိုးတွေအတွက် အသက်ဆက်ရှင်ရမယ်။
ငါ့သမီးလေး၊ ငါ့မိဘအတွက်အသက်ရှင်နေမှရမယ်။
အစရှိတဲ့ Why ရှိကြတယ်။

နောက်ပိုင်းဆေးပညာမှာ သိလာတာ
ပုံမှန် ဦးနှောက်မှာ Why ကို နှိုးဆွပေးတာ
Limbic Brain ဖြစ်တယ်။
ဒီ Brain အစိတ်အပိုင်းက တော်တော်အရေးကြီးတယ်။
လူအများစုဟာ ဒီ brain ရဲ့ potential ကို
tap မလုပ်မိတတ်ကြဘူး။

ကျွန်တော်တဖြည်းဖြည်းနားလည်လာတာက
အောင်မြင်မှုတို့၊ ပိုက်ဆံတို့ဆိုတာ
ကိုယ်တစ်ကိုယ်စာထက်ပိုတဲ့ အရာတစ်ခုကို
အကောင်အထည် ဖော်ရင်းဖြစ်ပေါ်လာတဲ့
side effect or by-product ပဲဖြစ်တယ်။

Victor Franklr က

For success, like happiness, cannot be pursued; it must ensue, and it only does so as the unintended side-effect of one’s personal dedication to a cause greater than oneself or as the by-product of one’s surrender to a person other than oneself.

ဒါကိုတော့ စီးပွားရေးမှာ mission လို့ခေါ်တယ်။
ကိုယ်တစ်ကိုယ်စာထက်ပိုတဲ့ “why” ဆိုတာ
personal mission ဖြစ်တယ်။

ကိုယ့်လုပ်ငန်းရဲ့ mission ဟာ
လူသားတွေရဲ့ဘဝကို ပညာရေးနဲ့ နည်းပညာအသုံးပြုပြီး
အပြောင်းအလဲလုပ်ပေးမယ်ဆိုတာ သိပြီးကတည်းက
အရမ်းရှင်းလင်းသွားတယ်။

တစ်နှစ်ကို ဝင်ငွေဘယ်လောက်ရှိရမယ်ဆိုတာ
ကောင်းတယ်။
ဒါကို What လို့ခေါ်ပြီး ဦးနှောက်မှာဆို
Neocortex ဆိုတဲ့ အစိတ်အပိုင်းကို လှုံ့ဆော်တယ်။
Limbic Brain လောက် power မကြီးဘူး။
ဒါကြောင့် Limbic Brain ကို tap လုပ်နိုင်ဖို့
ကိုယ့်ရဲ့ “Why” ဘဝ meaning ကို
အဓိကထားသွားတာ ပိုမှန်တဲ့လမ်းဖြစ်တယ်။

မွေးကတည်းက ကျိကျိတက်ချမ်းသာခဲ့တဲ့
Billionaire သားသမီးတွေ ပျော်နေမယ်ဆိုတာ
ကိုယ်ထင်သလို ဟုတ်ချင်မှ ဟုတ်မှာ။
ဘာကြောင့်လဲဆို Subjective experience နဲ့
Objective experience မတူဘူး။
ကိုယ်ထင်တာနဲ့ သူထင်တာနဲ့ တကယ်ဖြစ်နေတာ
ကွာခြားနေနိုင်တယ်။

ဘဝအဓိပ္ပာယ်ရှိနေချင်ရင် Limbic Brain
စွမ်းအားကို အသုံးချကြည့်ပါ။

Phyo Paing @ Derek

Share Your Idea!​