အောင်မြင်တဲ့သူတွေဟာ ကျွန်တော်တို့ထက် ပိုတော်ရင်လည်း တော်လိမ့်မယ်။ ဒါမှ မဟုတ် ကျွန်တော်တို့လောက် တော်ချင်မှလည်းတော်လိမ့်မယ်။ ဒါပေမယ့် ဒီလူတွေမှာ Massive Action ပြင်းထန်တဲ့ လှုပ်ရှားမှုတွေရှိတယ်။
Strategic Framework ကို အတိုကောက် MOST လို့မှတ်တယ်။ Mission, Objective, Strategy and Tactics.
Objective နဲ့ Strategy ကြားမှာ ရှိတဲအရာကို စီးပွားရေး ပုံနှိပ်စာအုပ်တွေထဲမှာ မရေးထားဘူး။ ဒါကို State လို့ NLP မှာရေးတယ်။ ဒေါသထွက်တဲ့ State/ မိမိကိုယ်ကို အရမ်းယုံကြည်တဲ့ State/ အားငယ်တဲ့ State…..ဒီ State တွေကို လွမ်းမိုးထားတဲ့ထဲမှာ ယုံကြည်မှုတွေပါတယ်။ ဒါကို Anthony Robbins က အောင်မြင်ချင်ရင် ယုံကြည်ရမယ့် ယုံကြည်မှု ခုနှစ်ခုဆိုပြီး Unlimited Power ဆိုတဲ့စာအုပ်မှာ ပြောထားတာရှိတယ်။ NLP မှာတော့ Presupposition လို့ခေါ်ကြတယ်။
1. Everything happens for a reason and a purpose, and it serves us.
အရာရာတိုင်းဟာ ကောင်းဖို့အတွက်ဖြစ်လာတာပါ။
2. There is no such thing as failure. There are only results.
ရှုံးနိမ့်မှုဆိုတာ မရှိဘူး၊ ရလဒ်တွေဘဲရှိတယ်။
3. Whatever happens, take responsibility.
ဘာဖြစ်ဖြစ် တာဝန်ယူပါ။
4. It’s not necessary to understand everything to be able to use everything.
ပညာရပ်တစ်ခုကို အသုံးချနိုင်ဖို့ အကုန်လုံးသိဖို့မလိုဘူး။
5. People are your greatest resource.
လူတွေဟာ အကြီးမားဆုံးအရင်းအမြစ်။
6. Work is play.
အလုပ်လုပ်တာနဲ့ ကစားတာတူတူဘဲ။
7. There’s not abiding success without commitment.
တာဝန်ယူစူးစိုက်မှာ မရှိဘဲ အောင်မြင်မှု အမြဲမရှိနိုင်။
Phyo Paing @ Derek