Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Akyanpay အကြံပေးဆိုတာဘာလဲ?

1. Akyanpay အကြံပေးဆိုတာဘာလဲ?

လုပ်ငန်းရှင်တွေ၊ Business Coach နဲ့ Consultant တွေ အသုံးပြုဖို့ လုပ်ငန်းစီမံကိန်းရေး၊ မဟာဗျူဟာချတဲ့ website ဖြစ်ပါတယ်။

2. ဒါဆိုဘာကြောင့် ”ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ” လို့ ရေးထားသလဲ?

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောင်ဖို့ design, strategize, plan, act, review (DSPAR) လိုပါတယ်။ ဒီ business model design ကစလို့၊ strategic plan လုပ်တာ၊ brand and marketing plan နဲ့ business plan လုပ်တာ အကုန်လုပ်နိုင်ပြီး နေ့စဉ် operation ထဲ ကိုယ်မပါပဲလည်ပတ်အောင် လုပ်နိုင်ပြီး ဆိုင်ခွဲတွေ အများကြီးဖွင့်နိုင်အောင် သို့ လုပ်ငန်းတွေအများကြီးလုပ်နိုင်အောင် ဖြစ်ပါတယ်။

3. ဒါဆို ဘာကြောင့် Mini-MBA ဖွင့်တာလဲ?

မြန်မာပြည်က Coach နဲ့ Consultant အပြင် လုပ်ငန်းရှင်တွေအတွက် အခြေခံအကျဆုံး အိမ်စာဖြစ်တဲ့ Brand, Marketing, Sale, Operational, HR, Financial နဲ့ Management Plan ကို Akyanpay ကိုအသုံးပြုပြီးဖန်တီးနိုင်အောင်ဖြစ်ပါတယ်။

4. ဒါဆို ဘာကြောင့် အကြံပေးလို့သုံးလဲ?

ကျွန်တော်လုပ်တဲ့ အလုပ်က စီးပွါးရေးအကြံပေးတာ။ နေ့စဉ် အကြံပေးတဲ့ နေရာမှာ အသုံးပြုနေတဲ့ tools တွေကို software တစ်ခုထဲမှာရအောင် စီစဉ်ထားလို့ အကြံပေးလို့နာမည်ပေးထားတာ။

5. ဘာကြောင့် ဒါကို စဖြစ်တာလဲ?

Business model canvas အတွက်ဆို software တစ်မျိုး၊ business plan အတွက်ဆို တစ်မျိုး၊ brand အတွက် တစ်မျိုး၊ marketing အတွက် တစ်မျိုး။ အဲ့လို website တွေအမျိုးမျိုးသုံးရတာ အာရုံနောက်လာလို့ ကိုယ်တိုင်လုပ်လိုက်တာ။

6. သုံးတဲ့သူကော ရှိသလား?
သိပ်တော့မရှိဘူး။ ခုထိတော့ ပိုက်ဆံပေးသုံးတာ 1007 ယောက်လောက်ပဲ။

7. ဘယ်လောက်ပေးရသလဲ?

တစ်နှစ် 180,000 MMK

8. စျေးသက်သာလှချည်လား။
ဟုတ်တယ်။ $60 လောက်ပဲ။

9. ဒါဆို App က ကော
အဲ့ဒါက စမ်းသပ်ထားတာ။ အလုပ်မဖြစ်လို့ podcast တွေပဲတင်ထားတာ။

10. ဒါဆို အကြံပေးကို ဘယ်ကဝင်ရမှာလဲ?
www.Akyanpay.com

11. အကြံပိုင်လှချည်လား?
အကြံပေးပါဆို 😂

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​