တချို့လူတွေက အကုသိုလ်ကံကြီးတယ်။
ဘဝမှာ ဖြစ်ချင်တာ မဖြစ်ကြဘူး။
တချို့ကျ ဖြစ်ချင်တာကို
ခက်ခက်ခဲခဲကြိုးစားရတယ်။
နောက်ဆုံးတော့ဖြစ်လာတယ်။
တချို့က ဖြစ်ချင်တာ
တစ်ခါတည်းနဲ့တော့မရဘူး။
နှစ်ခါလောက်ကြိုးစားလိုက်ရမှ။
တချို့က ဖြစ်ချင်တာလုပ်
တစ်ကြိမ်နဲ့ဖြစ်တတ်တယ်။
တချို့က ဖြစ်ချင်စိတ်ကြီးကြီးမားမားတော့မရှိဘူး။
ဖြစ်လာတယ်။
ကြာရှည်မခံဘူး။
တချို့က တောင့်တတာနဲ့ဖြစ်လာတတ်တယ်။
တချို့က တောင့်တစရာမလိုဘူး။
အေးဆေးလေးပဲဘဝက သေတဲ့အထိ။
အကုသိုလ်ကံကြီးလွန်းရင်
ဘုရားနဲ့စကားပြောလဲ ဘုရားကမကြားဘူး။
ဖြစ်ချင်စိတ်ကလဲများသေး
ဥာဏ်ကလဲမကောင်း၊ ကံကလဲမကောင်းရင်
ဘဝက တိုင်ပတ်မှုအပေါင်းသရဖူဆောင်း။
ကိုယ့်ကံကိုယ်သိ။
ပါရမီဖြည့်။
ကုသိုလ်ကံကိုမဖြုန်းနဲ့။
Phyo Paing @ Derek