ငယ်တုန်း အလုပ်လုပ်။
သန်တုန်းမြန်တုန်း ခွန်အားရှိတုန်း
ဦးနှောက်တွေထက်မြတ်တုန်း
အလုပ်လုပ်။
ရွေးမှုမှုတွေကောင်းဖို့
နေရာသစ်တွေက သင်ယူ။
လူအသစ်တွေက သင်ယူ။
အိုင်ဒီယာသစ်တွေက သင်ယူ။
ကြိုးစားတိုင်းမအောင်မြင်ဘူး။
မှန်ကန်တဲ့လမ်းကို ရွေးချယ်ပြီး
အလုပ်လုပ်တတ်မှ အောင်မြင်တယ်။
မှန်ကန်တဲ့လမ်းရွေးဖို့
အမှန်မြင်ဖို့လိုတယ်။
အမှန်မြင်ဖို့
အမြင်မှန်လိုတယ်။
အမြင်မှန်ရှိဖို့ ပညာသင်တယ်။
ဘာကြောင့်လဲဆို
အမြင်မတူရင် အမြင့်မတူဘူး။
Phyo Paing @ Derek