လူတွေနဲ့ စကားပြောရင်
ယုံကြည်မှုမရှိဘူး။
လူကြောက်တတ်တယ်။
အားနာတတ်တယ်။
ကိုယ်ဖြစ်ချင်တာကို မပြောရဲဘူး။
တစ်ခုခုလုပ်ရင် ခဏနဲ့
လက်လျော့ဖို့ကြိုးစားတယ်။
မှတ်ဥာဏ်မကောင်းဘူး။
စိတ်ဓာတ်ခဏခဏကျတတ်တယ်။
ငြိမ်းချမ်းမှုကို ရှာမရဘူး။
ကိုယ့်ကိုကိုယ် ပြောင်းလဲချင်တဲ့အတွက်
Breaking the habits of being yourself တို့၊
ကိုယ့်ကိုကိုယ် reprogram ပြန်လုပ်တဲ့နည်း၊
နည်းလမ်းပေါင်းစုံလေ့လာတယ်။
စမ်းသပ်တယ်။
ကိုယ်ဖြစ်ချင်ခဲ့တာ
လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲချင်တယ်။
လုပ်ငန်းလုပ်တော့ လဲ
ထသွားမှ ကျိုးမှန်းသိဆိုသလို
လွတ်လပ်မှုရချင်လို့မှ လုပ်ငန်းစတယ်။
လုပ်ငန်းစမှ ဥစ္စာစောင့်ဖြစ်သွားတယ်။
လကုန်မှာတောင် ကြောက်နေတတ်တယ်။
စိတ်ညစ်စရာပေါင်း တစ်သောင်းခြောက်ထောင်နဲ့
ကိုယ်မပါပဲ လည်ပတ်တဲ့
လုပ်ငန်းတွေ တည်ဆောက်ချင်တယ်။
ဒါနဲ့ Built to sell တို့၊
Automatic customer ကစလို့
Business Coaching, Consulting နဲ့
MBA တွေတက် စမ်းသပ်ကြည့်ခဲ့တယ်။
စာအုပ်ဖတ်တဲ့အချိန်တိုင်း ဖတ်လိုက်မေ့လိုက်
တော်တော် တိုင်ပတ်တယ်။
စာဖတ်ရင်ကြာတယ်။
အိပ်ပျော်သွားတာက ပိုစိုးတာပဲ။
ဒါနဲ့ တစ်နေ့တစ်အုပ် ဖတ်လို့ရအောင်
ဘာလုပ်လို့ရမလဲစဥ်းစားတယ်။
Speed-reading နဲ့ memory training ကို
practice လုပ်ဖြစ်သွားတယ်။
ပစ္စည်းတွေကို ဝယ်ရောင်းမလုပ်ချင်တော့ဘူး။
ကိုယ်တိုင် စျေးနှုန်းသတ်မှတ်ချင်တယ်။
ရောင်းရှုံးမဖြစ်ချင်ဘူး။
ဘဝကို သာသာယာယာ ဖြတ်သန်းပြီး
ငွေအတွက် အရမ်းအလုပ်ရှုပ်နေတာ
မဖြစ်ချင်ဘူး။
အထာကျကျနဲ့ အိပ်နေရင်တောင်
ငွေဝင်တဲ့ လုပ်ငန်းတွေ လုပ်ချင်တယ်။
Digital Product တွေ ဖန်တီးခြင်း၊
Website နဲ့ App တွေဖန်တီးခြင်း
လေ့လာဖြစ်ခဲ့တယ်။
နောက်ပြီးအိမ်မက်တစ်ခုဖြစ်တဲ့
ဘယ်နေရာကပဲနေနေ laptop lifestyle
တစ်ခုဖန်တီးချင်တယ်။
Location independent လုပ်ငန်းတွေလုပ်ချင်တယ်။
Virtual coaching model ကို သွားတွေ့တယ်။
ဘဝမှာ ဘယ်နေရာမှာနေနေ
အလုပ်လုပ်လို့ရတဲ့ model တစ်ခုတွေ့လာတယ်။
ကျွန်တော့်ရဲ့ business model က
ကိုယ်ကြုံခဲ့တဲ့ ပြဿနာတွေကို
လုပ်ငန်းအဖြစ် ဖန်တီးတဲ့ဖြစ်စဥ်ပဲ။
Entrepreneur တစ်ယောက်က
လူတွေရဲ့ ပြဿနာကို အမြတ်ငွေတစ်ခုယူပြီး
ဖြေရှင်းပေးတာပဲ။
Solving problems for profit.
ဒါကြောင့် ပြဿနာတစ်ခုကြုံတိုင်း
ဒါ ငါ့အတွက် ငွေဝင်လမ်းကြောင်းတစ်ခုပဲလို့
အမြဲစဥ်းစားတယ်။
Phyo Paing @ Derek