ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ။
ကိုယ်နဲ့ထိုက်မှ ကိုယ်ရတယ်။
လူတိုင်းက ကိုယ်လိုချင်တာကိုမရဘူး။
ကိုယ်နဲ့ ထိုက်တန်တာကိုပဲရကြတယ်။
ဗုဒ္ဓအဆုံးအမကြောင့်
ကံ- ကံ၏အကျိုးကို သက်ဝင်ယုံကြည်တယ်။
၁။ ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊
၂။ နှုတ်ဖြင့် ပြောဆိုမှု ဝစီကံ၊
၃။ စိတ်ဖြင့် ကြံစည်မှု မနောကံ
သုံးမျိုးစလုံးကို ဂရုပြုမိတယ်။
မနက်နိုးကတည်းက မနောကံမှာ
အကြည်ဓာတ်တွေပဲဖြစ်နေအောင်
ပျော်စေ၊ ရင်ခုန်စေ၊ ဂုဏ်ယူစေ၊
ကျေးဇူးတင်စိတ်၊ စူးစိုက်စိတ်၊
ဘဝကိုချစ်မြတ်နိုးစိတ်၊
မေတ္တာစိတ်နဲ့ပဲ မနက်နိုးထတယ်။
ပတ်သက်စရာမလိုရင်
ဘူကောင်တွေကို ဘဝထဲက
အပြီးထုတ်ထားလိုက်တယ်။
ကိုယ်လိုချင်တာ၊
ဖြစ်ချစ်တာ၊ ကောင်းတာကိုပဲ
အဓိကပြောမိအောင်
သတိထားနေနိုင်အောင်လေ့ကျင့်မိတယ်။
အပြောအဆို ဆိုတာ ပြောမှမဟုတ်
ဒီနေ့ခေတ်က ကောမန့်တွေမှာပါပါတယ်။
အလုပ်မှာလဲ သမာအာဇီဝကျတာ၊
ကိုယ့်အတွက် အကျိုးရှိတာ။
သူတပါးအတွက် အကျိုးရှိတာ၊
နေ့စဥ် ပျော်စေ၊ တော်စေ၊
ဝင်ငွေပွားစေ၊
ကိုယ်စေတနာရှိသူတွေကိုမျှဝေပေးစေနိုင်တဲ့
အလုပ်တွေကို အာရုံထားလုပ်ဆောင်တယ်။
တချို့ကံတွေက ချက်ချင်းအကျိုးပေးတယ်။
တချို့ကံတွေက အချိန်တစ်ခုရောက်မှ
အကျိုးပေးတယ်။
ဒါကြောင့် စိတ်ရှည်ရှည်ထားဖို့လိုတယ်လို့
ကိုယ့်ကိုယ်ကိုယ် ဆုံးမမိတယ်။
Phyo Paing @ Derek