Seligman’s research ဆဲလမန်း သုတေသနအရ
လူတွေမှာ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်သုံးချက်ရှိတယ်။
၁။ အပြုသဘောဆောင်တဲ့စိတ်ခံစားမှုတွေလိုအပ်တာ
၂။ ဘဝအဓိပ္ပာယ်နဲ့ရည်ရွယ်ချက်ပေးတဲ့အလုပ်တွေလုပ်ချင်တာ
၃။ လူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေချင်တာ
ဒါကြောင့် Seligman က
Positive Emotion, Engagement, Relationships,
Meaning, and Accomplishment (PERMA™)
ဆိုပြီး သူ့ framework ကို အမှတ်တံဆိပလုပ်ထားတယ်။
ဒီအချက်တွေဖြစ်လာဖို့အတွက်
လူတွေဟာ အချိန်အများစု
ကိုယ့်အားနည်းချက်တွေကိုပဲပြင်နေလို့မရဘူး။
ကိုယ့်ရဲ့အားသာချက်တွေပေါ်မူတည်ပြီး
နေ့စဥ်လေ့ကျင့်လုပ်ဆောင်နေဖို့လိုတယ်။
စီးပွားရေးလုပ်တဲ့အခါလဲ လူတွေမှာ
အားသာချက်မတူကြဘူး။
တချို့က ကိန်းဂဏန်းတွေကြည့်ရတာပျော်တယ်။
တချို့က လူတွေနဲ့စကားပြောရတာပျော်တယ်။
တချို့က ကုန်ပစ္စည်းအသစ်ဖန်တီးရတာပျော်တယ်။
လူတွေရဲ့ အားသာချက်တွေမတူကြတဲ့အတွက်
ဘဝကိုဖြတ်သန်းတဲ့အခါ ဆရာကျကျ
အထာကျဖို့ Strength-based strategy (SBS)
အားသာချက်အခြေပြု မဟာဗျူဟာနဲ့
ဖြတ်သန်းတာ အကောင်းဆုံးနည်းတစ်ခုပဲ။
Phyo Paing @ Derek