Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်တိုင် plan လိုတတ်တယ်။

ပိုက်ဆံရှာဖို့ ပိုက်ဆံနဲ့နီးရမယ်။
ပိုက်ဆံနဲ့ နီးဖို့ လူတွေနဲ့ နီးရမယ်။
လူတွေနဲ့ နီးဖို့ ကိုယ့်လုပ်ငန်းကို
လူတွေသိအောင်လုပ်ရတယ်။
နောက်လူတွေ ယုံကြည်အောင်သက်သေပြရတယ်။

လူတွေ သိ လူတွေ ယုံကြည်အောင်လုပ်တာကို
မားကတ်တင်းလို့ အကြမ်းအဓိပ္ပာယ်ဖွင့်လို့ရတယ်။

ဘယ်သူတွေကို သိအောင်လုပ်မလဲ။
ဥပမာ $1 million ရှာမယ်ဆိုပါတော့။
$1 x 1000000 = $1 million
$10 x 100000 = $1 million
$100 x 10000 = $1 million
$1000 x 1000 = $1 million
$10000 x 100 = $1 million
$100000 x 10 = $1 million
$1000000 x 1 =$1 million

ဘယ်လိုပုံစံမျိုးနဲ့ ငွေရှာမလဲ။
စနစ်တစ်ခုချပြီး
စျေးပေါတာကို လူအများအများကြီးကိုရောင်းမလား၊
စျေးကြီးတာကို လူနည်းနည်းရောင်းမလား။
ဒါကို အမြတ်မော်ဒယ်လို့ခေါ်တယ်။

နောက် ဒီဖောက်သည်တွေကို
ဘာရောင်းမှာလဲ၊ ဘယ်လိုရောင်းမလဲ၊
ဘယ်အချိန်မှာ၊ ဘယ်လောက်ကုန်ကျခံထုတ်ပြီး၊
ဘယ်လောက်နဲ့ရောင်းမလဲ။
ဒါတွေကို စဥ်းစားဒီဇိုင်းချတာကို
business model design လို့ခေါ်တယ်။

ကိုယ်မသိတဲ့ အချက််လေးတစ်ချက်က
ကိုယ့်ဘဝတစ်ခုလုံးကို အချိန်အကြာကြီး
ဒုက္ခရောက်သွားနိုင်တယ်။

ဒါကြောင့်တစ်ခုခုဆို အဝေဖန်မစောနဲ့။
နားထောင်။
မာန်မာနလေးကို ဘေးမှာ ခဏထား။
အပြစ်တင်ချိန်စိတ်လေးဖျောက်။
အထင်အမြင်နဲ့ မစဥ်းစားနဲ့
ဦးနှောက်သေချာသုံး တွေးခေါ်စဥ်းစား။
ကိုယ့်ကိုကိုယ် အဲ့လို အမြဲဆုံးမထားတယ်။

ဘဝမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်သုံးခုရှိတယ်။
၁။ Personal development လုပ်ဖြစ်တာ
၂။ Professional development သေချာလုပ်ဖြစ်တာ
၃။ Business development အတွက် အချိန်ပေးလေ့လာဖြစ်တာ။

ပရမ်းပတာ နေရာမှာ
ပရမ်းပတာ မဖြစ်ဖို့
ကိုယ်တိုင် plan လိုတတ်တယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​