Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတည်ဆောက်ပါ။

ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတည်ဆောက်ပါ။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့

၁။ အိုင်ဒီယာဖော်ထုတ်တဲ့အဆင့်
၂။ ဇကာစစ်တဲ့အဆင့်
၃။ စီးပွါးရေးမော်ဒယ်တည်ဆောက်တဲ့အဆင့်
၄။ စျေးကွက်စမ်းသပ်မှုအဆင့်
၅။ လိုအပ်တဲ့အပြောင်းအလဲမှုများပြုလုပ်တဲ့အဆင့်
၆။ လုပ်ငန်းအနေတဲ့စတင်တဲ့အဆင့်
၇။ လူနှင့်စနစ်ချပြီး လည်ပတ်စေတဲ့အဆင့် (သို့) ဆက်လက်ချဲ့တဲ့အဆင့်

၁။ အိုင်ဒီယာဖော်ထုတ်တဲ့အဆင့်

အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကိုယ့်ပြဿနာကိုယ်ဖြေရှင်းဖို့ သို့ ကိုယ်တိုင်သုံးဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုထုတ်ခြင်း။ သို့မဟုတ် ကိုယ်အသုံးပြုခဲ့ဖူးတဲ့ လုပ်ငန်းတစ်ခု၊ ဝန်ဆောင်မှုတစ်ခုကို အရမ်းသဘောကျတဲ့အတွက် ပြည်တွင်းစျေးကွက်မှာ ပြန်လည်အသုံးပြုဖို့ သို့ ပိုကောင်းအောင်ပြုလုပ်ပြီး ဖြန့်ချီဖို့ အိုင်ဒီယာရရှိနိုင်သည်။ သို့မဟုတ် ကိုယ့်အသိ၊ မိတ်ဆွေ၊ ဖောက်သည်ရဲ့ ပြဿနာကိုဖြေရှင်းပေးရင်း အိုင်ဒီယာကောင်းရလာနိုင်သည်။

၂။ ဇကာစစ်တဲ့အဆင့်

အိုင်ဒီယာတွေအများကြီးရှိနေတဲ့အချိန် ကြည့်သင့်သည့်အချက်ကတော့ အချိန်ကောင်း timing ဖြစ်ပါတယ်။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကောင်းပြီး စျေးကွက်မိတ်ဆက်တဲ့အချိန်မှားယွင်းပါက အောင်မြင်ဖို့ မလွယ်ကူနိုင်ပါ။

၃။ စီးပွါးရေး မော်ဒယ်တည်ဆောက်ရေးအဆင့်

ဘယ်သူတွေကို ရောင်းမယ်၊ ဘယ်လိုပုံစံရောင်းမယ်၊ ဘယ်သူတွေနဲ့ပူးပေါင်းပြီးရောင်းမယ်။ ကိုယ့်လုပ်ငန်းကို ရွေးချယ်သင့်တဲ့အချက်ကို စဉ်းစားပြီး လူတွေသိအောင် ဘယ်လိုကြော်ငြာမယ်။ ကုန်ကျစရိတ်နဲ့ ဝင်ငွေလမ်းကြောင်းတွေကို စဉ်းစားပြီးသွားဖို့လိုတယ်။ ဒါကတော့ စီးပွါးရေးမော်ဒယ်တည်ဆောက်ရေးအဆင့်ဖြစ်တယ်။

၄။ စျေးကွက်စမ်းသပ်မှုအဆင့်

ကိုယ့် အိုင်ဒီယာက အိုင်ဒီယာဖြစ်တာနားလည်ဖို့လိုတယ်။ ကိုယ့်အိုင်ဒီယာအလုပ်ဖြစ်မဖြစ် အဆုံးအဖြတ်ပေးမည့်သူက ဖောက်သည်ဖြစ်တယ်။ ဖောက်သည်ဆိုတာ ကိုယ့်ကိုပိုက်ဆံပေးမည့် ဝယ်ယူသူဖြစ်တယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအများကြီး မထုတ်သေးရင်တောင် စျေးကွက်မှာ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအနေနဲ့ အောင်မြင်မှုရှိိနိုင်မရှိနိုင် စျေးကွက်ကို ကနဦးစမ်းသပ်မှုပြုလုပ်ရပါတယ်။ Website ဝက်ဆိုဒ်လုပ်ပြီး အော်ဒါမှာမမှာ စမ်းသပ်တာမျိုး။ ကြော်ငြာ ပို့ဒ်ရေးပြီး စုံစမ်းမေးမြန်းမှုကို စမ်းသပ်တာမျိုးလုပ်ဆောင်ပြီး စျေးကွက်ရဲ့ စိတ်ဝင်စားမှုကို စမ်းသပ်လို့ရပါတယ်။

၅။ လိုအပ်တဲ့ ပြောင်းလဲမှုများပြုလုပ်တဲ့အဆင့်

စမ်းသပ်မှုရဲ့ တွေ့ရှိချက်များအရ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို အများကြီးထုတ်သင့်မထုတ်သင့် အကြမ်းဖျင်းစဉ်းစားလို့ရပြီဖြစ်တယ်။ သတ်မှတ်ရမည့်စျေးနှုန်း၊ စျေးကွက်ရဲ့လက်ခံနိုင်မှုအစရှိတာတွေကို သုံးသပ်နိုင်ပြီဖြစ်တယ်။ နောက်ပြီး ဘယ်အပိုင်းတွေက အလုပ်ဖြစ်နိုင်တယ်၊ ဘယ်အပိုင်းတွေက အလုပ်မဖြစ်နိုင်ဘူး ခန့်မှန်းနိုင်ပြီဖြစ်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရတဲ့အဆင့်ဖြစ်ပါတယ်။

၆။ လုပ်ငန်းအနေနဲ့ စတင်တဲ့အဆင့်

ဒီအဆင့်မှာတော့ လုပ်ငန်းအနေတဲ့ စတင်တဲ့အဆင့်ဖြစ်ပါတယ်။ ကိုယ့်စီးပွါးရေးမော်ဒယ်ကလဲ အလုပ်ဖြစ်တယ်၊ ဝယ်မည့်သူကလဲရှိတယ်။ ဒါဆို ရှေ့ဆက်လို့ရပါပြီ။

၇။ လူနှင့်စနစ်ချပြီး လည်ပတ်စေတဲ့စနစ်

စီမံခန့်ခွဲမှုဆိုတာ လူနဲ့ စနစ်နဲ့ပေါင်းပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင်လုပ်တာဖြစ်ပါတယ်။ ဒီအဆင့်မှာ စနစ်ချမှတ်လို့ရပါပြီ။ မားကတ်တင်းစနစ်၊ အရောင်းစနစ်၊ ဖောက်သည်ကိုဝန်ဆောင်မှုပေးတဲ့စနစ်၊ လူတွေကိုခန့်အပ်အလုပ်လုပ်တဲ့စနစ် အစရှိတဲ့စနစ်တွေကို ချမှတ်လို့ရပါပြီ။

Case Study

2020 March လမှာ နိုင်ငံခြားမှာအသုံးပြုဖြစ်တဲ့ book summary စာအုပ်အနှစ်ချုပ် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Blinkist ပုံစံ တစ်ခုလုပ်ဖို့ အိုင်ဒီယာရတယ်။ အိုင်ဒီယာလေးငါးခုထဲမှာ ဒါလေးက Covid-19 အတွင်းလုပ်သင့်တယ်လို့ယူဆတာနဲ့ ရှေ့ဆက်ဖြစ်တယ်။ ဒါနဲ့ စီးပွါးရေးမော်ဒယ် (business model) စလုပ်တယ်။ နောက် စာအုပ်ငါးအုပ်ကိုအရင်အနှစ်ချုပ်ပြီး Dreamlab ဆိုတဲ့ website လေးကို ပြုလုပ်ကြည့်ပြီး Facebook မှာ post တင်ကြည့်တယ်။ ငွေလွဲတဲ့သူ ငါးယောက်လောက်ရှိတယ်။ ဒါနဲ့ ဖြစ်နိုင်တယ်ဆိုပြီး စာအုပ်အနှစ်ချုပ်ပေးမည့်သူကိုရှာပြီး website ကို ဆက်လုပ်ဖြစ်သွားတယ်။ ပြင်စရာရှိတဲ့ website အပြင်အဆင်ကိုပြင်သွားတယ်။ တစ်နှစ်လောက်နေတော့ App ထုတ်တယ်။ စျေးအပြောင်းအလဲလုပ်တယ်။ နောက် social media မှာ post တွေသင်ဖို့ content marketer စာရေးပေးမည့်သူကို ခန့်တယ်၊ customer service team ကို စနစ်ချတယ်။ ပုံမှန်စာရေးပေးမည့်သူတွေအလုပ်လုပ်ဖို့စနစ်ချတယ်။ နောက် ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းလေးတစ်ခုဖြစ်သွားတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​