ကိုယ်လုပ်ငန်းစတင်တဲ့ရည်ရွယ်ချက်ကဘာလဲ?
လုပ်ငန်းကြီးထွားမှုက အဓိက ကျသလား။
ကိုယ်မပါပဲလည်ပတ်တဲ့ လွတ်လပ်မှုရဖို့ အဓိကကျသလား။
လုပ်ငန်းရှင်လေးမျိုး
ကြီးထွားမှု အသားပေး လုပ်ငန်းရှင်
ကိုယ့်လုပ်ငန်းက ကိုယ့်အသက်။ ကိုယ့်လုပ်ငန်းက ကိုယ့်ကို ကိုယ်စားပြုတယ်။ ဖောက်သည်တိုင်းကို စိတ်ကျေနပ်အောင်လုပ်ပြီး အကြီးဆုံး၊ အကောင်းဆုံးဖြစ်အောင်လုပ်မယ်။ သွားလဲဒီစိတ်၊ စားလဲဒီစိတ် ဒီလုပ်ငန်းကို လုပ်နေရတာကို အမြဲပျော်နေတာမျိုး။ ဘဝတစ်ခုလုံးကို ဒီလုပ်ငန်းထဲမှာ စိတ်ရော၊ ကိုယ်ပါ အကုန်ရင်းနှီးမြုပ်နှံမှုလုပ်ထားတယ်။
လွတ်လပ်မှုအသားပေးလုပ်ငန်းရှင်
ဘဝမှာ လုပ်ငန်းတွေ အများကြီးလုပ်ချင်တယ်။ အိုင်ဒီယာတွေ အများကြီး။ လုပ်ငန်းတစ်ခုနဲ့ ကိုယ့်ဘဝတစ်ခုလုံးကို သတ်မှတ်ဖို့ခက်လိမ့်မယ်။ ဘဝမှာ လွတ်လပ်မှုက ပိုအရေးကြီးတယ်။ ကိုယ်က လုပ်ငန်းတွေကို copy and paste လုပ်သလို လုပ်ချင်တယ်။ ကိုယ့်မှာ စိတ်ဝင်စားမှုလဲများတယ်။ လုပ်ချင်တဲ့ လုပ်ငန်းအိုင်ဒီယာတွေလဲ အများကြီး။
လှုံခြုံမှု အသားပေးလုပ်ငန်းရှင်
မရှုံးစေနဲ့။ ဒါကတော့ လှုံခြုံမှု အသားပေးလုပ်ငန်းရှင်ဖြစ်တယ်။ ဖြေးဖြေးမှန်မှန်အောင်ပွဲခံမယ်။ မသေချာ မရေရာတဲ့ လုပ်ငန်းမျိုးကို မလုပ်ချင်ဘူး။
ကုန်သည်
ဝယ်မယ်။ ရောင်းမယ်။ စျေးဘယ်နားပေါလဲ။ စျေးကွက်မှာ ဘယ်စျေးပေါက်လဲ။ ဒါကို အဓိက စိတ်ဝင်စားတယ်။ အမှတ်တံဆိပ်တွေ နောက်မှပြော။
လွတ်လပ်မှုအသားပေး လုပ်ငန်းတည်ဆောက်ဖို့
၁။ စုံစမ်းမေးမြန်းမှု ဝဲကယက်တည်ဆောက်ပါ။
၂။ ရိုးရှင်းမှုအပေါ် အခြေခံပါ။
၃။ အလိုအလျောက်ရောင်းချမှုစနစ်ဖြစ်အောင် စီစဉ်ပါ။
၄။ တီထွင်ဆန်းသစ်မှု စနစ်တည်ဆောက်ပါ။
၅။ လူနဲ့မလည်၊ မူနဲ့လည်ပါ။
စုံစမ်းမေးမြန်းမှု ဝဲကယက်တည်ဆောက်ခြင်း
လူတွေစိတ်ဝင်စားမှုဖြစ်စဉ်လုပ်ဆောင်ရေး
၁။ များများမြင်
၂။ ပုံပြင်ပြော
၃။ အခန်းဆက်ရိုက်
၄။ အတွေးအခေါ်ချပြ
၅။ လမ်းဖွင့်ထား
ရိုးရှင်းမှုပေါ်အခြေခံပါ။
၁။ ကုန်ပစ္စည်းနည်းနည်းပဲရောင်း
၂။ မရှုပ်စေနဲ့။ စျေးနှုန်း မရှုပ်စေနဲ့။ ကုန်ပစ္စည်းနာမည် မရှုပ်စေနဲ့။ ဘာကြောင့် ကိုယ့်ဆီဝယ်ရမလဲ မရှုပ်စေနဲ့။
၃။ မစဉ်းစားခိုင်းနဲ့။ စဉ်းစားပေး။ ဘာဝယ်ရမလဲ စဉ်းစားမှုကို လုပ်ခိုင်းနေရင် ယုတ္တိကျတဲ့ ဘယ်ဖက်ဦးနှောက် အလုပ်လုပ်တယ်။ Left brain = logical ဒါကြောင့် ကိုယ့်ဆီလာရင် ဘာဝယ်ရမလဲ တခါတည်းစဉ်းစားပြီးဖြစ်နေအောင် ကြိုတင်စီမံထား။
၄။ ကိုယ့် လုပ်ငန်းရဲ့အဆိုအမိန့်ကြားတာနဲ့ ကိုယ့်ကို သိနေဖို့လုပ်ထား။ “tagline = the line you remember”
အလိုအလျောက်ရောင်းချမှုစနစ်ဖြစ်အောင် စီစဉ်ပါ။
၁။ အမေးများတဲ့ မေးခွန်းတွေကိုရေးထား။ FAQ ဖန်တီးထား။ Frequently Asked Questions တွေဖန်တီးထားပါ။
၂။ ဘယ်လိုဝယ်ရမလဲ။ ဘယ်အချိန်တွေမှာ ဝယ်လို့ရလဲ။ ပြန်လည်ရှင်းပြစရာမလိုပဲ သေချာဖန်တီးထားပါ။
၃။ ငြင်းပယ်နိုင်တဲ့မေးခွန်းတွေကို သူမပြောခင်ကတည်းက ကိုယ့်ဖက်က ကြိုပြောထားပါ။ Objection prevention လို့ခေါ်ပါတယ်။ Objection handling ထက် ပိုထိရောက်ပါတယ်။
တီထွင်ဆန်းသစ်မှု စနစ်တည်ဆောက်ပါ။
၁။ ဒီနေ့ အအောင်မြင်ဆုံးကုန်ပစ္စည်းဟာ မနက်ဖြန်အောင်မြင်ဖို့ သေချာချင်မှ သေချာပါလိမ့်မယ်။ ဒါကြောင့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်တွေ အမြဲထုတ်လုပ်နေဖို့လိုတယ်။
၂။ Ratio ကို သိ။ ကုန်ပစ္စည်းအသစ်ထုတ်တိုင်း အကုန်လုံး ပေါက်ချင်မှပေါက်မယ်။ ဒါကို နှလုံးသွင်းဖို့လိုတယ်။ ကိုယ်မိတ်ဆက်တဲ့ ကုန်ပစ္စည်း ဆယ်မျိုးမှာ ဘယ်နှစ်မျိုးအောင်မြင်လဲပြန်ကြည့်။ ဒီအချက်ကို ပိုကောင်းအောင်လုပ်။ နောက်ပိုင်း ထုတ်တဲ့ပစ္စည်းပေါက်တဲ့အဆင့် တဖြည်းဖြည်းရောက်လာလိမ့်မယ်။
လူနဲ့မလည် မူနဲ့လည်ပါ။
စီမံခန့်ခွဲမှုဆိုတာ လူနဲ့ စနစ်ပေါင်းပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင် လုပ်တာဖြစ်တယ်။ လူမှာ စိတ်ခံစားမှုရှိတဲ့အတွက် အမှားရှိတတ်တယ်။ ရေရှည်ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ မူပေါ်အဓိကအခြေခံတည်ဆောက်ဖို့လိုတယ်။ အနိမ့်ဆုံးကျွမ်းကျင်မှုနဲ့ လည်ပတ်နိုင်ဖို့လိုတယ်။ Minimum required skills နဲ့ လည်ပတ်နိုင်မှ အလွယ်တကူအစားထိုးလို့ရမယ်။ ဒီစနစ်ကိုလဲ မြန်အောင်လုပ်ထားဖို့လိုတယ်။ ဥပမာ ဘာမှ မသိတဲ့ လူတစ်ယောက်ကို ကိုယ့်ရဲ့မူကိုအသုံးပြုပြီး အလုပ်လုပ်နိုင်အောင် အချိန်အတိုဆုံးအတွက် လေ့ကျင့်ပေးနိုင်ပြီး လုပ်ဆောင်နိုင်ဖို့လိုတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay