Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကိုကိုယ် နေ့စဥ် program လုပ်ပါ။

တချို့ရက်တွေက fine တယ်။
တချို့ရက်တွေက မှိုင်း နိုင်တယ်။
တချို့ရက်တွေက လှ ပြီး
တချို့ရက်တွေက ဂွကျကျနိုင်တယ်။
တချို့ရက်တွေက ကံကောင်းတယ်။
တချို့ရက်တွေက ရေရေလည်လည်
ကံဆိုးနိုင်တယ်။

ဘယ်လိုနေ့ဖြစ်မယ်ဆိုတာ
ကိုယ် control လုပ်လို့မရဘူး။
ကိုယ်ထိန်းချုပ်လို့ရတာ
ကိုယ့်ရဲ့ စိတ်ခံစားမှုပဲ။

ဒီတော့ ကိုယ့်ရဲ့ စိတ်ကို နေ့တိုင်း
program လုပ်ဖို့လိုတယ်။

Programming human’s excellence ဖြစ်အောင်
2005 ကတည်းက ဒီ topic ကို
ရေရေလည်လည် စိတ်ဝင်စားလေ့လာခဲ့တာ။

ဦးနှောက်ကောင်းအောင်၊ IQ မြင့်လာအောင်
ဒီကနေ ဒီခရီးစလာတာ၊
လူရှေ့သူရှေ့စကားပြောရဲအောင်
စိတ်အကြည်ဓာတ် ထိန်းထားနိုင်အောင်၊
စိတ်ဓာတ်စွမ်းအားကို အသုံးချပြီး
လိုချင်တာရအောင် ယူနိုင်အောင် လုပ်နိုင်ဖို့
ဇီဝကမ္မဖြစ်စဥ် Physiology
စိတ်ပညာ Psychology
အတွေးအခေါ်ပညာ Philosophy
ကိုအသုံးပြုပြီး ကိုယ့်ရဲ့ Performance ကို
Peak ရောက်ဖို့ ကိုယ့်ဘဝကို ရင်းနှီးထားတယ်။

ကိုယ့်ကိုကိုယ် နေ့စဥ် program လုပ်ပါ။
မနက်ထတိုင်း ကိုယ့်ဘဝမှာ
အပျော်ရွင်ဆုံးခံစားချက်
ရင်အခုန်ဆုံးခံစားချက်
ဂုဏ်အယူဆုံးခံစားချက်
အကြည်နူးဆုံးခံစားချက်
ကျေးဇူးအတင်ဆုံးခံစားချက်
နှစ်သက်ပျော်ရွင်ခံစားတဲ့ခံစားချက်
မဖြစ်မနေအကောင်အထည်ဖော်မယ့်ခံစားချက်
အာရုံစူးစိုက်မှုအပြည့်ရှိနေတဲ့ ခံစားချက်
ချစ်ခြင်းတရား
ဒါတွေကို နေ့စဥ် ပြန် recall လုပ်ပြီး
နေ့တစ်ရက်တာကို စတင်ပါ။

Phyo Paing @ Derek

Share Your Idea!​