ရှုံးနိမ့်တာတွေကို မခံစားနိုင်တတ်ဘူး။
ဥပမာ vlog လေး စရိုက်ကြည့်။
အသံလေးတိုးတယ်နော်။
ခန္ဓာကိုယ်က ယိုင်တိုင်တိုင်ဖြစ်နေတယ်။
ယုံကြည်မှုမရှိတဲ့ ပုံစံဖြစ်နေတယ်။
အားမနာပဲ
ဝေဖန်ဖို့ ဝန်မလေးကြဘူး။
အောင်မြင်သွားတဲ့အချိန်ကျတော့
မိုက်လိုက်တာ၊ တော်လိုက်တာ၊
သူက သူများနဲ့မှမတူလုပ်နိုင်တာကိုး
ဒါမျိုးနဲ့ လာတယ်။
အဲ့ဒီ အရှုံးတွေ မယဉ်ပါးပဲ
သာမာန်ဘဝထဲက ထွက်ဖို့မလွယ်ဘူး။
နောက်တစ်ခုက ကိုယ့်ပေတံနဲ့
သွားများကို လိုက်တိုင်းတတ်တာ။
ကျွန်တော်တို့ဟာ အလွန်အမင်း
judgemental ဖြစ်တဲ့ society မှာနေတယ်။
အရာရာကို စိတ်ခံစားမှုနဲ့ စဉ်းစားဆုံးဖြတ်တယ်။
ခရီးကျယ်ကျယ်ပြန့်ပြန့်မသွားဖူး၊
စာကောင်းကောင်းမဖတ်၊
ကောင်းကောင်းမတွေး၊
အရှုံးတွေက သင်ခန်းစာမယူတဲ့
soceity ဟာ ကျဆုံးဖို့လွယ်တယ်။
လူအများစုက ကိုယ့်ကိုကိုယ်တောင်
သေချာနားမလည်ပဲ
သူများဘဝကို သွားဝေဖန်မှုပြုတတ်ကြတယ်။
ဒီတိုင်ပတ်စေတဲ့ အတွေးအခေါ်တွေဟာ
ယဉ်ကျေးမှု culture တစ်ခုလိုဖြစ်နေတတ်တယ်။
သာမာန်ထဲမှာ မနေချင်ရင်
ဒါကို ဖောက်ထွက်ဖို့လိုတယ်။
Soceity က သတ်မှတ်ထားတဲ့
Bullshit rules တွေထဲက ထွက်လာတဲ့
ပတ်ဝန်းကျင်နဲ့ “လွတ်”နေတဲ့ သူတွေလဲရှိတယ်။
ငလွတ်ဆိုပါတော့။
Phyo Paing @ Derek