တစ်ယောက်ထဲ တစ်ခါတည်း
၈ နာရီလောက်တရားထိုင်ရင်း
စိတ်အေးချမ်းတည်ငြိမ်နေတဲ့သူ။
နောက်တစ်ယောက်က
သန်းပေါင်းများစွာချမ်းသာပြီး
ဇယားအတက်အကျတွေကြား
ပျော်လိုက်၊ တက်ကြွလိုက်
ဝမ်းနည််းကြေကွဲလိုက်။
ပုထုဇဉ်ဆိုတော့ လိုအပ်ချက်ကို
တခြားလူတွေဆီက ရှာတယ်။
အပြင် အရာဝတ္ထုတွေကရှာတယ်။
ဒါက လောကီ level ပေါ့။
တစ်ယောက်တည်းအထာကျကျ
နေပြီး ပစ္စုပ္ပန်တည့်တည့်ရှုနိုင်တာ
ခန္ဓာကိုယ်တပ်မက်မှု
လှုံဆော်မှုတွေကို ရှုမှတ်ကျော်လွှားနိုင်တာ
လောကုတ္တရာ level ပေါ့။
Level တစ်ခုက တစ်ခုကူးဖို့
training တစ်ခုတော့လိုတယ်။
တချို့လူတွေက ကော်တယ်။
လုပ်ချင်တာလုပ်ပြီး
ဘဝနေဝင်ချိန်ကျ သံယောဇဉ်ဖြတ်ပြီး
အပြီးပြောင်းသွားတယ်။
အဲ့လိုပြောင်းနိုင်ဖို့ အခြေခံ level မှာ
လုပ်ချင်၊ ဖြစ်ချင်တာတွေလုပ်ခဲ့လိုက်။
Phyo Paing @ Derek