ကိုယ်ဂုဏ်ယူနေတဲ့ အရာတစ်ခု၊
ပျော်နေတဲ့အရာတစ်ခုဟာ
တစ်စုံတစ်ယောက်စကားကြောင့်
စိတ်ပျက် အားငယ် သွားတဲ့အချိန်တွေ
လူတိုင်းဘဝမှာ တစ်ခါတော့ကြုံဖူးကြလိမ့်မယ်။
လူတိုင်းခေါင်းထဲမှာ မသိပဲ
အလုပ်လုပ်နေတဲ့ စကားလုံး script တွေရှိတယ်။
ဒီစကားလုံးတွေတွေဟာ
ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ပုံဖော်တယ်။
ကျွန်တော်တို့အတွေးအခေါ်တွေက
အထင်အမြင်ကို ဖြစ်စေတယ်။
အထင်အမြင်က စိတ်ခံစားချက်တွေကိုဖြစ်စေတယ်။
တခြားသူတွေရဲ့ အထင်အမြင်ကိုယ့်ကို
လွမ်းမိုးပြီး တိုင်ပတ်စေတာထက်
ကိုယ့်အထင်အမြင်ကို ခိုင်မာဖို့
ကိုယ်ပိုင်အတွေးအခေါ်လိုတယ်။
Phyo Paing @ Derek