Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တစ်ရက် post သုံးခု

Social media မှာ ကိုယ့်လုပ်ငန်းအတွက်
ကောင်းဆုံးတင်သင့်တဲ့ post အရေအတွက်ကတော့
တစ်ရက်သုံးခုပဲဖြစ်ပါတယ်လို့ဆိုကြတယ်။

Social media ဟာ မြေလိုပဲ နေရာ estate က
အကန့်အသတ်ရှိတယ်။
အဲ့တော့ လူတိုင်းတင်သမျှ post တွေက
လူတွေမျက်စိရှေ့ရောက်ဖို့ ပြိုင်နေရတယ်။
နောက်တစ်ခုက ကြော်ငြာတဲ့သူတွေများလာ
တာနဲ့အမျှ content တွေကြားမှာ
Attention ရဖို့ ပိုပြိုင်လာရတယ်။
ရိုးရိုး post လေးခုပြီးတိုင်းမှာ sponsor post
တစ်ခုလာတဲ့ 4:1 နဲ့ Facebook မှာသွားတယ်။

ဒီသဘောတရာရအတိုင်းပဲ content က
တစ်ရက်သုံးခုလောက်တင်တဲ့ quantity game
တစ်ခုဖြစ်လာတယ်။
Social media မှာ နေရာရချင်ရင်
ဒီ Social media ကို အစာကျွေးရတဲ့သဘောပဲ။

နောက်တစ်ခုက ကိုယ်က ကိုယ့်လုပ်ငန်းအတွက်
တစ်ရက် post သုံးခုတောင် မစဉ်းစားနိုင်ရင်
တကယ့်လက်တွေ့မှာလဲ အောင်မြင်ဖို့မလွယ်ဘူး။

Seth Godin ပြောသလို နောက်ဆုံးကျန်တဲ့
marketing ကတော့ content marketing ပဲတဲ့။
တစ်ရက် ဘယ်နှစ် post တင်ရမလဲဆိုတဲ့အဖြေက
တစ်ရက် ၃ post ပါ။

Phyo Paing @ Derek

Share Your Idea!​