လူတွေက ဥာဏ်အလင်းမတူတော့
မြင်နိုင်တဲ့ အကွာအဝေးလဲမတူဘူး။
တချို့တွေက တစ်ရက်စာမြင်တယ်။
တချို့က တစ်လ၊ တချို့တစ်နှစ်။
တချို့ဆယ်နှစ်။
တချို့က ကိုယ့်နေဝင်ချိန်ထိ။
ဗုဒ္ဓကတော့ သံသရာကိုမြင်တယ်။
မြင်တာကို သိအောင်ဟောပေမယ့်
သိတာနဲ့ ထိတာ မတူပြန်ဘူး။
လူတွေက ဒုက္ခနဲ့ ထိမှ
တကယ်သိတာ။
ဒါကြောင့် ဒုက္ခနဲ့ ထိတိုင်းမှာ
ဘာတွေ သိမလဲ စဥ်းစားကြည့်။
Phyo Paing @ Derek