တချို့လူတွေက သေဖို့အတွက်
သံသရာထဲက လွတ်မြောက်ဖို့
နေ့စဥ် တရားအားထုတ်ပြီး train တယ်။
တချို့လူတွေက နေဖို့အခါ
နေ့စဥ် ဘဝလတ်ဆတ်ဖို့ train တယ်။
ဘယ်လိုနေနေ ဘဝက နေ့စဥ် train နေရမှာ။
Use it or Lose it ပဲ။
ဘာသာစကားတစ်ခု မသုံးတာကြာရင်မေ့မယ်။
ကြွက်သားတွေလိုပဲ မ train တာကြာရင်
ပျော့တွဲသွားမယ်။
ဦးနှောက်လိုပဲ မသုံးတာကြာရင်
သံချေးတက်သွားမယ်။
ဘဝမှာ အခြေခံလိုအပ်တယ်လို့ယူဆထားတာ
ဘာသာစကား – အင်္ဂလိပ်၊ တရုတ်၊ မြန်မာ။
နောက်ကျန်းမာရေး။
ကိုယ်အိပ်နေလဲ ငွေဝင်အောင်ရှာပေးနေတဲ့
လုပ်ငန်းတွေဖန်တီးနိုင်ထားနိုင်ဖို့။
ပေါင်းတတ်သင်းတတ်တဲ့ လူရာဝင်ဖို့၊
လူရှေ့သူရှေ့မှာ ကိုယ့် idea ကိုချပြနိုင်ဖို့၊
ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဥ်လုပ်ဖို့၊
ဘဝမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့အရာ
တစ်ခုရှိဖို့။
ဘဝမှာ ဖြတ်သန်းခဲ့တဲ့ metrics တွေကိုပြန်ကြည့်ရင်
သာမာန်မဖြစ်ချင်ဘူး။
ပညာရေး၊ စီးပွားရေး၊ လူမှုရေး အရာရာပေါ့။
ဒီလို မဖြစ်ဖို့ သာမာန်လူတွေ
မလုပ်တဲ့အရာတွေကို နေ့စဥ်လုပ်ဖို့လိုတယ်။
၂၀၃၀၊ ၂၀၄၀၊ ၂၀၅၀ ကျရင်
အသေကြသေးရင် ဘဝက
သေချာ design လုပ်တဲ့သူနဲ့
ဘဝကို default နဲ့နေတဲ့သူ
ကွာသွားမှာပဲ။
မေးခွန်းက ကိုယ့်ကိုကိုယ် နေ့တိုင်း train နေလား၊
ပွဲကြည့်ပုရိသတ်ပဲလုပ်ပြီး ဘဝကို
ဖြစ်သလို ဖြတ်သန်းနေလား။
Phyo Paing @ Derek