Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နေ့တိုင်းက စုဗူးပဲ။

အချိန်အလဟသ ဖြုန်းတာ
ကိုယ့်ကိုကိုယ် သတ်တာနဲ့ အတူတူပဲ။

လေ့ကျင့်ရင် လေ့ကျင့်၊
အလုပ်လုပ်ရင် လုပ်၊
နားရင်နား။

တရားထိုင်တယ်ဆိုတာ
သေနည်းလေ့ကျင့်တာ၊
သမာဓိကောင်းအောင်လေ့ကျင့်တာ။
စာဖတ်တယ်ဆိုတာ
အတွေးအခေါ် ရင့်သန်အောင်
စိတ်ပိုင်းဆိုင်ရာလေ့ကျင့်တာ။
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ
ခန္ဓာကိုယ်ကို လေ့ကျင့်တာ။
သင်တန်းတက်တယ်ဆိုတာ
အတွေးအခေါင်၊ အပေါင်းအသင်း၊
နည်းနာအသစ်တွေကို လေ့လာတာ။
ဓားသွေးတာနဲ့ တူတယ်။

ဓားသွေးပြီးရင်ခုတ်ဖို့လိုတယ်။
ဒီဓာတ်သွေးပြီး ခုတ်တာက
အလုပ်လုပ်တာလို့ ဆိုနိုင်တယ်။
နေ့စဥ် ဒီနေ့ ဝင်ငွေအတွက်လုပ်တာ
ဖြစ်နိုင်သလို
အနာဂတ် ဝင်ငွေအတွက်လုပ်တာ
ဖြစ်နိုင်တယ်။
လူတွေအကျိုးပြုတဲ့ အလုပ်လုပ်တာ
ဖြစ်နိုင်တယ်။
လူတွေဘဝ ဒုက္ခရောက်သွားစေမည့်
သူများမျက်ရည်ကြီးငယ်နဲ့လုပ်တဲ့
အလုပ်က ဗုဒ္ဓဟောတဲ့
မဂ္ဂင်ရှစ်ပါးရဲ့ သမာအာဇီဝ အလုပ်
မဟုတ်တဲ့အတွက်
အလုပ်တာတော့ ကောင်းတယ်။

နောက်အလုပ်တစ်ခုက
အနားယူပြီး
နောက်နေ့အတွက် အားဖြည့်တာ။

ဒါကို TWR framework ဆိုပြီး
Peak Productivity Coaching အတွက်
ကျွန်တော် နာမည်ပေးထားတယ်။
Train + Work + Rest

နေ့တိုင်းက စုဗူးပဲ။
ကုသိုလ်၊ ပညာ၊ ဥစ္စာ
သုံးခုစလုံး နေ့စဥ် စုဖို့လိုတယ်လို့ထင်တယ်။

ပညာက ဒီနေ့အတွက်။
ဥစ္စာက မနက်ဖြန်အတွက်။
ကုလိုလ်က ဒီနေ့၊ မနက်ဖြန်နဲ့
သံသရာအတွက်။

Phyo Paing @ Derek

Share Your Idea!​