ဘဝမှာ ပေးထားချက်တွေရှိတယ်။
လူတစ်ယောက်နဲ့ တစ်ယောက်
ဘဝပေးအခြေအနေမတူဘူး။
ဖြတ်သန်းလာမှုမတူဘူး။
ဘဝကို ဖြတ်သန်းချင်တဲ့ပုံစံမတူဘူး။
အိမ်မက်တွေ မတူဘူး။
အနာဂတ်အမြင်မတူဘူး။
တခါတလေ ဘဝမှာ
ကိုယ့်ဘဝပေးထားချက်တွေ မကြည့်ပဲ
ဖြစ်ချင်တာတွေပဲ ဇွတ်လုပ်လို့မရဘူး။
ဘဝရဲ့ ပေးထားချက်တွေပေါ်မူတည်ပြီး
ကိုယ့်အိမ်မက်တွေကို
တစ်ဆင့်ချင်းအကောင်အထည်ဖော်သွားဖို့
ဘဝခရီးလမ်းတစ်လျှောက်မှာ
မှန်ကန်တဲ့ ရွေးချယ်မှုတွေပြုလုပ်ဖို့လိုတယ်။
ဒါကြောင့် ကိုယ့်ဘဝအနာဂတ်ကို
ဒီဇိုင်းလုပ်တဲ့အခါ
ဘဝရဲ့ ပေးထားချက်တွေကို ချရေးလိုက်တယ်။
ကိုယ်ဘယ်အရာကို ဝါသနာပါလဲ။
ဘယ်အရာတွေကို ကျွမ်းကျင်သလဲ။
အနာဂတ်မှာ ဖြစ်ချင်တဲ့
အနာဂတ်ပုံရိပ်က ဘာလဲ။
ဘဝကို ဘယ်လိုပုံစံဖြတ်သန်းချင်သလဲ။
ဘယ်သူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးမလဲ။
ဝင်ငွေကို ဘယ်လိုရှာမလဲ။
လက်ရှိကိုယ့်ရဲ့ ကျန်းမာရေး၊
အလုပ်အကိုင်၊ မိသားစု၊ အချစ်ရေး၊
ငွေရေးကြေးရေး အခြေအနေကဘာတွေလဲ။
ဘာရွေးချယ်မှုတွေ ပြုလုပ်လို့ရသလဲ။
အဲ့ထဲမှာ လုပ်သင့်တဲ့အရာတွေကဘာတွေလဲ။
ဘယ်အချိန်မှာ
ဘယ်မှာနေပြီး၊
ဘယ်သူတွေနဲ့တွေ့၊
ဘာတွေလုပ်နေသင့်သလဲ။
ဘဝဆိုတာ “ပေးထားချက်တွေပေါ်မူတည်ပြီး”
“အနာဂတ်အမြင် အကောင်အထည်ဖော်ဖို့”
“ရွေးချယ်မှုတွေပြုလုပ်ပြီး”၊
“တကယ်လက်တွေ့ အကောင်အထည်ဖော်”တဲ့နေရာပဲ။
In life, there are given situations and choices that you must navigate. To create your best self, you need to select the right combination of options that best align with your long-term vision and values.
Phyo Paing @ Derek