သွားကြားထိုးတံလေးရဖို့
သစ်တစ်ပင်လုံး ခုတ်စရာမလိုဘူး။
ဘဝမှာ ပြဿနာသေးသေးလေးကို
ဖြေရှင်းဖို့ အဖြေအကြီးကြီးစဥ်းစားလေ့ရှိတတ်တယ်။
ဒီလို စဥ်းစားရင်း
ကိုယ့်အဖြေအကြီးကြီးက
ပြဿနာကြီးပြန်ဖြစ်သွားတတ်တယ်။
တခါတလေ ကိုယ်ကြုံတွေ့နေတဲ့ပြဿနာကို
ဖြေရှင်းဖို့ မတူညီကွဲပြားတဲ့ ဖြေရှင်းနည်း
Creative Problem-solving skills လိုတယ်။
ဒီ ပြဿနာဖြေရှင်းနည်းကပဲ
ဘဝကို တိုးတက်အောင် လုပ်ပေးနိုင်တာ။
အပ်နဲ့ထွင်းရမယ့်ဟာကို
ပုဆိန်နဲ့ ထွင်းရသလိုမဖြစ်ဖို့လိုတတ်တယ်။
Phyo Paing @ Derek