၂၀၁၃ တုန်းက ကုမ္ပဏီမှာ
အလုပ်တစ်ဖက်နဲ့
ညနေပိုင်း အချိန်ပိုင်းစာသင်
ညဖုန်းဆော့ဝဲလ်တွေလုပ်ပေး
တရုတ်ကပစ္စည်းတွေသွင်းပေး
စနေ၊ တနင်္ဂနွေ MBA တက်။
ရန်ကုန်ကိုရောက်တိုင်း
ငါအများကြီး ကြိုးစားဖို့လိုသေးတယ်လို့
အမြဲကိုယ့်ကိုကိုယ် ပြန်ပြောတယ်။
၂၀၂၃ ရောက်တဲ့အခါ
တိုးတက်မှုက အဆ ၁၀၀ လောက်ရှိတယ်ဆို
မမှားဘူးလို့ထင်တယ်။
ဆယ်နှစ်ရဲ့အချိန်ကို လျော့တွက်လို့မရဘူး။
လူတွေကို ကန့်သတ်ထားတာ
သူတို့ရဲ့အတွေးဆိုတာ အမှန်ပဲ။
ကိုယ့်အိမ်မက်တွေကိုယ်တိုင်
အကောင်အထည်မဖော်ရင်
ဖော်ပေးမည့်သူရှိမှာ မဟုတ်ဘူး။
ဘဝမှာ ဆယ်နှစ်အတွင်း
ကိုယ့်ဘဝကို အပြောင်းအလဲဖြစ်စေတဲ့အချက် ၃ ချက်
၁။ Mastery ပညာရပ်တစ်ခုကို
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်အောင်
နေ့တိုင်းလေ့ကျင့်တာ
၂။ Marketing မားကတ်တင်းပညာကို
ထဲထဲဝင်ဝင် လေ့လာကျင့်သုံးခဲ့တာ
၃။ Management စီမံခန့်ခွဲမှုပညာကို
အချိန်အများကြီးပေး လေ့လာကျင့်သုံး
မျှဝေဖြစ်တာ။
Phyo Paing @ Derek