လုပ်ချင်တဲ့အရာတစ်ခုကို
အသက်အရွယ်တစ်ခုမှာ
မလုပ်လိုက်ရတဲ့အတွက်
အချိန်တစ်ခုရောက်မှ
နောင်တရတတ်ကြတယ်။
နောင်တဆိုတာ ငါအဲ့တုန်းက
ဒါကို မလုပ်ခဲ့ရင်ကောင်းမှာပဲ၊
ဒါမှမဟုတ် အဲ့တုန်းက
ဒါကို လုပ်ခဲ့ရမှာဆိုတာပြန်စဥ်းစားပြီး
တနှုံ့နှုံဖြစ်တဲ့ ခံစားချက်ဖြစ်တယ်။
ငယ်တုန်းမှာ သွားချင်တဲ့နေရာသွား၊
ကိုယ့်စိတ်ထဲမှာ တစ်ခုခုလုပ်ချင်ရင်
ကိုယ့်အတွက်လဲ ရေရှည်ဒုက္ခမရောက်ဘူး၊
သူတပါးလဲ မထိခိုက်သွားဘူးဆိုရင်
လုပ်သာလုပ်ချလိုက်။
သူငါ့ကို ဘယ်လိုထင်နေမလဲ
သိပ်စဥ်းစားမနေနဲ့။
မဟုတ်လဲ ဘဝက တိုတိုလေးပဲ။
မြန်မာပြည်မှာ အသက် ၇၀ ကျော်လောက်
နေရမှာ သက်တမ်းက
ရက်ပေါင်း ၂၅၀၀၀ ကျော်ကျော်လေးနေရတာ။
အသက်သုံးဆယ်ဆိုရင်ကို ရက်ပေါင်း
၁၀၉၅၀ လောက်နေပြီးပြီ။
ဒါကြောင့် ဘဝမှာ တွေဝေနေဖို့
အချိန်မရှိဘူး။
လုပ်ချင်ရင် ထလုပ်လိုက်။
ပြောချင်တဲ့စကားကို ပြောချင်တဲ့သူကို
ပြောလိုက်။
အလုပ်ဖြစ်ရင် Good..
အလုပ်မဖြစ်ရင် move on..
လူအများစုက ကိုယ်မလုပ်လိုက်တာကို
နောင်တပိုရတတ်တယ်တဲ့။
In the end, we only regret the chance we didn’t take တဲ့။
Phyo Paing @ Derek