အသက်ကို ခပ်ပြင်းပြင်းရှူသွင်း။
ပြန်ရှူထုတ်ကြည့်။
နောက် သေချာစဥ်းစားကြည့်။
စဥ်းစားလေ အရှင်းသားသိလေဖြစ်လိမ့်မယ်။
နေ့စဥ် ဖြတ်သန်းမှုတိုင်းမှာ
အဓိပ္ပာယ်တစ်ခုရှိတယ်။
ဟုတ်တယ်။
ဒီနေ့၊ ဒီလို၊ ဒီအခြေအနေ
ဖြစ်နေတာ အလဟသမဟုတ်နိုင်ဘူး။
သူ့မှာ အဓိပ္ပာယ်တစ်ခုရှိနိုင်တယ်။
ဒီ အဓိပ္ပာယ်ကို မြင်တာနဲ့ မမြင်တာ၊
ရှင်းတာနဲ့ ဝေဝါးနေတာပဲဖြစ်ရင်ဖြစ်မယ်။
ဘဝရဲ့ ရုန်းကန်မှု၊ ဖြတ်သန်းမှု၊
ကျော်ဖြတ်နိုင်မှု၊ တိုးတက်ပြောင်းလဲမှုတိုင်းမှာ
အဓိပ္ပာယ်ရှိတယ်။
ဘာကြောင့်လဲဆိုတော့
ဘဝရဲ့ ပေးထားချက်ကို အရေးထားမယ်။
ပေးထားတဲ့ အဓိပ္ပာယ်တွေကို
တူးဆွဖော်ထုတ်မယ်။
နားလည်သလောက် ပေါင်းစပ်မယ်။
အဖြေထုတ် လုပ်ဆောင်ကြည့်မယ်ဆိုရင်
ကိုယ်မတွေ့သေးတဲ့ ကမ္ဘာကြီးတစ်ခု
စောင့်ကြိုနေနိုင်တယ်။
မှန်ပါတယ်။
အဖြစ်အပျက်တိုင်းမှာ အဓိပ္ပာယ်တစ်ခုရှိတယ်။
လျစ်လျူရှုလို့ရတယ်။
သာမန်ကာလျှံကာ ကျော်သွားလို့ရတယ်။
နောက်ပြီး သေချာသတိမူတဲ့အခါ
ဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာ
ဆက်လုပ်လို့ရတဲ့ လမ်းကြောင်း၊
ရွေးချယ်လို့ရတဲ့ လမ်းတွေကို
ကွက်ကွက်ကွင်းကွင်းကြီးတွေ့မယ်။
ဒီလိုတွေ့တဲ့အခါ နားလည်လာလိမ့်မယ်။
ဘဝမှာ ရွေးချယ်ပိုင်ခွင့်
ပေးထားတဲ့အရာတွေရှိတယ်။
ဒီရွေးချယ်ပိုင်ခွင့်ပေးထားတဲ့အရာတွေကို
ရွေးချယ်မှု တခုချင်းပြုလုပ်ရင်း
ဒီနေ့ဒီအခြေအနေ ရောက်ခဲ့သလို
အနာဂတ်ကမ္ဘာအသစ်ကလဲစောင့်ကြိုနေတယ်။
ဘာကြောင့်လဲဆိုတော့
ဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာ
အဓိပ္ပာယ်တွေရှိတယ်။
သဲလွန်စတွေ ချန်ခဲ့တယ်။
ဒါကို မြင်အောင်ကြည့်။
ကြားအောင်နားထောင်။
ခံစားကြည့်ဖို့ပဲ လိုတတ်တယ်။
Phyo Paing @ Derek