Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘာကြောင့်မပျော်လဲ?

ကျွန်တော်တို့ဘာကြောင့်မပျော်တာလည်း?

company တွေလိုဘဲ လူတွေမှာလည်း တန်ဖိုးထားမှု values တွေရှိပါတယ်။ လူတွေရဲ. တန်ဖိုးထားမှုကို သိချင်ရင် ခင်ဗျာဘဝအတွက် အရေးကြီးဆုံးက ဘာလည်း ဆိုတဲ့ မေးခွန်းကို မေးနိုင်ပါတယ်။
ဥပမာ လူတစ်ယောက်ရဲ. အဖြေက

1. love
2. health
3. growth
4. accomplishment ဆိုပါတတော.။

ဒီလူတစ်ယောက်က နိုင်ငံခြား အလုပ်သွားလုပ်မယ် ဆိုပါတော.။ သူ.အတွက် အရေးအကြီးဆုံးက love ဖြစ်တဲ. အတွက် မိသားစုနဲ. ခွဲသွားရတာဟာ သူ.အတွက် နာကျင်မှု ဖြစ်တယ်။ Love ကို အရင် pursuit မလုပ်ဘဲ Accomplishment ကို အရင် သွားရှာရင် သူမပျော်တော.ဘူး။ (Maslow’s hierarchy of needs နဲ. နည်းနည်းဆင်ပါတယ်။) လူတစ်ယောက်နဲ.တစ်ယောက် တန်ဖိုးထားမှု ချင်းမတူတာကြောင်. ဆုံးဖြတ်ချက်တွေမတူပါဘူး။

Security ကို ဦးစားပေးတဲ.သူတစ်ယောက်ဟာ ဝန်ထမ်းလုပ်ရတာ ပိုပျော်ပါလိမ်.မယ်။ Freedom ကို ဦးစားပေးတဲ.သူအတွက်ကတော. Entrepreneur လုပ်ရတာ ပို ပျော်ပါလိမ်.မယ်။

လူတစ်ယောက်ရဲ. ဆုံးဖြတ်ချက်တစ်ခုကို လွမ်းမိုးနေတဲ. ငါးချက်မှာ Values က တစ်ချက်ပါပါတယ်။ တန်ဖိုးထားမှုတွေမတူရင် relationship တစ်ခု ဟာလည်း တာရှည်ခံဖို. ခက်ခဲပါတယ်။

Values တွေဟာ အသက်အရွယ်နဲ.လိုက်ပြီးလည်း အပြောင်းလည်း ဖြစ်ပါတယ်။ ဥပမာ လူငယ်တစ်ယောက်အနေနဲ. ငယ်ရွယ်တုန်းမှာ အင်ဂျင်ပါဝါမြင့်တဲ့ကား design လှတဲ.ကားကို အသားပေးရွေးချယ်ပေမယ့် မိသားစုရှိ သားသမီးရှိလာတဲ.အခါ သူ.ရဲ. ဦးစားပေးမှုတွေဟာ ပြောင်းလည်းကောင်း ပြောင်းလည်း လာပါတယ်။

ဘဝမှာ struggle လုပ်ရတဲ့အချိန်တိုင်း၊ စိတ်အလိုမကျတဲ့အခါတိုင်း၊ စိတ်ဓာတ်တက်ကြွမှု မရှိဘဲ ပျင်းရိနေတဲ့အခါတိုင်းမှာ ကိုယ့်ရဲ. value တန်ဖိုးထားမှုတွေကို ပြန်ဆန်းစစ်သင့်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​