အဆုံးထိ ဖတ်ကြည့်ကြည့်ပါ။
Covid-19 ကာကွယ်ဆေးကလဲမထိုးရသေးဘူး။
တရုတ်ဆေးတွေကလဲ စိတ်ချရမလားမသိဘူး။
Cold Chain ကလဲ မကောင်းဘူး။
နိုင်ငံရေးပြဿနာတွေကြောင့် အလုပ်ကလုပ်လို့မရဘူး။
ကြော်ငြာရင်ကလဲ အဆဲခံရမလားမသိဘူး။
အနာဂတ်အတွက် ရင်လေးလိုက်တာ။
ကံကလဲ ဆိုးလိုက်တာ။
လောကငရဲပဲ။
ဒါတွေအကုန်လုံး ဒီ မအလ ကြောင့်။
Internet လိုင်တွေက ဘယ်အချိိန်ပိတ်မလဲ စိုးရိမ်နေရတယ်။
ငွေစျေးတွေကလဲ တက်လိုက်တာ။
ဒီလိုဆို စီးပွားရေး မလုပ်နဲ့တော့။
ခေတ်ကာလကလဲ ကြာလေမကောင်းလေ။
နိုင်ငံတကာ ကုမ္ပဏီတွေကလဲထွက်ကုန်ပြီ။
အလုပ်အကိုင်အခွင့်အလမ်းတွေကလဲ ရှားလိုက်တာ။
နိုင်ငံခြားထွက် အလုပ်လုပ်ရအောင်လဲ
သူ့နိုင်ငံမှာတင် အလုပ်တွေက ရှားနေတာ။
လုပ်ငန်းတွေကလဲ တစ်ခုပြီးတစ်ခု
ပြုတ်ပြုတ်ဖြုန်းနေတာ။
လူတွေက ငွေသိပ်မသုံးနိုင်တော့ဘူး။
အားလုံးက စိတ်ညစ်စရာကြီး။
ဘဝကြီးက သွားပြီ။
အဲ့လို စဥ်းစားမှု looping ပတ်နေရင်
တိုင်ပတ်မှုအပေါင်း သရဖူးဆောင်းပြီး
ဝင်္ကဘာထဲက ထွက်နိုင်မှာ မဟုတ်ဘူး။
ဒါကြောင့် မျက်စိမှိတ်ပြီး
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကြည့်။
ကိုယ်လိုချင်တာတွေက ဘာလဲ?
အဲ့ဒီမျက်စိမှတ်ထားတဲ့အခါပေါ်လာတဲ့
အိမ်မက် စိတ်ကူးတွေကို
မျက်စိဖွင့်လိုက်တဲ့အချိန်
တကယ်ဖြစ်လာအောင် လုပ်နိုင်တာကို
Power လို့ခေါ်တယ်။
ဒီ Power က ကိုယ့်ရဲ့ Action ပဲ။
ဒီ လုပ်ရပ် Action တွေကောင်းဖို့
ကိုယ့်အတွေးတွေကို ဂရုပြုပါ။
Phyo Paing @ Derek