ကျွန်တော်
ခိုလိုညည်းပြီး
ဘေးထိုင်ဘုပြောတာကိုမကြိုက်ဘူး။
ရည်မှန်းချက်ပန်းတိုင်တွေချပြီး
ဖြစ်အောင်လုပ်ရတာကြိုက်တယ်။
ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေ
နေ့တိုင်းလုပ်ရတာကြိုက်တယ်။
ဒီလိုစာတွေရေးပြီး တချို့မိတ်ဆွေတွေ
အကျိုးရှိတယ်ဆိုပြီး အပြင်မှာတွေ့တိုင်း
ကျေးဇူးလာတင်တဲ့အခါတိုင်း
ပီတိဖြစ်စေတယ်။
Message တွေ ထောင်ချီပို့ပြီး
ကျေးဇူးတင်တဲ့အတွက် ပီတိဖြစ်ရတယ်။
မလိုချင်တာတွေပဲ ကာယကံ၊ ဝဇီကံ၊ မနောကံနဲ့
တွေးနေ၊ ပြောနေ၊ လုပ်နေရင်
မလိုချင်တာတွေပဲ ရောက်လာနိုင်တယ်။
လိုချင်တာတွေကိုပိုတွေး
ပိုပြော၊ ပိုလုပ်ပါ။
Phyo Paing @ Derek