အခြေအနေ မကောင်းဘူးဆိုတာ မဟာဗျူဟာကြောင့်လား?
မြန်မာပြည်ရဲ့ လုပ်ငန်းအခြေအနေက အားလုံးသိတဲ့အတိုင်း Market Lifecycle တိုတယ်။ ဖုန်းစျေးကွက်၊ ကားစျေးကွက်၊ အိမ်ခြံမြေ၊ ခရီးသွားလုပ်ငန်း၊ စီးပွားရေးစီမံခန့်ခွဲမှုသင်တန်း အစ အစရှိတဲ့ Industry Growth Rate မြင့်တဲ့လုပ်ငန်းတွေ လုပ်ခဲ့ပြီး အချိန်တစ်ခုရောက်တဲ့အခါ Growth က တန့်သွားတဲ့အခါ အခိုင်အမာ ပရိတ်သတ်ရထားတဲ့ လုပ်ငန်းတွေသာရှင်သန်ကြတယ်။
ဒါ့ကြောင့် စဉ်းစားစရာနှစ်ခုရှိတာက Raving fans အခိုင်အမာရအောင် Branding တည်ဆောက်ထားမလား၊ နောက် growth ဖြစ်မည့် Industry အတွက် ပြင်ဆင်မလား? တကယ်လို့ နောက် growth ဖြစ်မည့် industry က ကိုယ်အခု လုပ်နေတာနဲ့ တော်တော်ကြီးလွဲနေရင်လည်း risk များတယ်။
တချို့ B2B လုပ်ငန်းအများစုဆို ဝယ်ရောင်းဖြစ်နေတဲ့အခါ Supplier risk အရမ်းများသလို Price sensitive ဖြစ်တယ်။ ဒီလိုအခြေနေမျိုးမှာ စျေးလျော့တာဟာ ရေရှည်အတွက် အဖြေမဟုတ်ပြန်ဘူး။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ Industrial growth rate မကျခင်တည်းက လုပ်ရမှာ Economy of Scale ကိုစဉ်းစားရမယ်။ ဒီအတွက် Resources က အများကြီးလိုတယ်။ Economy of Scale မှာ
1. Marketing economy ရသွားရင်လည်း များများကြော်ငြာနိုင်တဲ့အတွက် တစ်ယောက်ချင်းစီရဲ့ ကုန်ကျစရိတ်နည်းသွားတဲ့အတွက် ပြိုင်ဖက်တွေကို ချန်ခဲ့လို့ရတယ်။
2. Purchasing economy များများဝယ်နိုင်ရင်လည်း စျေးယှဉ်ပြီး ပြိုင်လို့ရတယ်။
3. Technical economy နည်းပညာကောင်းကောင်းအသုံးချနိုင်ရင်လည်း ပြိုင်ဖက်တွေကို ချန်ခဲ့လို့ရနိုင်တယ်။
4. Managerial Economy ဝန်ထမ်းတွေများလာတဲကအတွက် ကျွမ်းကျင်ဝန်ထမ်းခန့်တဲ့ကုန်ကျစရိတ်နည်းသွားမယ်။
5. Financial economy လုပ်ငန်းကြီးတဲ့အတွက် အတိုးနှုန်းလျော့သွားမယ်။
တကယ်လို့ ကိုယ့်လုပ်ငန်းကသေးတယ် ဒါတွေမရနိုင်ဘူးဆို Differentiate လုပ်ရတော့မယ်။
1. Image နဲ့ Differentiate လုပ်မှာလား? ဥပမာ Personal Branding
2. Product နဲ့ Differentiate လုပ်မှာလား? ဥပမာ Designer Water တို့ One Tea နို့ဆီတို့လိုမျိုး။ 101 Program, DYD နဲ့ GMP, GMC တွေဟာ YEC company limited ရဲ့ YEC Learning Center နဲ့ TMI မှာပဲရှိတယ်။
3. ဒါမှမဟုတ် Business Model နဲ့ Differentiation လုပ်လို့ရတယ်။
Phyo Paing @ Derek