ဒီနေ့လို အချိန်မျိုးမှာ
ဒေါသကို သောကမရောက်အောင်
စိတ်ဖြေရသလို
ကိုယ့်အတွက် The One Thing ကို
ပြန်စဥ်းစားမိတယ်။
ငါနေ့တိုင်း မဖြစ်မနေ လုပ်နေသင့်တာဘာလဲ?
ပြန်ပြန်မေးတယ်။
အနာဂတ်ကို တွေးပူနေပြီး
ဘေးထိုင်ပြီး ငိုင်နေလို့လဲမရဘူး။
ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်က
ဒုက္ခကို မတုန်မလှုပ်ဖြတ်ကျော်ခြင်းပဲ။
လူတိုင်းရှင်သန်ဖြစ်တည်မှု အတွက်
The One Thing ကတော့ရှိနေမှာပဲ။
တချို့လူတွေအတွက်က The One Thing ကို
အကောင်အထည်ဖော်နည်း
ပြောင်းကောင်းပြောင်းသွားနိုင်တယ်။
နေ့တိုင်းအတွက် The One Thing ကလုပ်နေရမှာပဲ။
တချို့တွေ ဒီသုံးလအတွင်းမှာ အလုပ်မလုပ်တော့
အလုပ်လုပ်တဲ့ process တွေမေ့သွားကြတယ်။
2021 အလွန်ကိုပဲစဥ်းစားထားလိုက်တယ်။
နိုင်ငံရဲ့ ကံကြမ္မာဘယ်လောက်ဆိုးနိုင်အုံးမလဲ?
သူကပဲဆိုးနိုင်မလား ကိုယ်ကပဲခံနှိုင်ရည်ရှိမလား?
Phyo Paing @ Derek