ဘဝမှာ လမ်းမပျောက်ဖို့ 
အလုပ်အကိုင်သေချာရွေးချယ်ဖို့လိုတယ်။
ဘာကြောင့်လဲဆိုတော့ 
ကျွန်တော်တို့လုပ်တဲ့အလုပ်က 
ကျွန်တော်တို့ ဘယ်သူဖြစ်တယ်ဆိုတဲ့
Identity ပေါ် သက်ရောက်မှုကြီးမားတဲ့အတွက်ဖြစ်တယ်။
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ရွေးချယ်တဲ့အခါ
တချို့က ကံကောင်းပြီး ကိုယ်လုပ်တဲ့အလုပ်နဲ့
တခါတည်း တသားကျသွားတဲ့သူတွေရှိတယ်။
တချို့က ကိုယ်လုပ်တဲ့အလုပ်နဲ့ တစ်သားတည်းမကျဘူး။ 
ဘဝဆိုတာ တိုတိုလေး။ 
နေရတဲ့ခဏတာမှာ ကိုယ်နဲ့ကိုက်ညီတဲ့
သဟဇာတဖြစ်တဲ့အလုပ်လုပ်နိုင်ရင်
အလုပ်လုပ်ရင်း
ပိုပျော်နေမယ်။ 
ပိုတော်နေမယ်။
ဝင်ငွေ ပိုတိုးပွားနေမယ်။
တခြားသူတွေကို ပိုမျှဝေပိုပေးနိုင်မယ်။ 
ဒီလိုလုပ်ဖို့ အဆင့် သုံးဆင့်ကို
ရိုးရိုးရှင်းရှင်းဖန်တီးထားတာရှိပါတယ်။ 
၁။ ရှာ Search 
လူတွေရဲ့ ဘဝဖြတ်သန်းမှု၊
ကြီးပြင်းလာမှု၊ စိတ်ဝင်စားမှု၊
ဦးနှောက်အလုပ်လုပ်တဲ့ အားသာချက်
မတူကြပါဘူး။
တချို့က ဖန်တီးတာကိုကြိုက်တယ်။
တချို့က ဆက်သွယ်တာကို ကြိုက်တယ်။
တချို့က ပူးပေါင်းအလုပ်လုပ်ရတာကြိုက်တယ်။
တချို့က အသေးစိတ်စစ်ဆေးရတာကြိုက်တယ်။
ဒီလို ကိုယ်ချစ်တဲ့အလုပ်တွေ့ဖို့ 
မတူညီတဲ့ အလုပ် အနည်းဆုံး
များများလုပ် စမ်းကြည့်ပါ။ 
ဒီလိုလုပ်ဆောင်ဖို့ အကောင်းဆုံးနည်းတစ်ခုက
အလုပ်ခွင်မှာ ပျော်နေတဲ့ လူ ၁၂ ယောက်လောက်နဲ့
လိုက် အင်တာဗျူးကြည့်ပါ။ 
“အလုပ်ခွင်မှာ ပျော်နေတဲ့ ဆိုတဲ့ အချက်” အရေးကြီးပါတယ်။
သူတို့ ဘယ်လိုစဥ်းစားလဲ၊
အလုပ်ဘယ်လိုလုပ်သလဲ။ 
ဖြစ်နိုင်တယ်ဆိုရင် အလုပ်သင်ဆင်းကြည့်ပါ။ 
မတူညီတဲ့ အလုပ်တွေ လုပ်ကြည့်ပါ။ 
ကျွန်တော့်တုန်းကတော့ 
၁။ အထည်ဆိုင်မှာ စျေးရောင်းတာ၊ 
၂။ ကုန်ပစ္စည်းတွေ မန္တလေးမှာဝယ်
နယ်မှာ ပြန်ရောင်းတာ၊
တရုတ်ပြည်ကပစ္စည်းသွင်း
မန္တလေးမှာ ပြန်ဖြန့်တာ၊
၃။ ဆယ်တန်းပြီးတော့ ကျူရှင်သင်တာ၊
၄။ ဖုန်းဆော့ဝဲတွေ ပြင်ပေးတာ၊ 
၅။ ဆေးကုသတာ၊ 
၆။ ဆေးကုမ္ပဏီမှာ product specialist လုပ်တာ
၇။ ဆိုင်ဖွင့်တာ
၈။ မားကတ်တင်းလုပ်တာ
၉။ အချိန်ပိုင်း စီးပွားရေး၊ စီမံခန့်ခွဲမှုစာသင်တာ
၁၀။ ကျောင်းထောင်တာ
၁၁။ သင်တန်းပေးတာ
၁၂။ အကြံပေးတာ
၁၃။ Digital Product Development လုပ်တာ။
အစရှိတာတွေ အများကြီးလုပ်တယ်။ 
၂။ Choose ရွေးချယ်
ဒီပေါ်မူတည်ပြီး ရွေးချယ်မှုပြုလုပ်တယ်။ 
ကိုယ့်ဘဝဖြတ်သန်းမှုတွေမှာ 
တူညီတဲ့ အရာတွေ လိုက်ရှာတယ်။ 
အဲ့မှာ Sales, Marketing အစရှိတဲ့
Communication ပိုင်း ပါတယ်။
Technology နည်းပညာပိုင်းပါတယ်။ 
စီးပွားရေးနဲ့ ပညာရေးပါတယ်။
ဒီတော့ ကိုယ်အာရုံစိုက်တဲ့အပိုင်းက
စီးပွားရေးနဲ့ မားကတ်တင်း၊ 
ပညာရေးနဲ့ နည်းပညာ။ 
ဒါတွေကို အဓိက လုပ်ဖို့ရွေးလိုက်တယ်။
၃။ စူးစိုက် Focus
ဘဝမှာ အခွင့်အလမ်းတိုင်းကို 
“Yes” လို့ ပြောခဲ့တဲ့အချိန်တွေရှိတယ်။
ဘဝမှာ “No” လို့ ပြန်ပြောရမည့်အချိန်တွေရှိတယ်။
မားကတ်တင်းနဲ့ စီးပွားရေးပညာကို
အသေးစိတ်လေ့လာဖို့ 
အသုံးချစိတ်ပညာ၊ 
အတွေးအခေါ်ပညာ၊ 
စာရင်းအင်း၊ 
ဘောဂဗေဒ၊
မဟာဗျူဟာ၊ 
လူရှေ့သူရှေ့ဟောပြောခြင်း၊ 
နည်းပညာ ပလက်ဖောင်းတွေအလုပ်လုပ်ပုံ၊
သင်တန်းပေးခြင်း၊ အကြံပေးခြင်း၊
စွမ်းဆောင်ရည်မြင့်တင်ခြင်း
သူနဲ့ သက်ဆိုင်တဲ့အရာတွေကို 
လေ့လာရပြီ။ 
နောက်ပညာရေးနဲ့ နည်းပညာကိုလုပ်ဆောင်ဖို့
ကိုယ်တိုင်က ပညာတတ်ဖြစ်ဖို့လိုတယ်။ 
ဘွဲ့လွန်ကို စီးပွားရေးပညာနဲ့ပြီးအောင်လုပ်တယ်။
ပညာရေးနဲ့ ဆက်နွယ်တဲ့ လုပ်ငန်း
ကိုယ်တိုင်လုပ်သလို၊
သူနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမှာ 
ရင်းနှီးမြုပ်နှံမှုပြုလုပ်တယ်။ 
နည်းပညာပိုင်းမှာလဲ အလားတူပဲ။
ကိုယ်တိုင်လဲ နည်းပညာကုန်ပစ္စည်းထုတ်တယ်။
တခြားကုမ္ပဏီတွေမှာလဲ 
ရှင်းနှီးမြုပ်နှံမှုပြုတယ်။ 
ဘဝက ရိုးရိုးရှင်းရှင်းလေးပဲ။ 
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေဖို့
Search, Choose, Focus
ဒီသုံးဆင့်က ကျွန်တော့်ဘဝတည်ဆောက်ရေးမှာ
တော်တော်လေး အထောက်အကူပြုခဲ့တယ်။
တခြားသူတွေအတွက်လဲ
အထောက်အကူပြုမယ်လို့ယူဆတဲ့အတွက်
မျှဝေပေးလိုက်ပါတယ်။ 
Phyo Paing @ Derek